၂၄ မတ် ၂၀၁၆ - ၀၈:၃၄
ဝန်ကြီးများနေထိုင်မည့်အိမ် လွှဲအပ်ရာတွင် လေအေးစက်တစ်လုံးသာပါရှိမည်

ပြည်ထောင်စုဝန် ကြီးသစ်များအတွက် နိုင်ငံတော် ပိုင်အိမ်များ လွှဲပြောင်းပေးရာတွင် အခွံအတိုင်းသာ လွှဲပေးမည်ဖြစ် ပြီး လေအေးစက်တစ်လုံးသာ ပါမည်ဟု သမ္မတပြောရေးဆိုခွင့်ရှိ သူ ဦးရဲထွဋ်က ပြောသည်။



အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အစိုးရဝန်ကြီးတစ်ဦး၏နေအိမ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))



 ပြည်ထောင်စုဝန် ကြီးသစ်များအတွက် နိုင်ငံတော် ပိုင်အိမ်များ လွှဲပြောင်းပေးရာတွင် အခွံအတိုင်းသာ လွှဲပေးမည်ဖြစ် ပြီး လေအေးစက်တစ်လုံးသာ ပါမည်ဟု သမ္မတပြောရေးဆိုခွင့်ရှိ သူ ဦးရဲထွဋ်က ပြောသည်။

 
‘‘၀န်ကြီးတွေကို လွှဲပေးရင် အခွံပဲပေးတာ။ အဲကွန်းတစ်လုံးပဲ ပါတယ်။ ရေမီးကောင်း၊ မကောင်းစစ်တယ်။ မကောင်းရင် ပြင်ပေး မယ်။ အဲဒီအထဲမှာထည့်ဖို့ နိုင်ငံ တော်က ပရိဘောဂကြေး ကျပ် သိန်း ၃၀ ထုတ်ပေးတယ်။ ကျွန် တော်တို့တုန်းကလည်း ဒီအတိုင်း ပဲ’’ဟု ဦးရဲထွဋ်ကပြောသည်။

 လက်ရှိ ၀န်ကြီးများသည် နိုင်ငံတော်ပိုင်နေအိမ်များမှ ပြောင်းရွှေ့ပြီးဖြစ်ကြောင်း ၎င်းက ပြော သည်။

‘‘အိမ်တွေက တစ်ယောက် မှ မနေတော့ဘူး။ ရွှေ့ပြီးပြီ။ အိမ် သုံးကားတွေက ၂၅ ရက်နေ့ အပ် မယ်။ အဆောင်အယောင် ကား တွေက ၃၀ ရက်နေ့ လွှဲပြီးတာနဲ့ ပြန်အပ်မှာပေါ့’’ဟု ဦးရဲထွဋ်က ပြောသည်။

ဝန်ကြီးများ၏ နေအိမ်များ မှာ လွှတ်တော်ဝင်း ဂိတ်(၁) ရှေ့ တွင် တည်ရှိသည်။

ပြည်ထောင်စုဝန်ကြီးများ၏ ခံစားခွင့်များမှာ အစိုးရနေအိမ် တွင် အခမဲ့နေထိုင်ခွင့်၊ လုံခြုံရေး အစောင့်အရှောက်၊ ပြည်တွင်း အခမဲ့ဆေးကုသခွင့်၊ ရေနှင့် လျှပ် စစ်ဓာတ်အား အခမဲ့သုံးစွဲခွင့်၊ ပြည်တွင်းခေါ်ဆိုမှုအတွက် တယ် လီဖုန်းအခမဲ့သုံးစွဲခွင့်၊ ကိုယ်ရေး အရာရှိတစ်ဦး၊ အိမ်အကူနှစ်ဦး၊ ဥယျာဉ်လုပ်သားနှစ်ဦး၊ ကားသုံး စီးနှင့် ယာဉ်မောင်းသုံးဦး၊ ကား တစ်စီးအတွက် တစ်လ စက်သုံး ဆီဂါလန် ၆၀ နှင့် လစာ ကျပ်သိန်း ၃၀ တို့ဖြစ်ကြောင်း မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြထား သည်။

အစိုးရသစ်လက်ထက်တွင် လက်ရှိဝန်ကြီးဌာန ၃၆ ခုမှ ၂၁ ခုသို့လျှော့ချခဲ့ပြီး ၀န်ကြီး ၁၈ ဦးဖြင့် စီမံခန့်ခွဲမည်ဖြစ်သည်။

 သို့ဖြစ်ရာ ငါးနှစ်အတွင်း ကျပ်သန်း ၅,၀၀၀ သက်သာမည် ဟု သမ္မတသစ် ဦးထင်ကျော်က လွှတ်တော်တွင် ပြောကြားခဲ့ သည်။

===================================
251 /End