၂၈ ဒီဇင်ဘာ ၂၀၁၄ - ၂၀:၄၁
 စေပါယေ ဆွာဟာဗဟ်(လ.န) လက်ချက် ကြောင့် ကရာချီမြို့ တွင် ရှီအာ တစ်ဦး ရှဟီးဒ် တစ်ဦး ဒဏ်ရာ ရ

ပါကစ္စတန် နိုင်ငံ ကရာချီမြို့ ရှိ အဇီးဇ်အာဗါဒ် ရပ်ကွက်တွင် ရှီအာ ညီအစ်ကို မိုမင်နှစ်ဦးမှ မိမိတို့ ဈေးဆိုင်များတွင် အလုပ်လုပ်နေကြစဉ် စေပါယေဆွာဟာဗဟ်(လ.န) အဖွဲ့ဝင် များမှ ၎င်းတို့အား သေနတ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တစ်ဦးမှာ ရှဟီးဒ်ဖြစ်သွားပြီး ကျန် တစ်ဦး မှာ ဒဏ်ရာ ရခဲ့ရပါသည်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

======================

ပါကစ္စတန် နိုင်ငံ ကရာချီမြို့    တွင်ပြီး ခဲ့သည့်ဒီဇင်ဘာလ ၁၉ရက်နေ့ည ၉နာရီ၃၀မိနစ် ခန့်တွင် စေပါ ယေ ဆွာဟာဗဟ်(လ.န) အဖွဲ့ဝင် များမှ (အဒ်ဒနန်) နှင့် (အေမ်ရာန်) အမည်ရှိ ရှီအာ ညီအစ်ကို မိုမင်နှစ်ဦးအား မိမိတို့၏ ဆိုင်များတွင် လုပ်ငန်း ဝင်နေစဉ် သေနတ်နှင့် ပစ်ခတ်ထဲ့ ခြင်း ဖြစ်ပါသည်။

ဤ ရှီအာ ညီအစ်ကို မိုမင်နှစ်ဦးသည် ပါကစ္စတန် နိုင်ငံ ကရာချီမြို့ ရှိ အဇီးဇ်အာဗါဒ် ရပ်ကွက်တွင် မိမိတို့ ဈေးဆိုင်များတွင် အလုပ်လုပ်နေကြစဉ် စေပါယေဆွာဟာဗဟ်(လ.န) အဖွဲ့ဝင် များမှ ၎င်းတို့အား သေနတ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တစ်ဦးမှာ ရှဟီးဒ်ဖြစ်သွားပြီး ကျန် တစ်ဦး မှာ ပြင်းထန်စွာ ဒဏ်ရာ ရခဲ့ရပါသည်။

အနီးအနားရှိ သူများမှ သေနတ်သံများ ကြားပြီး နောက် အခင်း ဖြစ်ပွားခဲ့သည့် နေရာသို့ သွား ရောက်ခဲ့ကြ ပြီး ဒဏ်ရာ ရ ရှီအာ ညီအစ်ကို မိုမင်နှစ်ဦး အား အနီးဆုံး ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြ ပါသည်။

ကရာချီမြို့ ရှိ အဗ်နာ သတင်းထောက်၏ သတင်း ပေးပို့ချက်အရ အခင်းဖြစ်ပွား ပြီးနောက် ၂နာရီ ကြာပြီး (အဒ်ဒနန်) သည် ရှဟီးဒ် ဘွဲ့ ကို ခံယူသွားခဲ့ပါသည်။  (အေမ်ရာန်) ၏ အခြေအနေ ကိုလည်း စိုး ရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း သိခဲ့ရပါသည်။

 

တဖက် တွင်လည်း Mustang မြို့  တွင်ပြီးခဲ့သည့် ည ဒီဇင်ဘာလ ၁၈ ရက်နေ့ တွင် ခိုရ်ရှစ် အဲဟ်မဒ် အမည်ရှိ လူ တစ်ဦးအား စေပါ ယေ ဆွာဟာဗဟ်(လ.န) အဖွဲ့ဝင် များမှ သေနတ်နှင့် ပစ်သတ်ခဲ့ကြ လေသည်။

မှတ်ထားရမည့် အချက်မှာ ပါကစ္စတန်  နိုင်ငံတွင်  အကြမ်းဖက် အစွန်းရောက်မှုများ ဖြစ်ပေါ် နေသည် မှာ မည်သို့မျှ လျော့ကျသွားခြင်းမရှိချေ။ ဒီဇင်ဘာလ ၁၈ ရက်နေ့ ကလည်း အကြမ်းဖက် အစွန်းရောက် သူ ၂ဦး အားကြိုမိန့် ပေးခဲ့ကြလေသည်။