အဲဟ်လေ့ဘိုက်(သ)(အ.စ) သတင်းဌာန ၊ အဗ်နာ
======================
မရ်ဂျများမှ တစ်ပါးဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ရှိက်္ခ နူးရီဟမ်ဒါနီ အနေဖြင့်ဒီဇင်ဘာလ ၂၂ရက်နေ့ တွင် မိန့်ကြားခဲ့သည်မှာ - ယနေ့ခေတ်ကာလ အချိန်ကြီးတွင် အမေရိကန် ၊ ဆိုက်ယူနစ် (အစ္စရေး) အစိုးရ နှင့် အာရှ အရှေ့ အလယ်ပိုင်းရှိ အချို့ နိုင်ငံများ မှ ဒေသတလျှောက် တွင် အစ္စလာမ်မီ အစိုးရ (အီရန်အစိုး) ၏ ဆန်ကျင့်ဖက် လှည့်ကွက် ညာကွက် အမျိုးမျိုး ကို ဆောင်ရွက်လှုပ်ရှားနေကြပါတယ်။
ဤ အတွက်ကြောင့် ကျွန်ုပ်တို့ အနေဖြင့် ရန်သူများ ၏ သိမ်ဖျင်းယုတ်ညံ့၊စက်ဆုပ်ရွံရှာဖွယ်ကောင်း သည့် လှည့်ကွက် ညာ ကွက်များနှင့် ပတ်သက်ပြီး အမြဲတစေ သတိရှိနေဖို့ ၊အသိရှိနေဖို့ လို အပ်ပါတယ်။
ဆက်လက်ပြီးမိန့်ကြားသည်မှာ - ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၏ အစ္စလာမ်မီ စည်းစနစ် ဥပဒေ ဟာ တရားမျှတသည့် ဖကီးဟ် (သာသနာ့ဓမ္မသတ်ပညာရှင် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ ) ၏ အုပ်ထိန်းမှုအောက်တွင် ရှိပြီး ၊၎င်း၏လမ်းညွန်း မှုကြောင့် တိုးတက် ဖွံ့ဖြိုးလာပြီး တိုးတက်ဖွံ့ဖြိုးမှု လမ်းကြောင်းပေါ် တွင် ရှိနေပါတယ် ။ (အစ္စလာမ့်) ရန်သူ အနေ ဖြင့် ဤ (အစ္စလာမ်မီ) စည်းစနစ် ဥပဒေကို ဖျက်စီးဖို့ ကြိုးပမ်းနေပါတယ်။
ဤ အတွက်ကြောင့် ရန်သူများ၏ လှည့်ကွက် ညာ ကွက်များအားလုံး ကို မအောင်မြင် အောင် လုပ် ဖို့လိုပါတယ် ...အကြောင်းသည်ကား လောကရှိ (မွတ်စလင်မ်) အနိုင်ခံနေသူများ၊ဆင်းရဲသား လူတန်း စား အားလုံး ၏ မျှော်လင့်ချက်သည် အစ္စလာမ်မီ အစိုးရ (အီရန်အစိုး) အပေါ်တွင် ရှိနေသည့် အတွက်ကြောင့် ဖြစ်ပါတယ် ။