၁၂ ဧပြီ ၂၀၁၅ - ၀၄:၃၉
နစ်မြုပ်ရုရှားသင်္ဘောမှ မြန်မာများ ဧပြီ ၁၅ ရက် နေရပ်ပြန်မည်

ရုရှားငါးဖမ်းသဘောင်္ နစ်မြုပ်ရာမှာ အသက်မသေဘဲ ကျန်ရစ်နေတဲ့ မြန်မာအလုပ်သမား ၂၂ ဦးဟာ ရုရှားနိုင်ငံ ဆာခါလင်းမြို့ကနေ မြန်မာနိုင်ငံကို ဧပြီ ၁၅ ရက်နေ့ ပြန်ခွင့်ရပြီ ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ


ရုရှားငါးဖမ်းသဘောင်္ နစ်မြုပ်ရာမှာ အသက်မသေဘဲ ကျန်ရစ်နေတဲ့ မြန်မာအလုပ်သမား ၂၂ ဦးဟာ ရုရှားနိုင်ငံ ဆာခါလင်းမြို့ကနေ မြန်မာနိုင်ငံကို ဧပြီ ၁၅ ရက်နေ့ ပြန်ခွင့်ရပြီ ဖြစ်ပါတယ်။

သင်္ဘောနစ်မြုပ်ရာမှာ သေဆုံးသွားတဲ့ မြန်မာအလုပ်သမား ၁၆ ဦးရဲ့ ရုပ်အလောင်းတွေကိုလည်း လေယာဉ်တစီးနဲ့ ရန်ကုန်ကို ပြန်လည်သယ်ယူဖို့ စီစဉ်နေတယ်လို့ ရုရှားနိုင်ငံ မြန်မာသံရုံးရဲ့ အင်တာနက် စာမျက်နှာမှာ ရေးသားထားပါတယ်။

သဘောင်္သား ၁၃၀ ကျော်ပါဝင်တဲ့ ရုရှားငါဖမ်းသင်္ဘော ဒဲလ်နီ ဗော့စ်တော့ဟာ ဧပြီ ၂ ရက်နေ့က ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်း အိုခေါ့ရှပင်လယ်ထဲမှာ နစ်မြုပ်သွားခဲ့တာပါ။

သင်္ဘောပေါ်မှာ မြန်မာသင်္ဘောသား ၄၂ ယောက် လိုက်ပါသွားခဲ့ပြီး အသက် ရှင်သူ ၂၂ ယောက်၊ သေဆုံးသူ ၁၆ ယောက်နဲ့ ၄ ယောက်မှာ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

သေဆုံးသူတွေအတွက် ရုရှားအလုပ်သမားဝန်ကြီးဌာနက မြန်မာငွေ သိန်း ၂၀၀ နဲ့ ညီမျှတဲ့ ရုရှားရူဘယ်ငွေ ၁ သန်းစီ ကူညီထောက်ပံ့မယ်လို့ ပြောဆိုထားပါတယ်။

မြန်မာသင်္ဘောသားတွေကို ငါးဖမ်းသမားလုပ်ရမယ်လို့ မပြောဘဲ စေလွှတ်ခဲ့တဲ့ ရန်ကုန်အခြေစိုက် ကုမဏီ ၅ ခုကိုလည်း လိုင်စင်သိမ်းယူခံထားရသလို တရားမ၀င် ခေါ်ယူတဲ့ ရုရှားသင်္ဘောလိုင်း အရေးယူ ခံရထားပါတယ်။