၁၈ ဧပြီ ၂၀၁၅ - ၀၈:၁၀
အေဇက်သိုဒ်ဒေါက်ရ်ရီ ဆဒမ် ဟိုစိန် လက်ထောက် ဆွလာဟွဒ်ဒီး(န) ပြည်နယ်တွင် အသတ် ခံရ + ဓာတ်ပုံ

အီရတ် နိုင်ငံ ၏ အာဏာရှင်ဟောင်း ဆဒမ် ဟိုစိန် ၏ ပထမ လက်ထောက် မနေ့က သောကြာနေ့တွင် ဆွလာဟွဒ်ဒီး(န) ပြည်နယ်တွင် အသတ် ခံလိုက်ပါတယ်။



အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ဆွလာဟွဒ်ဒီး(န) ပြည်နယ်၏ မြို့ ဝန်မင်း ရဟေဒ် ဒိုလ်ဂျိုဗူရီ မှ ကြောငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ အီရတ် နိုင်ငံ ဆွလာဟွဒ်ဒီး(န) ပြည်နယ်တွင် အီရတ်ပြည်သူ့ တပ်မတော် နှင့် အစွန်းရောက် သူပုန်များ အကြား တိုက်ပွဲ များ ဖြစ်ပွားခဲ့ရာ အေဇက်သိုဒ်ဒေါက်ရ်ရီ ဆဒမ် ဟိုစိန် လက်ထောက် ပြည်သူတပ်မတော် လက်ချက်ဖြင့် ဇီဝိန်ချုပ်ခဲ့ရပါတယ်။
မြို့ ဝန်မှ ဆက်လက်ပြောကြားခဲ့ပါတယ်။ အေဇက် အီဗရာဟီးမ် အဒ် ဒေါက်ရ်ရီ ဟာဆွလာဟွဒ်ဒီး(န) ပြည်နယ်ရှိ ဟိုမရိန်းဒေသ တွင် ဇီဝိန်ချုပ်ခဲ့ တာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
သောကြာနေ့ ထုတ် အီရတ် သတင်းဌာန ဆူမရ်ယေနယူးစ် မှ ရဟေဒ် ဒိုလ်ဂျိုဗူရီ၏ ထုတ်ပြန်ချက်ကို ကိုးကားပြီးရေးသားထားပါတယ် ။ အီရတ်တပ်မတော် အနေဖြင့် ဟိုမရိန်းဒေသ ရှိ အစွန်းရောက်သူပုန်များကို ရှင်းလင်း သုတ်သင်ချိန် အေဇက် အီဗရာဟီးမ် အဒ် ဒေါက်ရ်ရီလည်း ဇီဝိန်ချုပ် သွားရခြင်း ဖြစတယ်လို့ ဆိုထားပါတယ်။
အီရတ်ရုပ်မြင်သံကြားမှလည်း မြို့ ဝန် ရဟေဒ် ဒိုလ်ဂျိုဗူရီ၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး အစီရင်ခံစာ တစ်ခု ကို ထုတ်လွှင့်ခဲ့ပါတယ်။
အီရတ် နိုင်ငံ ဆွလာဟွဒ်ဒီး(န) ပြည်နယ်တွင် အီရတ်ပြည်သူ့တပ်မတော် နှင့် အစွန်းရောက် သူပုန်များ အကြား တိုက်ပွဲ များ ဖြစ်ပွားခဲ့ရာ အေဇက်သိုဒ်ဒေါက်ရ်ရီ ဆဒမ် ဟိုစိန် လက်ထောက် ပြည်သူတပ်မတော် လက်ချက်ဖြင့် ဇီဝိန်ချုပ်ခဲ့ရပါတယ်။ သက်သေအထောက်အထား အဖြင့် ဆူမရ်ယေနယူးစ် မှ အသတ်ခံ၊ ဇီဝန်ချုပ် သွားသူ အေဇက် အီဗရာဟီးမ် အဒ် ဒေါက်ရ်ရီ ၏ အလောင်း ဓာတ်ပုံကို ထုတ်ပြန်ပြသခဲ့ပါတယ်။
ဆွလာဟွဒ်ဒီး(န) ပြည်နယ်၏ မြို့ ဝန်မင်းအနေဖြင့် အီရတ် အာဏာရှင်ဟောင်း ဆဒမ် ၏ အရေးကြီး သူ ၂ ယောက် ဇီဝိန်ချုပ် သွားသည့် ကိစ္စ ကို အီရန်ပြည်သူ များ အတွက် အလွန်ကြီးမားတဲ့ အောင်မြင်မှု နှင့် အစွန်းရောက်သူပုန်များ အတွက် လေးထန်တဲ့ ဆုံးရှုံးမှု ဖြစ်ကြောင်းသတ်မှတ်ပြီး ပြောကြားခဲ့ပါတယ်။
သောကြာနေ့တွင် အလ်အေလ်မ်ဆိုတဲ့ ဒေသကို အစွန်းရောက်သူပုန်များက အသေခံ ပြီး မော်တော်ယာဉ်ဖြင့် ဗုံးခွဲ မည် အစီအစဉ်ရှိ ကြောင်း သိရှိတဲ့ သတင်းရခဲ့ကြောင်း ဆွလာဟွဒ်ဒီး(န) ပြည်နယ်၏ မြို့ ဝန်မင်း မှ ပြောကြားခဲ့ပါတယ် ။ ဒီသတင်း ကို ဒေသတိုင်ရာ လုံခြုံရေးတပ်မတော် နှင့်ပြည်သူ့ တပ်မတော် အကြား လည်း ရောက်ရှိခဲ့ပါတယ်။ဒီ အစွန်းရောက်သူပုန်တွေ ရဲ့ရှေ့ ဆက် ပစ်မှတ်ကတော့ ဟိုမရိန်းဒေသ ဖြစ်ပါတယ်။
အစွန်းရောက် သူပုန် ၃ဦးကတော့ ဗုံးခွဲမှုနဲ့အတူ သေဆုံးသွားပြီး ကျန် သူတွေ ကတော့ ပစ်သတ်ခံခဲ့ရပါတယ်။ ပစ်သတ်ခံခဲ့ရတဲ့ အလောင်း ၉လောင်းထဲမှာ တစ်လောင်းကတော့ အေဇက်သိုဒ်ဒေါက်ရ်ရီ ဆဒမ် ဟိုစိန် လက်ထောက်ပဲ ဖြစ်ပါတယ်။ သက်ဆိုင်ရာအရာရှိများမှ အရေးကြီးမေးမြန်းမှုများ စိစစ်မှုများပြုလုပ် ပြီးနောက် အေဇက်သိုဒ်ဒေါက်ရ်ရီ ဆဒမ် ဟိုစိန် လက်ထောက် သေဆုံးတာ မှန်ကန်ကြောင်း ထောက်ခံခဲ့ကြပါတယ်။
ဆွလာဟွဒ်ဒီး(န) ပြည်နယ်၏ မြို့ ဝန်မင်းအနေဖြင့် အဇက်သိုဒ်ဒေါက်ရ်ရီ နဲ့ ၎င်း အဖွဲ့ နှင့်ပတ်သက်ပြီး မေးခွန်းများကို ဖြေကြား ပြောကြားခဲ့ပါတယ်။ ဒီအစွန်းရောက်သူပုန်အုပ်စု ဟာ အစွန်းရောက်သောင်းကြမ်းသူ သူပုန် စစ်သွေးကြွအုပ်စုဖြစ်ပြီး IS အဖွဲ့ဝင် အုပ်စု တစ်ခု ဖြစ်ကြောင်း ၊ အလ်အေလ်မ် ဒေသရှိ လုံခြုံရေး တပ်မတော်၏ ဌာနများကို တိုက်ခိုက်ဖို့ အစီအစဉ်လုပ်ထားတဲ့ အုပ်စု ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ရဟေဒ် ဒိုလ်ဂျိုဗူရီ မှ အေဇက်သိုဒ်ဒေါက်ရ်ရီရဲ့ အကွက် များနဲ့ ပတ်သက်ပြီးပြောကြားခဲ့ပါတယ်။ အေဇက်သိုဒ် ဒေါက်ရ်ရီ သေသွားတာ အင်မတန်ကြီးမးတဲ့ အောင်မြင်မှု တစ်ခုဆိုတာ ကျနော်တို့ အားလုံးအသိပါပဲ လေ။ ကျနော်တို့ တပ်မတော်သားများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ အခြေအနေ ၏တိုးတက်မှု ကိုလည်း ဖြစ်စေခဲ့ပါ တယ်။ဒီအချိန် မှာ အစွန်းရောက် သူပုန်များ အတွက် အလွန်ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခု ဖြစ်ပါတယ်။
ဆက်လက်ပြီး သေဆုံးသွားတဲ့ အစွန်းရောက် သူပုန်များအတွင်း အေဇက်သိုဒ်ဒေါက်ရ်ရီ ပါ မပါ မေးသည့်မေးခွန်းကို မြို့ ဝန်မင်းက ၎င်း၏အလောင်းပါဝင်ကြောင်း၎င်းဖြစ်တာ မှန်ကန် ကြောင်း ဖြေဆို ခဲ့ပါတယ်။
ရဟေဒ် ဒိုလ်ဂျိုဗူရီ မှ အေဇက်သိုဒ်ဒေါက်ရ်ရီ နှင့် IS အဖွဲ့ ဆက်နွယ်မှု ပတ်သက်ပြီး သူဟာ အစွန်းရောက် သူများ ၏ အရေးအကြီးဆုံး အရေးအပါဆုံး တိုက်ကွက်များ အကြမ်းဖက်မှု များဆိုင်ရာ အတွေးအခေါ် ရှင် တစ်ယောက်ဖြစ်ကြောင်း ၊အီရတ် ရှိဒေသ အများစု မှာ အကြမ်းဖက်မှုများကို ဆောင်ရွက်ခဲ့သူဖြစ်ပြီး ၊ အီရတ် ပြည်သူ့ အမြောက်အများ ရဲ့ သွေး ကို မြေ ကျ အောက်လုပ်ခဲ့တဲ့သူ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ် ။
ဆက်လက်ပြီး IS အဖွဲ့ ၏ လှုပ်ရှားမှု များ အတွက် အေဇက်သိုဒ်ဒေါက်ရ်ရီ သေဆုံးမှု ဟာ ဆိုးကျိုးသက်ရောက်မှု နှင့်ဆက်လျဉ်းပြီး အေဇက်သိုဒ်ဒေါက်ရ်ရီဟာ အစွန်းရောက်သူပုန် အမြောက်အများ ကို ကူညီခဲ့ပါတယ် ။ဒါကြောင့် သူ အသတ်ခံလိုက်ရခြင်း ကြောင့် အစွန်းရောက်သူပုန်တွေ အတွက် ကြီးမားလေးထန် တဲ့ ဆုံး ရှုံးမှု တစ်ခုဖြစ်သွားရပါတယ် ။ အေဇက်သိုဒ်ဒေါက်ရ်ရီ အသတ်ခဲ့ရတာ ကျနော်တို့ အတွက် ကောင်းတဲ့ အကျိုး သက်ရောက် မှုတွေ ရှိလာပြီး အစွန်းရောက် သူပုန်များ အတွက်တော့ မကောင်းတဲ့ဆိုးကျိုးတွေ ဖြစ်လာပါတယ်လို့ ပြောကြားခဲ့ပါတယ်။
အေဇက်သိုဒ်ဒေါက်ရ်ရီ ချုပ်ငြိမ်းသွားတဲ့ အီရတ် အာဏာရှင်ဟောင်း ဆဒမ် ဟိုစိန် ၏ အဟောင်းတကာ အဟောင်း ဆုံး အနီးတကာ အနီးဆုံး လက်ထောက် ဖြစ်ပါတယ်။ သူဟာ သက်္ကရီးသ်မြို့ ဆဒမ် မွေးခဲ့တဲ့ မြို့ သားဖြစ်ပါတယ် ။ဆဒမ်ရဲ့ ညာလက်ထောက်ဖြစ်ပြီး နေ့စဉ်နေ့တိုင်း ဆဒမ်နဲ့ ဖုန်းနဲ့ ဆက်သွားပြီး လှုပ်ရှားမှုများ ကို ပြုခဲ့သူ ဖြစ်ပါတယ် ။
ဆဒမ်လက်ထက်မှာ အီရတ်တပ်မတော် ၏ ဒုတိယ ဗိုလ်မှူးချုပ်တာဝန်ကိုယူခဲ့သူဖြစ်ပြီး အီရတ်ရှိ ကိုဒ်လူမျိုးများကို ၁၉၈၈ ခုနှစ်တွင်ဓာတုလက်နက်ဖြင့် ရက်ရက်စက်စက် သတ်ခဲ့တဲ့ တာဝန်ခံလည်း ဖြစ်ပါတယ်။

-----------------------