အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
အလ်အာလန်မ်သတင်းဌာန၏ သတင်းထုတ်ပြန်ချက်အရ ဆော်ဒီ အစိုးရ စစ်တပ် မှ တိုက်လေယာဉ်များကို ယီမင်နိုင်ငံ ၏ မြို့ များ သို့စေလွတ် ပြီး ကျူးကျော် တိုက်ခိုက်မှု ကို ပြုခဲ့စေပါတယ်။ ဆော်ဒီနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံ ပါဝင်နေပါတယ်။ ၅နိုင်ငံ ကတော့ ပါရှန်းပင်လယ်ကွေ့ က နိုင်ငံတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ပါရှန်းပင်လယ်ကွေ့ က နိုင်ငံတွေထဲမှာ အိုမန်နိုင်ငံတော့ မပါဝင်ကြောင်းသိရပါတယ်။
ဒီလူမဆန်တဲ့ အုပ်စု ဟာ မတ်လ ၂၅ရက် ဗုဒ္ဓဟူးနေ့ ည ဒေသစံတော်ချိန် ၁၂ကနေစ ပြီး လေကြောင်းနဲ့ တိုက်ခိုက်မှုကို စတင်ခဲ့ပါတယ်။ အဓိကအားဖြင့် ယမင်နိုင်ငံ ဆန်နအာ မြို့ ကိုပစ်မှတ်ထားတိုက်ခိုက်ပြီး အခြား မြို့ များ ကို လည်း တိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကြောင့် ကလေးအပါအဝင် ယီမင် အရပ်သား များ သေဆုံးခဲ့ပြီး အချို့ ဒဏ်ရာ ရခဲ့ပါတယ်။
ယီမင် သတင်းဌာန၏ ကြေငြာချက်အရ ဤကျူးကျော်စစ်မှာ ယူအေအီး နိုင်ငံ ဖက်ကနေ တိုက်လေယာဉ် အစီး ၃၀ ၊ ကူဝိတ် နိုင်ငံဖက်မှ ၁၅စီး ၊အနောက်နိုင်ငံဖက်မှ ၆စီး ၊ပြီးနောက် အီဂျစ်နဲ့ ပါကစ္စတန် စစ်သင်္ဘော တွေ ပါဝင်ကြောင်းကြေငြာချက်ထုတ်ထားပါတယ်။ မတရားလိုက်တာ … ရှီအာဆိုလို ဝိုင်းဆော်နေကြတယ်။
ဆက်လက်ပြီး ယီမင် သတင်းဌာန၏ ကြေငြာချက်အရ ဆော်ဒီ အစိုးရ စစ်တပ် မှ အင်အား ၁သိန်းခွဲ (လေ၊ရေ ၊ထောက်ပံ့ရေး ) ရှိ စစ်တပ်ကို သုံးပြီး ဝင်ရောက် ကျူးကျော် တိုက်ခိုက် လာကြောင်း ထုတ်ပြန်ကြေငြာ ထားပါတယ်။
ဆက်လက်ပြီး ဂျော်ဒန် နိုင်ငံ နဲ့ ဆူဒန် နိုင်ငံတို့မှလည်း မိမိတို့၏တိုက်လေယာဉ် များကို ဝဟာဘီ မင်းဆိုးမင်းယုတ် အုပ်ချုပ်တဲ့ ဆော်ဒီ နိုင်ငံ ဖက်မှ ကူတိုက်ဖို့ လွတ်ပေးမည် ဖြစ်ကြောင်း ကြေငြချက် ထုတ်ထားပါတယ်။
တရားမျှတမှုကိုလိုလားသူတိုင်းနဲ့ ရှီအာ မွတ်စလင်မ် မှန်သူတိုင်း ဤမတရားစစ်ကြီးကို အမြန်ဆုံး ပြီးဆုံးသွားရန် ဆုတောင်းဒိုအာပြုကြဖို့ လေးစားစွာမေတ္တာရပ်ခံအပ်ပါတယ်
==========================