အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
နှစ်အတော်အကြာကပင် ကွမ်းမြို့ တွင် သတင်းသုံးနေထိုင်နေသည့် မရ်ဂျာယေ သက္က်လီးဒ် တော်များ မှ တစ်ချို့ သည် ဟဇရသ် အမီးရွလ် မိုမေနီးအလီ (အ.စ) ၏ ရှဟာဒသ်နေ့ ၊ ဟဇရသ် ဖွာသွေမာ ဇဲဟ်ရာ(စ.အ) ၏ ရှဟာဒသ်နေ့၊ဟဇရသ် အေမာမ် ဂျအ်ဖရ် ဆွာဒစ် (အ.စ) ၏ ရှဟာဒသ်နေ့ တို့တွင် ထွက်ရှိသည့်အဇါဒါရီ အလံထွက် အစီအစဉ်များ တွင် ဝင်ရောက်နေရာယူခဲ့ကြပြီး အဇါဒါရီ ပြုခဲ့ကြပါတယ်။
ယခုနှစ် တွင်လည်း ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစာန်နီ ရုံး နှင့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ စာဖီဂိုလ်ဗိုင်ဂန်နီ ရုံးတို့မှာ သခင်မကြီး ဟဇရသ် ဖွာသွေမာ ဇဲဟ်ရာ(စ.အ) ၏ ရှဟာဒသ်နေ့ တွင် အဇါဒါရီ အလံထွက်ချိန်တွင် မရ်ဂျာ ၂ပါး အနေဖြင့်ဝင်ရောက်နေရာယူ အဇါဒါရီ ပြုကြမည် ဖြစ်ကြောင်း အသီးသီး ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစာန်နီ
အဇါဒါရီ အလံထွက်မည့် အစီအစဉ်မှာ ဂျမာဒီယိုစ်စာနီလ ၃ရက်နေ့ လာမည့် အပတ် အင်္ဂါနေ့ ၊မတ်လ ၂၄ရက်နေ့ ၂၀၁၅ခုနှစ်ဖြစ်ပြီး ဒေသစံတော်ချိန် မနက် ၁၀နာရီ ဖြစ်ပါတယ် ။
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစာန်နီ ရုံးတွင် မဂျစ်တစ်ခု ကိုကျင်းပမည် ဖြစ်ပြီး မဂျလစ်ပြီးလျင်ပြီးခြင်း အဇါဒါရီ အလံထွက်မည် ဖြစ်ပါတယ်။ သခင်မကြီး ဟဇရသ် ဖွာသွေမာ ဇဲဟ်ရာ(စ.အ) အပေါ် အချစ် ထားသည့် မိုမေနီ များမှ မာတမ်လုပ် ၊နောင်ဟာ များဖတ်သွားက ရောင်ဇာယေ ဟဇရသ် ဖွာတွေမာ မာစူမာ ကွမ်း (စ.အ) အထိ အလံထွက်ကြမည် ဖြစ်ပါတယ် ။ ဒီ အလံလှည့် အုပ်စုထဲမှာ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစာန်နီ ကိုယ်တိုင် ခြေလျင်ပါဝင်ပြီး မာတမ်နှင့်အဇါဒါရီ လုပ်မှာ ဖြစ်ပါတယ်။