အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ချင်းပြည်နယ်တွင် ယဉ်ကျေးမှုနှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရန် ချင်းပြည်နယ်အစိုးရဦးဆောင်ကာ ခရီးသွားလုပ်ငန်း အသင်းအဖွဲ့များဖြင့် ပူးပေါင်း အကောင်အထည်ဖော်မည် ဖြစ်ကြောင်း
မြန်မာ့ခရီးသွား လုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအဖွဲ့မှ သတင်းရရှိသည်။
‘‘ယဉ်ကျေးမှုနဲ့ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းတွေ ချင်းပြည်နယ်မှာ ဖွံ့ဖြိုးလာစေဖို့အတွက် ရည်ရွယ်ပြီး ချင်းပြည်နယ် အစိုးရက ဦးဆောင် လုပ်သွားမှာ ဖြစ်ပါတယ်။ အခု ဇူလိုင်ကနေ စပြီးတော့ ခရီးသွားလုပ်ငန်း
ဖွံ့ဖြိုးရေး အတွက် အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်’’ဟု မြန်မာ့ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဝေရာဇာက ပြောသည်။
ချင်းပြည်နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးတွက် ကနဦး ဆောင်ရွက်ချက်အဖြစ် ကန်ပက်လက်မြို့အနီး ကျေးရွာတစ်ရွာတွင် ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်းကို ယခုလအတွင်း အကောင်အထည်ဖော်မည် ဖြစ်ပြီး လာရောက်
လည်ပတ်မည့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ တည်းခိုနိုင်ရန် ဒေသခံများ၏ နေအိမ်နှင့် ပုံစံတူ တည်းခိုခန်းငယ်များ တည်ဆောက်မည်ဖြစ်သည်။ ‘‘လိုအပ်တဲ့ အခြေခံအဆောက်အုံနဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက်
ဆောင်ရွက်မှု တွေကတော့ ပြည်နယ်အစိုးရက ဟိုတယ် ခရီးဝန်ကြီးဌာနရဲ့သတ်မှတ်ချက်တွေ အတိုင်း ဆောင်ရွက်သွားမှာဖြစ်ပြီး ခရီးသည်တွေ လာပြီး လည်ပတ်စေဖို့အတွက် ဈေးကွက်ချဲ့ထွင်ပေးတဲ့ အပိုင်းမှာတော့ ခရီးသွား
လုပ်ငန်း အသင်းအဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်’’ဟု ဦးဖြိုးဝေရာဇာက ပြောသည်။
ချင်းပြည်နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် ချင်းပြည်နယ် အစိုးရဦးဆောင်၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်းအသင်း အဖွဲ့များပူးပေါင်း၍ ခရီးသွားဖိုရမ်ကို ယခုလ ပထမပတ်က ပြုလုပ်ခဲ့ပြီးနောက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။
===================
251 / End
၁၃ ဇူလိုင် ၂၀၁၆ - ၁၉:၁၆
News ID: 765691
ချင်းပြည်နယ်တွင် ယဉ်ကျေးမှုနှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရန် ချင်းပြည်နယ်အစိုးရဦးဆောင်ကာ ခရီးသွားလုပ်ငန်း အသင်းအဖွဲ့များဖြင့် ပူးပေါင်း အကောင်အထည်ဖော်မည် ဖြစ်ကြောင်း မြန်မာ့ခရီးသွား လုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအဖွဲ့မှ သတင်းရရှိသည်။ ‘‘ယဉ်ကျေးမှုနဲ့ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းတွေ ချင်းပြည်နယ်မှာ ဖွံ့ဖြိုးလာစေဖို့အတွက် ရည်ရွယ်ပြီး ချင်းပြည်နယ် အစိုးရက ဦးဆောင် လုပ်သွားမှာ ဖြစ်ပါတယ်။ အခု ဇူလိုင်ကနေ စပြီးတော့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး အတွက် အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်’’ဟု မြန်မာ့ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဝေရာဇာက ပြောသည်။