၁၅ မတ် ၂၀၁၅ - ၁၉:၅၆
ဟဇရသ် အာယာသွလ္လာဟ်ကြီး ဆရက်ဒ် ရူဟာနီ ကျန်းမာရေး အခြေအနေ ပြန်လည်ကောင်းမွန်

အကျော်အမော် ကွမ်းမြို့ တွင် သတင်းသုံးနေထိုင်နေသည့် မရ်ဂျာများမှ တစ်ပါး ဖြစ်ပြီး ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အဗူလ်ကာစင်မ် အလ်ခဝီး (ရ.ဟ) ၏ အထူးတပည့်များမှ တစ်ဦး ဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် ရူဟာနီ ၏ ကျန်းမာရေး အခြေအနေသည် ပြီးခဲ့သည့် အပတ်ထက်စားလျှင်ပိုမိုကောင်းမွန်လာပြီး နေ့နှင့်ည၏ အချိန်အများစု ကို အေဗာဒသ်ပြုခြင်း ၊ ဒိုအာနှင့် ဇေက်ရ် များဖတ်နေခြင်းဖြစ် အသုံးပြုနေ ကြောင်း ကြားသိရပါတယ်။



အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် ဆွာဒစ် ရူဟာနီ ၏ရုံးမှ အဗ်နာ သတင်းဌာန အား ထုတ်ပြန်ပြောကြားသည်မှာ - ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် ဆွာဒစ် ရူဟာနီ သည် စမ်းသပ်မှုများ ၊ ပြည့်ဝသည့်ကုသမှုများခံယူနိုင်ရန် တီဟီရန် မြို့ ရှိ ဆေးရုံးတစ်ခု တွင် ပြီးခဲ့သည့် မတ်လ ၁၁ရက်နေ့ တွင် တက်ရောက်ကုသမှု စတင် ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။
ဤကြေငြာထုတ်ပြန်ချက်တွင် ဆက်လက်ပြီး ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် ဆွာဒစ် ရူဟာနီ အပေါ်အချစ် မေတ္တာထားကြမှု ၊ အာယာသွလ္လာဟ် ကြီး အတွက်ပြည်တွင်းပြည်ပ မှ မိုမင်နီ ၊မိုမေနသ် များ၏ ဒိုအာများတောင်းဆိုခဲ့ကြမှု အထူး သဖြင့် အီရတ်၊ကူဝိတ် ၊ လက်ဘနွန် ၊ ဘာရိန်း ၊ ဆော်ဒီ စသည် နိုင်ငံ များ နေ ရှီအာ မွတ်စလင်မ် များ ကို ကျေးဇူးတင် ရှိကြောင်း ပြောကြားခဲ့ပါတယ်။
ထိုနောက် အာယာသွလ္လာဟ်ကြီး၏ ကျန်းမာရေး အခြေအနေသည် ပြီးခဲ့သည့် အပတ်ထက်စားလျှင်ပိုမို ကောင်းမွန်လာပြီး နေ့နှင့်ည၏ အချိန်အများစု ကို အေဗာဒသ်ပြုခြင်း ၊ ဒိုအာနှင့် ဇေက်ရ် များဖတ်နေခြင်း ဖြစ် အသုံးပြုနေ ကြောင်း ကြားသိရပါတယ်။
အာယာသွလ္လာဟ်ကြီး၏ ရုံးဖက်မှ ထပ်မံပြီး ဟဇရသ် အာယာသွလ္လာဟ် ကြီး ၏ကျန်းမာရေး အတွက် နေ့စဉ်နေ့တိုင်း နံနက် ၁၀နာရီခွဲ အချိန်တွင် ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၏ ကွမ်းမြို့ ရှိ အေမာမ် ဆွာဒစ် (အ.စ) အေမာမ် ဘာရာ တွင် ဒိုအာယေ သဝါစိုလ် ၊ ဟဒီးစ် စေ ကေစာ ၊ ဇေယာရသ်သေ အာရှုရာ များကိုပညာရှင်များ ၊သာသနာ့ကျောင်းသားများ ၊ အာယာသွလ္လာဟ်ကြီးကို လိုလားချစ်ခင်ကြသူများ အနေဖြင့် စုပေါင်း ဖတ်ရွတ်ခဲ့ကြကြောင်း ပြောကြားခဲ့ပါတယ်။
ထိုနည်းတူစွာ ကြေငြာချက် ကို အဆုံးသတ်၍ ဟဇရသ် အာယာသွလ္လာဟ်ကြီးသည် အလ္လာဟ် ဟို အရှင်မြတ်၏ ကျေးဇူးတော် ၊ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ဂရုပြုမှု ၊မိုမေနီ မိုနသ်များ၏ ကောင်းမြတ်သည့် ဒိုအာတွေ ကြောင်း အပြည့်အဝ ကျန်းမာလာပြီး ဆေးရုံးမှဆင်းကာ ၎င်း၏ ပညာရပ်များဆိုင်ရာ လှုပ်ရှား မှုများကို ဆက်လက် လှုပ်ရှား သွားနိုင်မည် ဟုမျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
မြန်မာပြည် တွင်နေထိုင်သည့် မွတ်စလင်မ်များ ရှီအာ များ အနေဖြင့်လည်းစစ်မှန်ပြီး ငြိမ်းချမ်းသည့် အစ္စလာမ် သာသနာကို အမှန်တကယ် ရုပ်လုံးဖော်ခဲ့ဖော်ပေးနေကြသည့် အာယာသွလ္လာဟ်ကြီးများ ၊အာလင်မ်ကြီးများ ၊ အိုလမာ ၏ အသက်ရာကျော် ရှည် ပြီး ကျန်းမာ စွာ ခေသ်မသ်သေဒီးန်ပြုနိုင်ရန် ဒိုအာများ ပြုပေးကြဖို့ အဗ်နာ သတင်းဌာန မှ အထူးမေတ္တာ ရပ်ခံအပ်ပါတယ်။
===========================