အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
မြောက်ကိုရီးယားဘက်က ဖမ်းထားတဲ့သူ ၂ ယောက်ကို ပြန်လွှတ်ပေးဖို့ တောင်ကိုရီးယားအစိုးရက မတ် ၂၇ ရက် ဒီနေ့မှာ တောင်းဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားအစိုးရ နိုင်ငံတော်လုံခြုံရေးဌာနက တောင်ကိုရီးယား သူလျို ၂ ယောက်ကို ၂၀၁၄ ခုနှစ်မှာ ဖမ်းခဲ့တယ်လို့ ပြီးခဲ့တဲ့ မတ် ၂၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ကြေညာ ခဲ့တာပါ။
ကင်မ်ကွတ်ဂိကို သတင်းအချက်အလက် ဖလှယ်နေတုန်း စက်တင်ဘာလက ဖမ်းခဲ့တာ ဖြစ်ပြီး ချိုးချွမ်ဂီးလ်ကိုတော့ မြောက်ကိုရီးယားနိုင်ငံတွင်း တရားမဝင် ဝင်ရောက်လာချိန်မှာ ဖမ်းခဲ့တာလို့ သတင်းစာရှင်းလင်းပွဲ ရုပ်သံထဲမှာ ပြောပါတယ်။
သူလျှိုလုပ်မှုကို မြောက်ကိုရီးယားနိုင်ငံတော်လုံခြုံရေးဌာန အရာရှိတယောက်က ပြစ်တင် ရှုတ်ချပြီး ဒါဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာလို့ ပြောပါတယ်။ သူလျှို ၂ ယောက်ကိုလည်း သတင်းစာရှင်းလင်းပွဲဆီ ခေါ်လာပြီး သူတို့ရဲ့ သူလျှိုလှုပ်ရှားမှုတွေကို လူသိရှင်ကြား ဝန်ခံခိုင်းခဲ့ပါတယ်။
ခရစ်ယာန်သင်းအုပ်ဆရာလုပ်ခဲ့သူ ကင်မ်ကတော့ ဘာသာရေးနာမည် တပ်ပြီး မြောက်ကိုရီးယား ဆန့်ကျင်ရေးလုပ်ငန်းတွေ ကာလကြာရှည် လုပ်ခဲ့တယ်လို့ ဝန်ခံပါတယ်။
တရားမဝင် ပြည်တွင်းခိုးဝင်မှုနဲ့အဖမ်းခံရတဲ့ ချိုးကတော့ မြောက်ကိုရီးယား ဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေနဲ့ ညစ်ညမ်းရုပ်သံတွေ ပါတဲ့ စီဒီပြားတွေကို ဖြန့်ချီခဲ့တယ်လို့ ဝန်ခံပါတယ်။
=============================================