အဲဟ်လေ့ဘိုက်(သ)(အ.စ)သတင်းဌာန ၊ အဗ်နာ
======================
ဂျပန်သတင်းထောက် ၂ ယောက်နဲ့ ဂျော်ဒန်လေယာဉ်မှူးတို့ IS(ခ) ဒါအေရှ် အစ္စလာမ်ခုတုံးလုပ် အကြမ်းဖက်တွေရဲ့ သတ်ဖြတ်ခံခဲ့ရပြီးနောက် လူမဆန်သည့် အဖွဲ့အား ချေမှုန်းရေး ဆုံးဖြတ်ချက်ကို ဂျပန်အောက်လွှတ်တော်ကနေ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ကြောင်း သိရှိရပါသည်။
ဂျပန်နိုင်ငံရဲ့ သြဇာကြီးမားတဲ့ အောက်လွှတ်တော်ကနေ ယနေ့ အတည်ပြုလိုက်ခြင်း ဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံတွေကို လူသားချင်းစာနာတဲ့ အကူအညီတွေ တိုးမြှင့်ပေးရင်း IS(ခ) ဒါအေရှ် အစ္စလာမ်ခုတုံးလုပ် အကြမ်းဖက် အဖွဲ့ ကို နိုင်ငံတကာနဲ့ ပူးတွဲနှိမ်နင်းဖို့ အောက်လွှတ်တော်က ဒီဆုံးဖြတ်ချက်ထဲမှာ အစိုးရကို တိုက်တွန်းလိုက်ခြင်း ဖြစ်ပါသည်။
အစိုးရအနေနဲ့ ပြည်တွင်းနဲ့ ပြည်ပရောက် ဂျပန်လူမျိုးတွေရဲ့ ဘေးကင်းလုံခြုံရေးကို ပိုမိုစိတ်ချရအောင် ကာကွယ်ဆောင်ရွက်ပေးဖို့ ဒီဆုံးဖြတ်ချက်မှာ တောင်းဆိုထားတယ်လို့လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယို ကီရှီဒါက ပြောကြားခဲ့ပါသည်။
IS(ခ) ဒါအေရှ် အစ္စလာမ်ခုတုံးလုပ် အကြမ်းဖက် တွေကို နှိမ်နင်းချေမှုန်းဖို့ ဒီအဆိုဟာ ဖေဖော်ဝါရီလ ၆ ရက် သောကြာနေ့မှာ အထက်လွှတ်တော်က အတည်ပြုပေးဖို့ မျှော်လင့်တယ်လို့ ဂျပန်မီဒီယာတွေက ပြောပါတယ်။
IS(ခ) ဒါအေရှ် အစ္စလာမ်ခုတုံးလုပ် အကြမ်းဖက်တွေ နှင့် စစ်ဆင်နေတဲ့ နိုင်ငံတွေအတွက် စစ်ရေးမဟုတ်တဲ့ အကူအညီ ဒေါ်လာ သန်း ၂၀၀ ကို ပေးမယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကြေညာလိုက်ပြီးနောက်မှာ IS(ခ) ဒါအေရှ် အစ္စလာမ်ခုတုံးလုပ် အကြမ်းဖက် အဖွဲ့ကလည်း သူတို့ဖမ်းမိထားတဲ့ ဂျပန်ဓားစာခံ ၂ ဦးကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တာဖြစ်ပါသည်။
အဲဒီခြိမ်းခြောက်မှုကို ဂျပန်အစိုးရအနေနဲ့ ပယ်ချလိုက်ပြီး သူတို့ရဲ့အကူအညီဟာ လူသားချင်းစာနာတဲ့ ကူညီထောက်ပံ့မှုသာ ဖြစ်တယ်ဆိုပြီး အလေးအနက်ထား ပြောဆိုခဲ့ပါသည်။