အဲဟ်လေ့ဘိုက်(သ) သတင်းဌာန ၊ အဗ်နာ
==============================
Philipine1ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ မိုးသည်းထန်ပြီးနောက် ရေကြီးမှုနဲ့ ကြုံတွေ့နေရပါတယ်။ အပူပိုင်း မုန်တိုင်းဟာ နိုင်ငံမြောက်ပိုင်းဒေသကို ၀င်ရောက်ခဲ့ပြီးနောက် ကျောင်းတွေ၊ အစိုးရရုံးတွေလည်း စက်တင်ဘာလ ၁၉ ရက်နေ့မှာ ပိတ်ခဲ့ရပါတယ်။
အနိမ့်ပိုင်းမှာ နေထိုင်ကြတဲ့ ပြည်သူ ထောင်ပေါင်းများစွာဟာလည်း အမြင်ပိုင်းကို ပြောင်းရွှေ့ခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
နိုင်ငံတ၀ှမ်းမှာ လူပေါင်း ၄ သောင်းလောက်ကို ကယ်တင်ခဲ့ရတယ်လို့ ကယ်ဆယ်ရေး အဖွဲ့က ပြောပါတယ်။
မုန်တိုင်းဟာ စက်တင်ဘာလ ၁၉ ရက်နေ့ နှောင်းပိုင်းမှာ အနောက်မြောက်ပိုင်း မရွေ့လျားခင် အထိ ပြည်တွင်း လေကြောင်းလိုင်း ၄၀ နဲ့ နိုင်ငံ တကာလေကြောင်းလိုင်း ၃ ခုကို ဖျက်သိမ်းခဲ့ရသလို တချို့ လေကြောင်းလိုင်းတွေကို လမ်းကြောင်း ပြောင်းခဲ့ရပါတယ်။ ဖိလစ်ပိုင်ဟာ နှစ်စဉ် တိုက်ဖွန်မုန်တိုင်း အကြိမ် ၂၀ လောက် ကြုံရတဲ့ နိုင်ငံ ဖြစ်ပါတယ်။