အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
============
အလ္လာဟ်ဟို အရှင်မြတ် သခင်သည် အန်ဗီယာ (အ.စ) နှင့်အောင်စီယာ (အ.စ) ၏ ဇေယာရသ် ပြုရန် တိုက်တွန်း ခဲ့ပါသည်။ အကြောင်းမှာ၎င်း အန်ဗီယာ (အ.စ) နှင့်အောင်စီယာ (အ.စ) တို့၏ ဘဝ တည် ဆောက်ပုံကို နမူနာအဖြစ် တည်ဆောက်နိုင်ရန် ဖြစ်ပါသည်။
ဇေယာရသ်ပြုသည့်မိုမေနီ၊မိုမေနသ်များ အနေဖြင့် အေမာမ် ဟိုစိုင်း(န) (အ.စ)၏ ရှဟာဒသ် နှင့် ကုရ်ဗာနီ ကိုသာအောက်မေ့ ရမည်မဟုတ်ချေ၊ ၎င်း အပြင် နမာဇ် ၊ဟေဂျာဗ် ၊မိမိနာဖ်စ်ကိုပြုပြင်တည်းမတ်ခြင်း၊ ခွင့်လွတ်ပေးခြင်း ၊အနွံအတာခံခြင်း နှင့်သည်းခံခြင်း ၊ ယဉ်ကျေးသိမ်မွေ့ ခြင်း၊နှင့် အားလုံးသော သာသနာဆိုင်ရာ ဖွာဇီလသ်များ ကို အောက်မေ့ရမည် ဖြစ်ပါသည်။ထို့မှသာ ဇေယာရသ် သည် စိတ်ဓာတ် ကိုပဲပင်ထိန်းသိမ်းပေးမှု အတွက် ကောင်းသည့်ခြေလှမ်းဖြစ်ပေမည်။
ဇေယာရသ် ပြုခြင်း၏ အဆင့်အတန်းသည် အေမာမ် အလီ(အ.စ) ၏ သင်ကြား၊ပဲ့ပင်ပေးမှု အောက်တွင် ထိုင်နေရခြင်းသကဲ့သို့ပင် ဖြစ်ပါသည်။
ဇေယာရသ်ပြုသည့်မိုမေနီ၊မိုမေနသ်များ၏ ဇေယာရသ် မေအ်ရာဂ်ျ ဖြစ်ရန် အတွက် နမာဇ်ကို ပထမဆုံးနမာဇ် ဝတ်ပြုရမည့်အချိန်တွင် ဝတ်ပြုပါလေ။ထိုအချိန်တွင် အခြားမည်သည့် အလုပ်များကို လုံးဝ မပြုလုပ်ပါနှင့် ။
သူတပါးကိုသောက၊ဒုက္ခဖြစ်အောင် ပြုခြင်း သည် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ရန်သူများ ၏ လမ်းစဉ် ဖြစ်ပါသည်။ဤအတွက်ကြောင့် တစ်ဦးနှင့် တစ်ဦး သောက၊ဒုက္ခဖြစ်အောင်မပြုလုပ်မိစေ ရန် ရှောင်ရှား ရပေမည်။
အလ္လာဟ်ဟို အရှင်မြတ်သခင်အနေဖြင့် အေမာမ်၁၂ပါး (အ.စ) ၏ သွန်သင်၊သင်ကြားပို့ချမှုကို အတိအကျ လက်တွေ့ အကောင်အထည် ဖော်ပြပြီး မိမိ၏ မှန်ကန်မှု အတွက် သက်သေထူပြနိုင်ရန် အသင်တို့ ၏နှလုံးသားတွင်ဇေယာရသ် ပြုရန်နှစ်သက် မြတ်နိုးမှု ကို ထည့်သွင်းပေးသနားတော်မှုခြင်း ဖြစ်ပါသည်။
==================================