၁၀ ဇွန် ၂၀၁၆ - ၁၂:၄၂
"တောင်ကြီးရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် မီးလောင်မှု ဖြစ်ပွား "

တောင်ကြီးမြို့နယ် အေးသာယာမြို့သစ်၊ရပ်ကွက်(၃)၊ စွယ်တော်လမ်း ၊အိမ်အမှတ် (၁၉) ရှိ ၀တ်ရည် တရုတ်-မြန်မာစားသောက်ဆိုင်ဖွင့်လှစ်ထားသည့် နှစ်ထပ်တိုက်အိမ် တွင် ယနေ့ (ဇွန်လ၁၀ ရက်)မွန်းလွဲ ၁နာရီ ၄၅ မိနစ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။ နေအိမ်အပေါ်ထပ်တွင် လျှပ်စစ် ခြင်ရိုက်ဘတ်တံ ကို အားသွင်းထားရာမှ တစ်ဆင့် အပူလွန်ကဲကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု အေးသာယာမြို့သစ် ၊မီးသတ်ဦးစီးဌာန မှ မြို့နယ်မှူး ဦးအောင်ဇော်လင်းကပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

တောင်ကြီးမြို့နယ် အေးသာယာမြို့သစ်၊ရပ်ကွက်(၃)၊ စွယ်တော်လမ်း ၊အိမ်အမှတ် (၁၉) ရှိ ၀တ်ရည် တရုတ်-မြန်မာစားသောက်ဆိုင်ဖွင့်လှစ်ထားသည့် နှစ်ထပ်တိုက်အိမ် တွင် ယနေ့ (ဇွန်လ၁၀ ရက်)မွန်းလွဲ ၁နာရီ ၄၅ မိနစ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

နေအိမ်အပေါ်ထပ်တွင် လျှပ်စစ် ခြင်ရိုက်ဘတ်တံ ကို အားသွင်းထားရာမှ တစ်ဆင့် အပူလွန်ကဲကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု အေးသာယာမြို့သစ် ၊မီးသတ်ဦးစီးဌာန မှ မြို့နယ်မှူး ဦးအောင်ဇော်လင်းကပြောသည်။

" ခြင်ရိုက်ဘတ်တံကို အားသွင်းထားရာကနေ အပူလွန်ကဲပြီးမီးထလောင်တယ်၊ အဲဒီကနေ ကုတင်ပေါ်က စောင်တွေပါမီးစွဲပြီးတော့ နေအိမ်တစ်ခုလုံး မီးလောင်ကုန်တာပဲ " ဟု ဦးအောင်ဇော်လင်းကပြောသည်။

၄၅မိနစ်ခန့်ကြာမြင့်သည့် မီးလောင်ကျွမ်းမှုကို တောင်ကြီးခရိုင်၊မြို့နယ်များမှ မီးသတ်ရေယာဉ် (၈) စီး ဖြင့် မီးငြိမ်းသတ်ခဲ့ရပြီး ထိခိုက်ဒဏ်ရာရ၊ သေဆုံးသူမရှိကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သတ်ပြီး ၀တ်ရည် တရုတ်-မြန်မာ စားသောက်ဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်သဲဝတ်ရည်အား မီးပေါ့ဆမှုပုဒ်မ ၂၈၅ ဖြင့် အေးသာယာ နယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားသည်။
 

====================================
251 / End