၂၄ မတ် ၂၀၁၅ - ၁၂:၃၉
ယနေ့  အကျော် အမော် မရ်ဂျာ ၂ပါး မှ ခြေလျင်လျှောက် အဇါဒါရီ ပြု / ဓာတ်ပုံများ

အကျော် အမော် မရ်ဂျာ ၂ပါးဖြစ်ကြသည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစာန်နီ နှင့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ စာဖီဂိုလ်ဗိုင်ဂန်နီ တို့မှာ ယနေ့လို ကြရောက်လာသည့် သခင်မကြီး ဟဇရသ် ဖွာသွေမာ ဇဲဟ်ရာ(စ.အ) ၏ရှဟာဒသ်နေ့ အချိန်အခါတွင် သန့်ရှင်းစင်ကြယ် သည့် ခေတ်ကာလ ၏ အေမာမ် ၊အေမာမ်မေဇမာန်း(အ.ဂျ) သခင်အား ပိုရ်စာ ပေးရန် အဇါဒါရီပြု အုပ်စုကြီးနှင့်အတူ မိမိတို့တည်ရှိရာ ရုံးများမှ ရောင်ဇာယေ ဟဇရသ် ဖွာတွေမာ မာစူမာ ကွမ်း (စ.အ) အထိ ခြေလျင်လျှောက် အဇါဒါရီ ပြုခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ


အကျော် အမော် မရ်ဂျာ ၂ပါးဖြစ်ကြသည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစာန်နီ နှင့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ စာဖီဂိုလ်ဗိုင်ဂန်နီ တို့မှာ ယနေ့လို ကြရောက်လာသည့် သခင်မကြီး ဟဇရသ် ဖွာသွေမာ ဇဲဟ်ရာ(စ.အ) ၏ရှဟာဒသ်နေ့ အချိန်အခါတွင် ခြေလျင်လျှောက် အဇါဒါရီ ပြုခဲ့ကြပါတယ်။


မရ်ဂျာကြီး ၂ပါး အနေဖြင့် မိမိတို့၏ နေအိမ်လည်းဖြစ်ရုံးလည်း ဖြစ်သည့် နေရာမှ စတင်ထွက်ခွာ အဇါဒါရီ ပြုရင်း ရောင်ဇာယေ ဟဇရသ် ဖွာတွေမာ မာစူမာ ကွမ်း (စ.အ) နေရာအထိ ခြေလျင်လျှောက် အဇါဒါရီ ပြုလာခဲ့ကြပါတယ်။


ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစာန်နီ မှ ပူဆွေးဝမ်းနည်းကြေကွဲနေသည့် ဂျမာအသ်ကြီး၊ နောင်ဟာဖတ် သူများ၊မာတမ်ပြုသူများ နှင့်အတူ ရှိုဟဒါလမ်းမကြီးမှ စတင်ထွက် ခွာလာပြီး အဲရာမ် လမ်းမကြီးတလျှောက် နောင်ဟာဖတ် မာတမ်ပြုလာပြီး ရောင်ဇာယေ ဟဇရသ် ဖွာတွေမာ မာစူမာ ကွမ်း (စ.အ) အထိ ဆိုက်ရောက်လာပါတယ်။


ထိုနည်းတူစွာ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ စာဖီဂိုလ်ဗိုင်ဂန်နီ မှ လည်း ပူဆွေးဝမ်းနည်း ကြေကွဲနေသည့် ဂျမာအသ်ကြီး၊ နောင်ဟာဖတ် သူများ၊မာတမ်ပြုသူများ နှင့်အတူ အင်ကေလာဗ်လမ်း မကြီးမှ စတင်ထွက် ခွာလာပြီး၎င်း လမ်းမကြီးတလျှောက် နောင်ဟာဖတ် မာတမ်ပြုလာပြီး ရောင်ဇာ ယေ ဟဇရသ် ဖွာတွေမာ မာစူမာ ကွမ်း (စ.အ) အထိဆိုက်ရောက် လာပါတယ်။


မှတ်သားစရာ အချက် မှာ နှစ်အတော်အကြာကပင် ကွမ်းမြို့ တွင် သတင်းသုံးနေထိုင်နေသည့် မရ်ဂျာယေ သက္က်လီးဒ် တော်များ မှ တစ်ချို့ သည် ဟဇရသ် အမီးရွလ် မိုမေနီးအလီ (အ.စ) ၏ ရှဟာဒသ်နေ့ ၊ ဟဇရသ် ဖွာသွေမာ ဇဲဟ်ရာ(စ.အ) ၏ ရှဟာဒသ်နေ့၊ဟဇရသ် အေမာမ် ဂျအ်ဖရ် ဆွာဒစ် (အ.စ) ၏ ရှဟာဒသ်နေ့ တို့တွင် ထွက်ရှိသည့်အဇါဒါရီ အလံထွက် အစီအစဉ်များ တွင် ဝင်ရောက်နေရာယူခဲ့ကြပြီး အဇါဒါရီ ပြုခဲ့ကြပါတယ်။


===========================================

Tags