အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
=========================
ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံတွင် သီတင်းသုံးနေထိုင်နေကြသည့် ရှီအာ မရ်ဂျာယေ သက္က်လီးဒ် တော်များဖြစ်ကြသည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမနာအီ ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမ် ရှီးရာဇီး၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နူးရ်ရီ ဟမ်ဒါနီ ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျအ်ဖရ်စိုဗဟာနီ ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျဝါဒ် အာမိုလီ ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလဝီဂိုရ်ဂါနီ ၊ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ မဆွာဟေရီ တို့မှ မိမိတို့၏ ဆိုင်ရာဆိုင်ရာ မိုကလစ်များ (နောက်လိုက်များ) ကို ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ၏ (၃၆)ကြိမ် မြောက် အစ္စလာမ်မစ် တော်လှန်ရေး အောင်ပွဲ နေ့ ဖြစ်သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ (ယနေ့) အတွက် ကို အပြည့်အဝ ဝင်ရောက်ချီတက် နေရာ ယူကြရန် တိုက်တွန်း မိန့်ကြားခဲ့ကြပါသည်။
မရ်ဂျာယေ သက္က်လီးဒ် တော်များမှဆက်လက်ပြီး ဤ(၃၆)ကြိမ် မြောက် အစ္စလာမ်မစ် တော်လှန်ရေး အောင်ပွဲ နေ့ အား ရန်သူများအနေဖြင့် မျက်ခြေ၊မပျက်စောင့်ကြည့်နေကြောင်း ၊ပြည်သူလူထု အနေဖြင့် အပြည့်အဝ ဝင်ရောက်ချီတက် နေရာ ယူကြခြင်း ဖြင့် ရန်သူများ၏ မကောင်းကြံနေသည့် အစီအစဉ်များကို မအောင်မြင်အောင်ပြုတာ ဖြစ်ကြောင်း နှင့် (ငြိမ်းချမ်းပြီးအကြမ်းမဖက်သည့် အစ္စလာမ်ခုတုံးမလုပ်သည့်) အစ္စလာမ်မစ်တော်လှန်ရေးကို ထောက်ခံအားပေးကြောင်းကြေငြာ ရာရောက်ပြီး အေမာမ်ခိုမေနီ (ရ.ဟ) နှင့် ကျဆုံးသွားသည့် အာဇာနည်များ နှင့် အသစ် တဖန် သစ္စာဆိုလိုက်သည် မည်ကြောင်း စသည်ဖြင့်မိန့်ကြားခဲ့ကြပါသည်။
……………………………………….