၁၀ ဇန်နဝါရီ ၂၀၁၅ - ၀၅:၀၂
အမေရိကန်တွင် အစွန်းရောက်   သက္က်ဖီးရီ အစ္စလာမ် ခုတုံးလုပ် ဗလီဆရာတဦးကို ထောင်ဒဏ် တသက်တကျွန်း ချမှတ်

အမေရိကန်နို်င်ငံ နယူးယောက်မြို့က အစွန်းရောက် သက္က်ဖီးရီ အစ္စလာမ် ခုတုံးလုပ် ရှေ့ဆောင် ဗလီဆရာ တစ်ဦး ဖြစ်သူ အဘူဟမ်ဇာ အယ်လ် မာစရီကို ပြည်ထောင်စုအကြမ်းဖက်မှုစွဲချက်နဲ့ တရားစွဲခဲ့ပြီးနောက် ၈လအကြာ မနေ့က ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်စီရင်လိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ)  (အ.စ) သတင်းဌာန ၊ အဗ်နာ

=================================

         
အမေရိကန်နို်င်ငံ နယူးယောက်မြို့က အစွန်းရောက် သက္က်ဖီးရီ အစ္စလာမ် ခုတုံးလုပ် ရှေ့ဆောင် ဗလီဆရာ တစ်ဦး  ဖြစ်သူ  အဘူဟမ်ဇာ အယ်လ် မာစရီကို ပြည်ထောင်စုအကြမ်းဖက်မှုစွဲချက်နဲ့ တရားစွဲခဲ့ပြီးနောက် ၈လအကြာ မနေ့က ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်စီရင်လိုက်ပါတယ်။

မျက်လုံးတဖက်နဲ့ လက်တဖက်သာရှိသူ အဘူဟမ်ဇာကို ၁၉၉၈ က အနောက်နိုင်ငံသား ခရီးသည်တွေကို ပြန်ပေးဆွဲတဲ့ ယီမင်စစ်သွေးကြွတွေကို င်္ဂြိုဟ်တုဖုန်းနဲ့ အကြံပေးမှု အပြစ်ရှိကြောင်း တွေ့ရှိခဲ့တာပါ။

စစ်သွေးကြွသင်တန်းစခန်း တည်ထောင်ဖို့ အိုရီဂွန်ပြည်နယ်ကို သူ့နောက်လိုက် ၂ ယောက်ကို လွှတ်ခဲ့တယ်လို့လည်း  စီရင်ချက်ချခံရပါတယ်။

ဒါ့အပြင် အမေရိကန်ကို ဆန့်ကျင်တဲ့ အယ်လ်ကိုင်းဒါးနဲ့ တာလီဘန်တွေကို ကူညီဖို့ အာဖဂန်နစ်စတန်ကို လုပ်ဖော်ကိုင်ဖက်တွေကို စေလွှတ်ခဲ့ပါတယ်။

အသက် ၅၆ နှစ်အရွယ် အဘူဟမ်ဇာဟာ ဖင်စ်ဘာရီပါ့ခ် ဗလီမှာ လူထုဆူပူအုံကြွအောင်လှုံ့ဆော်တဲ့ မိန့်ခွန်းပြောမှုအတွက် လန်ဒန်မှာ နာမည်ဆိုးနဲ့ကျော်ကြား ခဲ့တာပါ။ မရှိတဲ့ ညာဘက်လက်အတွက် ချိတ်ကောက်တခု တပ်ဆင်သုံးစွဲနေသူလဲ ဖြစ်ပါတယ်။

အခုလို အစ္စလာမ်ခုတုံး လုပ် အစ္စလာမ် အတုတွေ ကြောင့် ကမ္ဘာ့ အလယ်မှာ ငြိမ်းချမ်းသည့် အစ္စလာမ် သာသနာတော်  အား အကြမ်းဖက် သာသနာ အဖြစ် အစွပ်စွဲ အမည် အဖျက်ခံနေရခြင်းဖြစ်ပါတယ်။ တနည်း အားဖြင့် မြန်မာပြည်က ၉၆၉ ခေါင်းဆောင်  ဦးဝီရသူ လိုမျိုး လူတွေ ပေါ့ဗျား ....