၁၃ မတ် ၂၀၁၅ - ၁၀:၄၇
ချို့  ငဲ့ဆင်းရဲနွမ်းပါးသူများ ကို ကူညီပံ့ပိုးရန် ပတ်ဝန်းကျင် တစ်ခုလုံး၏ သမိုင်းပေးတာဝန် ဖြစ်တယ်

ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ၏ လက်ရှိ အကျော်အမော် ရှီအာ အာလင်မ် ပညာရှင်များမှ တစ်ပါး ဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် မိုဟမ္မဒ် အလီ အလဝီး ဂိုရ်ဂါနီ မှ ချို့ ငဲ့ဆင်းရဲနွမ်းပါးသူများ၏ အခြေအနေကို စိစစ် ခြင်းဟာ ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၏ရည်ရွယ်ချက်များမှ တစ်ခု ဖြစ်ပြီး ချို့ ငဲ့ဆင်းရဲနွမ်းပါးသူများ ကို ကူညီပံ့ပိုးရန် ပတ်ဝန်းကျင် တစ်ခုလုံး၏ သမိုင်းပေးတာဝန် ဖြစ်တယ်လို့ မိန့်ကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံရဲ့ လက်ရှိ အကျော်အမော် ရှီအာ အာလင်မ် ပညာရှင်များမှ တစ်ပါး ဖြစ်ပြီး ကွမ်းသာသနာ့ရွှေမြို့ တော်တွင် သတင်းသုံးနေထိုင်နေတဲ့ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် မိုဟမ္မဒ်အလီ အလဝီး ဂိုရ်ဂါနီ မှ ယခုနှစ် ခရစ်သက္ကရာဇ် ၂၀၁၅ခုနှစ် ရဲ့ မတ်လ ၉ ရက်နေ့ မှာ မိမိသတင်းသုံးနေထိုင်နေတဲ့မြို့ ရှိ ရှီအာ မိုမင်များနှင့်တွေ့ဆုံ ချိန်မှာ ချို့ ငဲ့ဆင်းရဲနွမ်းပါးသူများ ကို ကူညီပံ့ပိုးရန် ပတ်ဝန်းကျင် တစ်ခုလုံး၏တာဝန် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ဆင်းရဲနွမ်းပါးချို့ တဲ့သူများနေထိုင်ဘဝတည်ဆောင်ရန် မသင့်တော် မလျှောက်ပတ်သည့်နေရာ များကို ၎င်းတို့အသုံးမပြုမိစေရန် ပြီးတော့ ၎င်းတို့၏ အခြေအနေ ဘဝကို စိစစ် ကွင်းဆင်းရန် ပတ်ဝန်းကျင်တစ်ခုလုံး ၏ သမိုင်းပေးတာဝန် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ဆက်လက်ပြီး ချို့ ငဲ့ဆင်းရဲနွမ်းပါးသူများ၏ အခြေအနေကို စိစစ် ခြင်းဆိုတာ ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၏ရည်ရွယ်ချက်များမှ တစ်ခုဖြစ်ကြောင်းနှင့် အေမာမ်ခိုမေနီ (ရ.ဟ) အနေဖြင့် ဆင်းရဲနွမ်းပါး အားနည်းသူများကို ပတ်ဝန်းကျင်တွင်နေရာရစေရန် နှင့် အရင်းရှင် စနစ် နယ်ချဲ့ စနစ် ကို ပြုပြင်ပြောင်းလဲ နိုင်ရန် အစ္စလာမ်မစ် တော်လှန်ရေးပြုခဲ့ကြောင်း ဤအတွက်ကြောင့် အစ္စလာမ်မစ် အာဏာပိုင်များအားလုံးနှင့် တာဝန် ရှိပုဂ္ဂိုလ်များမှ ဆင်းရဲနွမ်းပါးသူများကိုကူညီပံ့ပိုးသူများ အနေဖြစ်ရပ်တည် ရမည် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ဆက်လက်ပြီးမိန့်ကြားသည်မှာ - အေမာမ်ခိုမေနီ(ရ.ဟ) ၏ ရည်ရွယ်ချက်တစ်ခုမှာ ဝင်ငွေ အထောက်အပံ့နှင့် ချို့ တဲ့ နွမ်းပါးသူများ၏ ဘဝအတွက်လိုအပ်မှုများ ၊ ရေခွန်နှင့်ဂက်စ်ခွန်များကို ကူညီဆောင်ရွက်ပေးရန် ဖြစ်ကြောင်း ၊သို့သော် ဤ အကူအညီ အထောက်အပံ့ အစီအစဉ်ကို တချို့ ဆင်းရဲနွမ်းပါးချို့ တဲ့သူများ အနေဖြင့် အလွဲသုံးစား ပြုခဲ့ကြကြောင်း မိန့်ကြားခဲ့ပါတယ်။