အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ညီလာခံကျင်းပရသည့် ရည်ရွယ်ချက်များ နှင့်ဆက်လျဉ်းပြီး ညီလာခံ ၏ အထွေထွေ အတွင်းရေးမှူး မှ အစိရင်ခံစာ ဖတ်ကြားပြီးနောက် ((အစွန်းရောက် နှင့် သက္က်ဖီးရီ တို့၏ မူလ အရင်းအမြစ် များ ဆိုင်ရာ အစ္စလာမ်မီ အိုလမာ အမြင် ညီလာခံ )) ဖွင့်ပွဲ မိန့်ခွန်း အား ဟဇရသ်အာယာသွလ္လာဟ် အလ်အွဇ်မာ ရှိက်္ခ နာစေရ် မကာရေမ် မို ရှီးရာဇီး မှ မိန့်ကြားခဲ့ပါသည်။ မိန့်ကြားတော်မူသည်မှာ ….
ကျွန်တော်အနေဖြင့် လူကြီးမင်းတို့အားလုံးကြွရောက်လာမှုအား ကြိုဆိုပါတယ်…ဤညီလာခံ တွင် တက်ရောက် နေရာယူပေးမှု အတွက် ခင်ဗျားတို့ အားလုံး ကို ကျေးဇူးတင်ပါတယ် … ယနေ့လက်ရှိ အခြေအနေ မှာ လမ်းလွဲလမ်းမှားရောက်နေသည့် အုပ်စု ရဲ့ လှုပ်ရှားမှုတွေကို စိစစ် ဖို့ အရေးကြီး ပါတယ် … လည်းကောင်း တို့၏ အတွေးအခေါ်များ အမြင်များ ကိုနားလည် သဘောပေါက်ကြပြီး ၎င်းတို့၏ ဇစ်မြစ်ကို ခြောက်သွေ့အောင် (သေအောင်) ပြုလုပ်ရမှာ ဖြစ်ပါတယ် …
ဟဇရသ်အာယာသွလ္လာဟ် အလ်အွဇ်မာ ရှိက်္ခ နာစေရ် မကာရေမ် မို ရှီးရာဇီး မှ အစ္စလာမ် ကမ္ဘာလောကတွင် သက်္ကဖီးရီတို့၏ ကြောက်မက်ဖွယ် ရာဇဝတ်မှု များကိုကျူးလွန်နေသည်ကို ကြားသိနေရသည် ဖက်သို့ အရိပ်အရောင်ပြဆိုပြီး ဆက်လက်မိန့်သည်မှာ - ကျွန်ုတို့တွေ ဘယ်အချိန် အထိ ၎င်းတို့၏ (လူမဆန်သည့်)လုပ်ရပ်များ ကို လက်ဗိုက် ကြည့် နေကြမှာလဲ ခင်ဗျား ….
ဆက်လက်မိန့်ဆိုသည်မှာ - ကျွန်တော်တို့တွေ ယနေ့ ဤနေရာ တွင် စုပေါင်း ပြီး အစ္စလာမ် ကမ္ဘာ အတွက် အရေးအကြီးဆုံး ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေး တိုင်ပင်စကားနှီးနှောကြဖို့ ဖြစ်ပါတယ် …သက္က်ဖီးရီတို့၏ လာဒ်မရှိသည့် လုပ်ရပ်များ အတွက် သင့်တင့်လျှောက်ပတ်သည့် လမ်းထုတ်ဖော်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ် …
အစ္စလာမ် ဘာသာဆိုတာ အခြား ဘာသာခြားတွေ အတွက်တောင် အချစ်မေတ္တာ ထားဖို့ သနားကြင်နာ ဖို့ ပြဆို ထားသည့် သာသနာဖြစ်ပါတယ် … ဤလောကီ ရှိ မနုဿလူသား များကို သက္က်ဖီးရီတို့၏ လုပ်ရပ်များ ဟာ အစ္စလာမ် သာသနာတော် နှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း မနွယ်ကြောင်း သက်သေထူပြပေးဖို့ အရေးကြီးပါတယ် … လူငယ် လူရွယ် လိမ်ညာ ဖျားယောင်းခြင်းခံနေရ ပြီး သူတို့နဲ့ ပေါင်းနေပါတယ် … လူငယ်လူရွယ်တွေ ကို ဤအုပ်စုနှင့်ခွဲအောင် ဝေးအောင် လုပ်ဆောင်ဖို့ အရေးကြီးပါတယ် ….ဤ သက္က်ဖီးရီ အုပ်စု ကို စစ်ရေး အရ တော်လှန်တိုက်ထုတ်ဖို့ အရေးကြီးပါတယ် … ဒါပေမဲ့ မလုံလောက်ပါဘူး ….အရေးကြီးတာ က အစ္စလာမ်မီ အိုလမာ တို့ ၏ အကူအညီ ဖြင့် ၎င်းတို့ ၏ အရင်းအမြစ်များ ဇစ်မြစ်များ ကိုခြောက်သွေ့ သွားအောင် (သေသွားအောင်) လုပ်ဖို့ ပါတယ် …
ပြီးနောက် ဟဇရသ်အာယာသွလ္လာဟ် ကြီးအနေဖြင့် အာရဘီ ဘာသာ စကား ဖြင့် မိန့်ကြားလေ၏ ။ မိန့်ခွန်း၏ ဘာသာပြန် စကားပြေ အဓိပ္ပာယ ကောက်နှုတ်ချက်မှာ -
ကျွန်ုပ်တို့ ရည်ရွယ်ချက် သုံးခု ရှိပါတယ် …
ပထမရည်ရွယ်ချက် မှာ ကျွန်တော်တို့ အနေဖြင့် ကမ္ဘာ အစ္စလာမ်မီ အိုလမာ အားလုံးအနေဖြင့် သက္က်ဖီးရီးတို့ ၏လုပ်ရပ်များ ဟာ အစ္စလာမ် ဘာသာနှင့် မည်သို့ မသက်ဆိုင်ကြောင်း အပေါ် အေဂ်ျမာ ရှိကြောင်း တညီတညွတ်တည်းလက်ခံ အတည် ပြုထားကြောင်း ကြေငြာရန် ဖြစ်ပါတယ် …
ဒုတိယရည်ရွယ်ချက် ကတော့ သက္က်ဖီးရီအဖွဲ့ ဝင်သွားသည့် လူငယ်လူရွယ်များ ကို ဂျဟန္နမ်ငရဲမီး မှ ကယ်တင် ပေးရန် ဖြစ်ပါတယ် …ဤ အတွက်အလ္လာဟ် ဟို အရှင်မြတ် မိန့်တော်မူထား သည်မှာ - အကြင်မည်သူ မဆို မည်သည့် မိုမင် ကို မဆို တမင်သက်သက် သတ်ဖြတ် မည်ဆိုလျင် ထိုသူ သည် ဂျဟန္နမ် ငရဲဘုံ မှာ ထာဝရ နေရမှာ ဖြစ်ချေ၏။
တတိယရည်ရွယ်ချက် ကတော့ အချင်းချင်း စုပေါင်း၍ ဆွေးနွေး စကားဆို ကြရန် ဖြစ်ပါသည်။အပြန် အလှန် ဆွေးနွေးမှု ဖြင့် မွတ်စလင်မ် အွန်မသ်တစ်ခုလုံး ကိုဤ ကဒ်ဆိုးကြီးမှ လွတ်မြောက်ဖို့ လမ်း ဖော်ထုတ်ဖို့ ကြိုးစား ရန် ဖြစ်ပါတယ် …
ကျွန်တော်တို့ အနေဖြင့် ဤအရေးကြီး ကိစ္စ အတွက် အခြေခံ အုတ်မြစ် သုံးခု ကိုနှလုံးသွင်းဖို့ လိုပါတယ် ….ဤ အခြေခံ အုတ်မြတ်၏ သတ်မှတ် စည်း ကို မကျော် မိဖို့ လိုပါတယ် …
ပထမ အခြေခံ အုတ်မြစ် ကတော့ အစွန်းရောက် ဘာသာရေး နှင့် နိုင်ငံရေး ဆိုင်ရာ ကိစ္စ အမျိုးမျိုး မှ ရှောင် ကြဉ်ရန် ဖြစ်ပါတယ် ..
ဒုတိယ အခြေခံ အုတ်မြစ် ကတော့ မဇ်ဟဗ်ဘီဆိုင်ရာ သဘောထား အကွဲအလွဲများ ကို တင်ပြ သည့် ကိစ္စ မပြုလုပ်ခြင်း ယုတ်စွ စကားတစ်ခွန်းပင်ဖြစ်ပါစေ မဆိုမိဖို့ ရှောင်ရှားကြရန် ဖြစ်ပါတယ် …
တတိယ အခြေခံ အုတ်မြစ် ကတော့အစ္စလာမ်မီ မဇ်ဟဗ်အားလုံး ကို ရိုသေ လေးစား ကြရန်ဖြစ်ပါ တယ် …
ပြီးနောက် သက်္ကဖီးရီ လှုပ်ရှားမှုများကြောင့် ဖြစ်ပေါ်နေသည့် အန္တရာယ်များ ဖက်သို့ ရည်ညွန်း၍ အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမ် မို ရှီးရာဇီး မှ မိန့်ဆိုသည်ကား -
ဝမ်းနည်းလေစွ … ဤသက္က်ဖီးရီ အုပ်စုများ ၏ လုပ်ရပ်တွေ က အစ္စလာမ်ရန်သူများ ကို အစ္စလာမ် ဘာသာဆိုတာ ရက်စက်ညှဉ်းပန်းတဲ့ဘာသာ ၊ အစွန်းရောက် တယူးသန်ဘာသာ ၊ အကြမ်းဖက် မှု ကို အားပေးသည့် ဘာသာ အဖြစ်သို့ ရောက်အောင် လုပ်ခဲ့ကြတယ်....
========================================================
အစွန်းရောက် နှင့် သက္က်ဖီးရီ တို့၏ မူလ အရင်းအမြစ် များ ဆိုင်ရာ ညီလာခံ ဖွင့်ပွဲ တွင် အာယာသွလ္လာဟ် မကာရေမ် ရှီးရာဇီး ၏ မိန့်ခွန်း
လိမ်ညာ လှည့်ဖျားခံ နေရသည့် လူငယ် လူရွယ် များ ကို သက္က်ဖီးရီ တို့နှင့် ခွဲ ထားနိုင်ရန် အရေးကြီး
၂၃ နိုဝင်ဘာ ၂၀၁၄ - ၁၉:၅၇
News ID: 653451
အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမ် မို ရှီးရာဇီး အနေဖြင့် ဒါအေရှ် (ခ) IS အဖွဲ့အသုံးပြုနေသည့် အမည် (( အီရတ် နှင့်ဆီးရီးယား တွင် အစ္စလာမ်မီ အစိုးရ )) ဆိုသည့် ပတ်သက်ပြီး မိန့်ကြားတော်မူသည်မှာ ဒါအေရှ် (ခ) IS သည် အစိုးရ မဟုတ်သလို ၊ အစ္စလာမ်မီ လည်း မဟုတ် ဟုမိန့်လေ၏။ဒါတောင်မှလည်း အစ္စလာမ် ရန်သူများ အနေဖြင့် ဤ ဒါအေရှ် (ခ) IS အမည်ကို ခဏခဏ ကြေငြာပြီး အစ္စလာမ် သာသနာတော် ကို အမည် ဖျက်နေကြပါသည်ဟု အာယာသွလ္လာဟ်ကြီးမှ မိန့်ထားလေ၏။