အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
လေးနာရီကျော်ကြာ လောင်ကျွမ်းသောမီးကို မီးသတ်တပ်ဖွဲ့ဝင်များက ငြှိမ်းသတ်နေကြစဉ် (ဓာတ်ပုံ − ဇွဲဉာဏ်)


နှစ် (၇၀) ပြည့် မီးသတ် တပ်ဖွဲ့နေ့တွင် ဒဂုံမြို့သစ်တောင် ပိုင်းမြို့နယ် စက်မှုဇုန် ၂ ၌ Level 4 အဆင့်ရှိ မီးလောင်ကျွမ်းမှု တစ်ခု ဖြစ်ပေါ်ခဲ့ပြီး နာရီနှင့်ချီ၍ ငြှိမ်းသတ်ခဲ့ရသည်။
ဒဂုံမြို့သစ်တောင်ပိုင်း စက်မှုဇုန် ၂ ၊ ၆၃ ရပ်ကွက်၊ ရှင်မတောင်လမ်းနှင့် စစ်တောင်းလမ်းအကြားရှိ ဦးခင်သိန်းပါကေးစက်ရုံတွင် မေလ ၅ ရက် ည ၈ နာရီခန့်မှ စတင်လောင်ကျွမ်းခဲ့ကြောင်း ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့မှ သတင်းရရှိသည်။
အဆိုပါစက်ရုံရှိ သစ်များ၊ ကုန်ကြမ်းများကို ကူးစက်လောင် ကျွမ်းခဲ့သဖြင့် မီးအားပြင်းခဲ့ပြီး Level 4 အဆင့်ထိ သတ်မှတ် ငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ဝင်များက ပြောသည်။
‘‘မီးအားက တအားပြင်းတဲ့ အတွက် ငြှိမ်းရတာ တော်တော် သတိထားရတယ်။ အဓိကက တော့ ပတ်ဝန်းကျင်ကို မကူး အောင်ပဲ ဦးစားပေးထိန်းခဲ့ရတယ်’’ ဟု မီးသတ်အရာရှိ တစ်ဦးကပြောသည်။ မီးလောင်ကျွမ်းရာနေရာသို့ မြို့နယ်အသီသီးမှ မီးသတ်ယာဉ် အစီးရေ ၅၀ ကျော် လာရောက် ငြှိမ်းသတ်ခဲ့ကြသည်။
မီးငြှိမ်းသတ်ရာတွင်မီးသတ် တပ်ဖွဲ့ဝင်အချို့ မီးခိုးမွှန်ခြင်း ကြောင့် အရေးပေါ် ဆေးကုသမှု များ ခံယူခဲ့ရပြီး မီးသတ်တပ်ဖွဲ့ဝင် နှစ်ဦးအား သင်္ဃန်းကျွန်း(စံပြ) ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သတင်းရရှိသည်။
အဆိုပါမီးမှာ ည ၁၀ နာရီ၅၀ မိနစ်တွင် ထိန်းနိုင်သော်လည်း သစ်များကို ဆက်လက်လောင်ကျွမ်းနေ၍ သတင်းရေးသားချိန် ည ၁၂ နာရီခွဲအထိ ငြှိမ်းသတ်ရဆဲ ဖြစ်သည်။
မီးလောင်ရာနေရာသို့ လာ ရောက်ကြည့်ရှုသူ များပြားခဲ့သ ဖြင့် မီးသတ်ကားများ ၀င်ရောက် ရန် အခက်အခဲများ ဖြစ်ပေါ်ခဲ့ ကြောင်း မီးသတ်တပ်ဖွဲ့ဝင်များ က ပြောသည်။
ည ၁၀ နာရီခန့်တွင် ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုး မင်းသိန်းနှင့် မြို့တော်ဝန်ဦးမောင် မောင်စိုးတို့ ရောက်ရှိလာကြပြီး အနီးကပ် ကြီးကြပ်မှုများ ပြုလုပ် ခဲ့ကြသည်။
မီးစတင်လောင်ကျွမ်းသည့်အကြောင်းရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးကို မသိရသေးဘဲ မီးလောင်ကျွမ်းမှုကြောင့် သစ်စက်တစ်လုံး၊ သစ်ကုန်ကြမ်းပစ္စည်းများနှင့် အနီးရှိ အဆောက်အအုံတစ်လုံး ကူးစက်လောင်ကျွမ်းခဲ့ကြောင်း ကနဦး သတင်းရရှိသည်။
ယမန်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်၌ နှစ်(၇၀)ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပခဲ့သည်။
==========================
251 / End