အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
စက္ကူတွေနဲ့ ပြုလုပ်ထားတဲ့ ဆန်တု တွေကို တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းပြည်နယ်မှာ ခုသီတင်းပတ် အစောပိုင်းက တွေ့ရှိခဲ့တယ်လို့ ရှန်ဟိုင်းရစ် (Shanghaiist) သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ချီအမည်ရ အဲဒီအမျိုးသမီးဟာ နေ့လယ်စာ စားချိန်မှာ ထမင်းဟာ သာမန်နဲ့မတူဘဲ အနည်းငယ်မာနေတာကို စပြီး သတိပြုမိခဲ့တာ ဖြစ်ပါတယ်။
ချီနဲ့ သူ့မိသားစုဟာ အစက သတိမထားမိခဲ့ဘဲ အနည်းငယ်ကြာတဲ့အချိန်မှာ သူကိုက်ဝါးလိုက်တဲ့ ထမင်းဟာ သာမန်နဲ့မတူဘဲ မာနေတာကို သိခဲ့တာဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
သူက ပါးစပ်ထဲကထုတ်ပြီး စစ်ဆေးကြည့်လိုက်ချိန်မှာ စက္ကူစအလိပ်တွေ ဖြစ်နေခဲ့တာလို့ အက်ပဲလ်ဒေးလီးသတင်းကို ပြောပါတယ်။
အဲဒီဆန်တွေကို ပိုးသတ်ဆေးမသုံးဘဲ ဒေသတွင်းမှာ သမားရိုးကျ စိုက်ပျိုးထားတာဖြစ်တယ်လို့ ပြောပြီး ရောင်းခဲ့တဲ့ လမ်းဘေး ခေါင်းရွက်ဈေးသည် တယောက်ဆီက ၀ယ်ခဲ့တာဖြစ်တယ်လို့ ချီက ဒေသခံ တာဝန်ရှိ ရဲတွေကို ပြောပါတယ်။
ဒီနှစ်အစောပိုင်းတုန်းကလည်း တရုတ်နိုင်ငံ ဈေးကွက်ထဲမှာ ပလတ်စတစ်နဲ့ လုပ်ထားတဲ့ ဆန်တုတွေကို ရောင်းချနေတာ တွေ့ရှိခဲ့ရတယ်လို့ အစီရင်ခံစာတွေက ဆိုပါတယ်။
Oryza.com ရဲ့ အဆိုအရ ပလတ်စတစ်ဆန်တုတွေကို ချက်လိုက်တဲ့အခါ မကျက်ဘဲ ကျန်ရှိနေတတ်ပြီး ဆန်ပြုတ်လုပ်ရင်တော့ အနံ့က ပလတ်စတစ်အနံ့ ထွက်နေပြီး ပလတ်စတစ်လိုပဲ မီးစွဲနိုင်တယ်လို့ ပြောပါတယ်။
---------------------------------------
251 / End
၈ စက်တင်ဘာ ၂၀၁၅ - ၁၀:၁၀
News ID: 709808
စက္ကူတွေနဲ့ ပြုလုပ်ထားတဲ့ ဆန်တု တွေကို တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းပြည်နယ်မှာ ခုသီတင်းပတ် အစောပိုင်းက တွေ့ရှိခဲ့တယ်လို့ ရှန်ဟိုင်းရစ် (Shanghaiist) သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ချီအမည်ရ အဲဒီအမျိုးသမီးဟာ နေ့လယ်စာ စားချိန်မှာ ထမင်းဟာ သာမန်နဲ့မတူဘဲ အနည်းငယ်မာနေတာကို စပြီး သတိပြုမိခဲ့တာ ဖြစ်ပါတယ်။