၁၉ ဒီဇင်ဘာ ၂၀၁၄ - ၂၁:၄၄
ဆော်ဒီ အာရေဗီးယား  နိုင်ငံ တွင် ကျဲဟ်လွန်မ် အဇါဒါရီ စံချိန်ချိုး + ဓာတ်ပုံများ

သတင်းအထောက်အထားများ အရ ဤနှစ် ကျဲဟ်လွန်မ် အဇါဒါရီ တွင် ဆော်ဒီ အာရေဗီးယား ရှီအာများ မှ စံချိန်ချိုး သည့် အထိ ပါဝင် တက်ရောက်ခဲ့ ကြပါသည်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

======================


ဆော်ဒီ အာရေဗီးယား  နိုင်ငံ၏ အရှေ့  ဖက် ရှိ ကသီးဖ်မြို့  နှင့် အလ်အဝါမီယေမြို့  တွင် ယခုနှစ် အေမာမ် မဇ်လူမ် အေမာမ်ဟိုစိုင်း(န) (အ.စ) ၏ ကျဲဟ်လွန်မ် အဇါဒါရီ အား ထောင်ပေါင်းများစွာ သော် ရှီအာ များမှ လမ်းများပေါ် သို့ထွက်လာကြပြီး အလံထွက် အဇါဒါရီ ပြုခဲ့ကြပါသည်။


သတင်းအထောက်အထားများ အရ ဤနှစ် ကျဲဟ်လွန်မ် အဇါဒါရီ တွင် ဆော်ဒီ အာရေဗီးယား  ရှီအာများ မှ စံချိန်ချိုး သည့် အထိ ပါဝင် တက်ရောက်ခဲ့ ကြပါသည်။
သတင်း ဌာနများ ၏ မှတ်ချက် အရ ဤနှစ် မဟော်ရမ် လ၏ အာရှုရာနေ့တွင် ဖြစ်ပေါ် ခဲ့သည့် အလ်   အဟ်စာ အဖြစ်အပျက် ကြောင့် ယခုနှစ် ကျဲဟ်လွန်မ် တွင် တက်ရောက်ပါဝင်သူများ ၏ အရေအတွက်မှာ ပြီးခဲ့ သည့် နှစ်ထက် အဆပေါင်း အမြောက်အများ ရှိနေပေသည်။


ယခုနှစ် မဟော်ရမ် လ၏ အာရှုရာနေ့တွင် ဆော်ဒီ ကြေးစား လုံခြုံရေး ဝဟာဘီတပ်များက အလ်      အဟ်စာ ဒေသရှိ အလ်ဒါဝဟ် ရပ်ကွက်ရှိ အလ်မွတ်စ်တဖွာ (ဆွ) အမည်ရှိ အေမာမ်ဘာရာ တွင် မဂျလစ်ကျင်းပနေစဉ် ဝင်ရောက် တိုက်ခိုက် စော်ကားခဲ့ရာ အဇါဒါရီ ပြုလုပ်သူ ၈ဦး ရှဟီးဒ် ဖြစ်ခဲ့ပြီး အယောက်၃၀ ထိခိုက် ဒဏ်ရာရခဲ့ပါသည်။