၂၈ နိုဝင်ဘာ ၂၀၁၄ - ၀၆:၃၃
အလာမာ ရှိက်္ခ နဝါဇ် အေရ်ဖါနီ သက္က်ဖီးရီ လက်ချက်ကြောင့် ရှဟီးဒ်ဖြစ် / အစ္စလာမ်အာပါဒ်မြို့

ပါကစ္စတန် နိုင်ငံ အစ္စလာမ် အာပါဒ်မြို့ တွင် အကျော်အမော် သာသနာ့ပညာရှင် တစ်ပါးဖြစ်သည့် ဟွဂ်ျဂျသွလ် အစ္စလာမ် အလာမာ ရှိက်္ခ နဝါဇ်အေရ်ဖါနီ ကို အမည်မသိ လူရမ်းကား များက သေနတ်ဖြင့် ပစ်ခတ် ၍ ရှဟီးဒ် ပြုခဲ့ကြပါသည်။

 
အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ပါကစ္စတန် နိုင်ငံ  ပါရာဂျနာ ၏ မရ်ကဇ်ဇီ ရှေ့ ဆောင် ဆရာ ၊အေမာမ်မေ ဂျွန်မာဖြစ်သူ  သာသနာ့ပညာရှင် တစ်ပါးဖြစ်သည့် ဟွဂ်ျဂျသွလ် အစ္စလာမ် အလာမာ ရှိက်္ခ နဝါဇ်အေရ်ဖါနီ ကို အမည်မသိ လူများက အစ္စလာမ် အာပါဒ်မြို့  တွင် သေနတ်ဖြင့် ပစ်ခတ် ၍ ရှဟီးဒ် ပြုခဲ့ကြပါသည်။


မဂျလစ်စေဝဲဟ်ဒသ် ကကြေငြာချက်ထုတ်ပြန်သည်မှာ - ဤ ရာဇဝတ်ကျူးလွန်သူများ လူသတ်သမား များကို ၁၂နာရီ အတွင်း ဖမ်းဆီးချုပ်နှောင်ခြင်းမပြုပါက တနိုင်ငံလုံး အတိုင်းအတာ နှင့် ဆန္ဒပြ သပိတ်မှောက်မည် ဟု ကြေငြာချက်ထုတ်ထားလေသည်။
တဖက်မှလည်း ရှီအာ အိုလမာကောင်စီမှ ရာဇဝတ်သား လူသတ်သမားများကို ဖမ်းဆီးအပြစ်ပေးဖို့ တောင်းဆိုထားပါသည်။


ပါရာဂျနာ ၏ မရ်ကဇ်ဇီ မစ်စဂျစ်ဒ် (ဗလီ) ၏ ဓမ္မကတိက အကျော်အမော် သာသနာ့ပညာရှင်  အလာမာ ရှိက်္ခ နဝါဇ်အေရ်ဖါနီ အား အစ္စလာမ် အာပါဒ်မြို့   ရှိ ဂျီ၁၁ နေရာ တွင် ညအချိန် ၉နာရီ ၃၀မိနစ် တွင် အမည်မသိ လူရမ်းကား သက္က်ဖီးရီ များက အလာမာ ၏ လက်နှင့်ရင်ပတ်ကို ပစ်မှတ်ထားပြီး ပစ်ခတ် ရှဟီးဒ် ပြုခဲ့ကြလေသည်။


ဤသာသနာ ပညာရှင်၏ ရုပ်ကလပ်အား ပို့စ်မော်ဒန် လုပ်ရန် PIMS ဆေးရုံးသို့  ပို့ဆောင်ခဲ့ကြပါ သည်။


မဂျလစ်စေဝဲဟ်ဒသ် ၏ အထွေအထွေ အတွင်းရေးမှူးချုပ် အလာမာ နာစေရ် အဘာစ် အနေဖြင့်  အလာမာ ရှိက်္ခ နဝါဇ်အေရ်ဖါနီ လုပ်ကြံ သတ်ဖြတ်ခံရမှု ကို ပြစ်တင်ရှုံ့ ချပြီး ပြောကြားသည်မှာ - သာသနာ ပညာရှင်တစ်ပါးကို နိုင်ငံ၏ မြို့  တော်မှာ လူရမ်းကား အဖျက်သမား ၊သူပုန်များက သေနတ်နှင့်ပစ်သတ် နိုင်မှု ဟာ အစိုးရ ၏ အောင်မြင်စွာ မအုပ်ချုပ် နိုင်မှု ကို ထင်ရှားစွာ သက်သေ ထူနေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။


 ဆက်လက်ပြီး ၎င်းမှ ပြောကြား ကြေငြာသည်မှာ - ရာဇဝတ်ကျူးလွန်သူများ လူသတ်သမား များကို ၁၂နာရီ အတွင်း ဖမ်းဆီးချုပ်နှောင်ခြင်းမပြုပါက တနိုင်ငံလုံး အတိုင်းအတာ နှင့် ဆန္ဒပြ သပိတ်မှောက်မည် ဟုလည်း  ပြောကြားခဲ့ပါသည်။


အခြားတဖက်ရှိ ရှီအာ အိုလမာကောင်စီ ဥက္ကဋ္ဌ အလာမာဆရက်ဒ် စာဂျစ်ဒ်နကဝီ ကလည်း ရှဟီးဒ် အလာမာ ရှိက်္ခ နဝါဇ်အေရ်ဖါနီ ၏ ရှဟာဒသ် အတွက် အပြင်းအထန်း ပစ်တင်ရှုံ့ ချပြီး ရှဟီးဒ် ၏ ကျန်ရစ်သူများ ကို သည်းခံတရား လက်ကိုင်ထားဖို့နှင့် ဤလုပ်ကြံသတ်ဖြတ်မှု ဟာ မွတ်စလင်မ် အချင်းချင်း ခိုက်ရန်ဖြစ်ပွား ပြဿနာတက်စေဖို့ ပြုလုပ်ရာ ဖြစ်၍ အချင်းချင်း (ရှီအာ+စွန်နီ) သွေးနီးကြဖို့ သွေးစည်းကြဖို့ ပြောကြားခဲ့ပါသည်။


==========================================