အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ယနေ့ ကွမ်းမြို့ တော်မှ ထောင်ပေါင်းများစွ သော ပြည်သူလူထု မှ အီရန် သက္ကရာဇ် ၁၃၆၅ ခုနှစ် ၊ဒဲလ် လ၁၉ ရက် ၊ ခရစ် သက္ကရာဇ် အား ဖြင့် ၁၉၇၇ ခုနှစ် ဇန်နဝါရီ လ ၉ရက်နေ့ တွင် ဖြစ်ပေါ်ခဲ့သည့် ကွမ်းမြို့ သူ၊မြို့ သား များ ၏ တော်လှန် ရေး အမှတ်တရာ အဖြစ် ရဲဟ်ဗရ် ရေ အင်ကေလာဗ် ဗေ အစ္စလာမ်မီ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ နှင့် တီဟီရန် မြို့ တော် မှာ တွေ့ဆုံ ခဲ့ကြပါသည်။
ရဲဟ်ဗရ် ရေ အင်ကေလာဗ် ဗေ အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေ နာအီ မှ မိမိ၏ မိန့်ခွန်း တွင် မိန့်ကြားသည်မှာ -
ဒဲလ် လ၁၉ ရက်၏ တော်လှန်ရေး ဟာ အီရန် နိုင်ငံ တွင် ပြည်သူလူထု လှုပ်ရှားမှု ၏ စတင်ရာ အစဖြစ် ပါတယ်။ ဤတော်လှန် ရေး ဟာ အီရန်ပြည်သူလူထု ကို မောက်မာ ရက်စက်သည့် အစိုးရ ( ရှားအစိုးရ) အရှေ့ မှ ထွက်ရပ်ဖို့ ပြုခဲ့တာ လည်းဖြစ်ပါတယ် ။ ဤတော်လှန်ရေး ကြောင့် အီရန် နိုင်ငံ တွင် မင်းဆိုး မင်းညစ် ရှား ဘုရင် စနစ် ပြုတ်ရသည့် ရလာဒ် အထိ ရောက်ခဲ့ပါတယ် ။
ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ မှ အစ္စလာမ်မစ်တော်လှန် ရေး ၏ အမှန်တရား ကို ပြောင်းလဲဖို့ ကြိုးစားနေသည့် ရန်သူများ၏ လှုပ်ရှား ကြိုးပမ်းမှု ကို ရင်ဆိုင် ဖို့ တိုက်တွန်း ဟော ပြောမိန့်ကြားခဲ့ပါသည် ။
၁၃၆၅ ခုနှစ် ၊ဒဲလ် လ၁၉ ရက် နှင့် ၁၃၈၈ ခုနှစ် ၊ဒဲလ် လ၉ ရက် လို အစ္စလာမ်မီ တော် လှန်ရေး ၏ ကြီးကျယ်ပြီး ၊ နဖူးစာပြောင်း အဖြစ်အပျက်များကို မေ့ လျော့ ဖို့ လုပ်ခဲ့တာ ခင်ဗျား တို့ တွေ အသိပါဘဲ ၊ ဒါပေမဲ့ အီရန်ပြည် သူ လူထု အသက်ရှင်နေသမျှ ကာလပတ်လုံး ဤကဲ့သို့ အဖြစ်မျိုး ရောက်မည် မဟုတ်ပါဘူး ။
ရဲဟ်ဗရ် ရေ အင်ကေလာဗ် ဗေ အစ္စလာမ်မီ မှ ဆက်လက်ပြီး ပြည်ပ အင်အားကြီး နိုင်ငံများ နှင့် သိက္ခာ အကျခံ ၊အရှက်မဲ့ ခံပြီး ဆက်သွယ်မှု ကို ပဲလဝီး အစိုးရ ( ရှားဘုရင် အစိုးရ) ၏ လက္ခဏာ များ မှ တစ်ခု အဖြစ် သတ် မှတ် ခဲ့ပါသည်။ ဆက်လက်ပြီး မိန့်ကြားသည်မှာ -
အီရန် နိုင်ငံ နှင့် အစ္စလာမ်မီ တော်လှန် ကို အမေရိကန်များ အနေဖြင့် ရန် ငြိုးထား ရခြင်း၏ အကြောင်းမှာ အီရန် ၏ သေနင်္ဂဗျူဟာ အခြေအနေ နှင့် ဂုဏ်အရည် သွေးများ ပိုင်ဆိုင်ထားသည့် နိုင်ငံဟာ အစ္စလာမ်မီ တော်လှန်ရေး ၏ အောင်ပွဲ ခံမှု ကြောင့် ၎င်း တို့ လက်မှ စွန့်လွတ် လိုက်ရသည့် အတွက်ကြောင့် ဖြစ်ပါတယ်။
ရဲဟ်ဗရ် ရေ အင်ကေလာဗ် ဗေ အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေ နာအီမှ ပြည်သူလူထု အချင်းချင်း သွေးစည်းမှု ကို ပြည်ထောင်စု အစ္စလာမ် မစ် အီရန် အတွက် ယနေ့ အရေး အကြီးတကာ အရေးကြီဆုံး လုပ်အပ်မှု အဖြစ် သတ်မှတ်ခဲ့ပါသည်။မိန့်ကြားသည်မှာ -
မည်သည့် ခေါင်းစဉ် ကြောင့် ဖြစ်စေ ၊ အကြောင်းပြချက်ကြောင့် ဖြစ်စေ ၊ နိုင်ငံသူ နိုင်ငံသားများ အကြား စည်းလုံးရေးကို ဖျက်စီး အောင် လုပ်ဆောင်ခြင်း ဟာ ပြည်သူလူထု ၏ အကျိုး အမြတ်များ နှင့် ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ၏ ရည်ရွယ်ချက်များ နှင့် ရည်းမှန်းချက်များ ၏ ဆန်ကျင့်ဖက် ဖြစ် တယ်လို့ ရဲဟ်ဗရ် မှ မိန့် ကြားခဲ့ပါသည်။
ရဲဟ်ဗရ် ရေ အင်ကေလာဗ် ဗေ အစ္စလာမ်မီ မှ အီရန် ဆိုင်ရာ ရက်စက် ညှဉ်းပန်းသည့် စီးပွားရေး ပိတ်စို့ မှုများ ဖက်သို့ ရည်ညွန်းပြီး မိန့်ကြားသည်မှာ -
အစိုးရ နှင့် ပြည်သူလူထု အနေဖြင့် ရန်သူဖက်မှ စီးပွားရေး ပိတ်စို့ မှုများကို ပယ်ရှားပေးရန် စည်းကမ်းချက် အဖြစ် အစ္စလာမ်အတွက် ၊ ကိုယ်ပိုင်အုပ်ချုပ်ရေး နှင့် ပညာရပ်ဆိုင်ရာ တိုးတက်မှုများကို ထိခိုက် ဟန်တား လာမည့် အရာများ ကို တောင်းဆို လာမည် ဆိုလျှင် လက်ခံမည် မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။
ရဲဟ်ဗရ် ရေ အင်ကေလာဗ် ဗေ အစ္စလာမ်မီ မှ ရန်သူများ ၏ အင်အား ကို အားနည်း မှု ပြသရန် အတွက် နည်းလမ်းတစ်ခု တည်း သည်ကား အီရန် နိုင်ငံ အနေဖြင့် ၎င်းတို့၏ စီးပွားရေး ပိတ်စို့မှုများ၏ အာနိသင် ကို ထိန်းချုပ် နိုင်ရမည် လမ်းသာ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး အစိုးရ အာဏာ ပိုင်များ အနေဖြင့် ပြည်ပ ကို မှီခို အားထားမှု မပြုရန် လိုအပ်ကြောင်း မိန့်လေ၏။
အစိုးရ အာဏာ ပိုင်များ အနေဖြင့် သိထားရမည့် အချက်မှာ ၊ ယုတ်စွ အဆုံး နောက်တစ်လှမ်း ဆုတ်ခြင်း သည်လည်းဘဲ ရန်သူအတွက် အတွက် တစ်လှမ်းတက်ဖို့ အကြောင်းခံ ဖြစ် လာသည်ဆိုသည့် အချက်ဘဲ ဖြစ်ပါတယ် ၊ ဤ အတွက် ကြောင့် ရန်သူဖက် မှ စီးပွားရေး ပိတ်စို့မှု ကို မဖျက်သိမ်းလည်း ပြည်သူလူထု ၏ တိုးတက်မှု နှင့် အဆင်ပြေ သက်တောင့် သက်သာ ရှိမှု တွင် ပျက်စီးမှု မပေါ် ပေါက်လာဖို့ တစ်ခုခု လုပ်နိုင်ဖို့ လို ကြောင်းကို မိန့်ခဲ့ပါတယ်။
ဆက်လက်ပြီး အမေရိကန် အာဏာပိုင် အချို့ မှ ၎င်းတို့ ၏ မိန့်ခွန်းများတွင် ပြောကြားခဲ့သည် ကို မိန့် လေ၏ ။ အမေရိကန် အာဏာပိုင် အချို့ မှ အရှက်မဲ့ စွာဖြင့် အကယ်၍ အီရန် အနေဖြင့် နျူးကလီးယား ကိစ္စ အတွက် နောက်ဆုတ် ရပ်တန့် ပေးခဲ့မည်ဆိုရင်လည်း စီးပွားရေး ပိတ်စို့ မှု အားလုံးကို တပြိုင်တည်း ပယ်ဖျက်ပေးမည် မဟုတ်သေးကြောင်း ပြောခဲ့ပါတယ် ။ ဒါလည်းဘဲ ခင်ဗျားတို့ ဒီ ရန်သူ အပေါ် အယုံ အကြည် ရှိကြသေးလား ခင်ဗျား?
ကျွန်တော် စေ့စပ်ညှိနှိုင်း မှု ဆိုင်ရာ အစည်း အဝေး ကို ဆန်ကျင့် သူ မဟုတ်ပါဘူး ၊ သို့သော် ဤကိစ္စ အတွက် အမှန်တရား၊တကယ်ဖြစ်ပေါ် မှု နှင့် မျှော်လင့်ချက်ပေးနိုင်သည့် အချက်များ ဖက်သို့ ဂရုပြု ဂရုရှိ ဖို့ တော့ လိုအပ်ပါတယ်၊ အီရန် ပြည်သူလူထု အပေါ် နယ်ချဲ့ ဝါဒီ တွေ၏ ရန်ငြိုး ဟာ ကုန်ခမ်း မှာ မဟုတ်ပါဘူး ၊ အစိုးရ တာဝန်ခံ အာဏာ ပိုင်များ အနေဖြင့် ပြည်တွင်း အရည်အချင်းများ ကို အသုံးချပြီး ယုံကြည်လို့ မရတဲ့ ရန်သူတွေ၏ စီးပွားရေး ပိတ်စို့မှုများ ကို ဖြိုခွဲ တိုက်ထုတ် နိုင်ဖို့ လိုပါတယ် ၊ ဤကိစ္စ အတွက် လုပ်ဆောင်မှု ပေးနိုင်သည့် ပြည်သူလူထု နှင့် ပြည်တွင်း အရည် အချင်း များ ကိုလည်း အားကိုးအားထားပြုဖို့ လိုပါတယ်။
ရဲဟ်ဗရ် ရေ အင်ကေလာဗ် ဗေ အစ္စလာမ်မီ အနေဖြင့် အီရန် နိုင်ငံ ၏ အနာဂတ် ကို ထွန်းလင်းတောက်ပ မည် ဖြစ်ကြောင်း ဟောကြားပြီး ၊ ကျွန်ုပ်တို့ နိုင်ငံ ရဲ့လူငယ်လူရွယ်တွေ ဟာ ၎င်းတို့ ရှေ့ မှ ရက်စက်ညှဉ်းပန်း၊ ၊မာနထောင်လွှားသည့်ရန်သူများ ဟာ ဒူးထောက် ဖို့ အတွက် မဖြစ်မနေ အခြေ အနေသို့ ရောက်တာ ကို တွေ့ရပါလိမ့်မယ်။