အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
စစ်ကိုင်းမြို့နယ်တွင် ရေ ဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးရန် ကောလင်းမြို့ နယ်လုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက် ရေး ပရဟိတကွန်ရက်အဖွဲ့မှ ပရ ဟိတ အသင်းများကို ဖိတ်ခေါ် ထားကြောင်း သတင်းရရှိသည်။
စစ်ကိုင်းမြို့နယ်အတွင်း ရေ ဘေးသင့် ပြည်သူများအား ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အဆိုပါကွန်ရက် အဖွဲ့သည် သြဂုတ် ၃ ရက် မွန်းလွဲ တွင် ကောလင်းမြို့မှ စတင်ထွက် ခွာမည်ဖြစ်သည်။
‘‘လောလောဆယ် စစ်ကိုင်း က သုခကာရီ လူမှုကူညီရေးအ သင်းနဲ့ပူးပေါင်းပြီး ရေဘေးကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်သွားမယ်။ ရေဘေး ကူညီရေးမှာ လုပ်အားဒါနနဲ့ကျန်း မာရေးကူညီစောင့်ရှောက်မှု လုပ် မယ်။ အလှူခံရရှိတဲ့ ငွေနဲ့ပစ္စည်း အပေါ် မူတည်ပြီး ရေဘေးအ တွက် လှူဒါန်းသွားမယ်’’ဟုကောလင်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး ပရဟိတကွန်ရက် အဖွဲ့ဝင် ဦးအောင်မျိုးဝေကပြောသည်။
အဆိုပါကွန်ရက်အဖွဲ့သည် စစ်ကိုင်းမြို့နယ်ရှိ ရေဘေးသင့် ပြည်သူများအား လှူဒါန်းခြင်း၊လုပ်အားကူညီခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်ရန်စီစဉ်ထားကြောင်းသိရသည်။
‘‘မနှစ်က ကောလင်းမှာ ရေ ဘေးကြုံတွေ့တဲ့အချိန် အားလုံး ၀ိုင်းဝန်းကူညီခဲ့တယ်။ အခု ကော လင်းမှာ ရေဘေးမကြုံရပေမယ့် ရေဘေးကြောင့် အခက်တွေ့သူ တွေကို တတ်နိုင်သလောက် ပြန် ပြီးကူညီတာပါ’’ဟု ကောလင်းမြို့ ခံ ပရဟိတအဖွဲ့ဝင်တစ်ဦးကပြောသည်။စေတနာရှင်များ လှူဒါန်း သော ရေဘေးအလှူပစ္စည်းများ ကို ကရုဏာရှင်အဖွဲ့ ဆိုင်ထူးကျောင်းဆရာတော်က ဦးဆောင်၍ ထောက်ပံ့လှူဒါန်းမည်ဖြစ်၍ ကရုဏာရှင်အသင်း (ကောလင်း) ဖုန်း ၀၉- ၄၃၀၉၃၃၈ သို့လည်းကောင်း၊ ရေဘေးသင့်ဒေသလုပ်အား ကူညီလိုသူများ အနေဖြင့် Rescue (ကောလင်း) ဖုန်း ၀၉-၇၉၈၈၉၉ ၂၀၂ သို့လည်းကောင်း ဆက်သွယ်နိုင်သည်။
ရေဘေးသင့်ဒေသ ကျန်းမာ ရေးကူညီစောင့်ရှောက်မှုလုပ်ငန်း များကို ကောလင်းမြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး ပရဟိတကွန်ရက် အဖွဲ့ဝင်ဒေါက်တာကျော်သူဟိန်း က တာဝန်ယူ ကူညီဆောင်ရွက် မည်ဖြစ်ပြီး ကောလင်းမြို့နယ်လုံး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးပရဟိတ ကွန်ရက်အဖွဲ့ ဖုန်း ၀၉-၄၅၇၃၂ ၈၉၇၅ သို့ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
စစ်ကိုင်းမြို့နယ်တွင် ဇူလိုင် လကုန်ပိုင်းကစ၍ ဧရာဝတီမြစ်ရေ သည် စိုးရိမ်ရေမှတ် ၁,၁၅၀စင်တီ မီတာအထက် ကျော်လွန်နေသ ဖြင့် ရပ်ကွက် ခြောက်ခုနှင့်ကျေး ရွာ ကိုးရွာ၌ နေထိုင်သော အိမ် ခြေ ၁,၆၆၀ရှိ အိမ်ထောင်စု၁,၇၀၇ စု (လူဦးရေ ၇,၉၆၃ ဦး) သည် ရေဘေးကြုံတွေ့နေသည်။ အဆို ပါရေဘေးကြောင့် စစ်ကိုင်းမြို့ နယ်ရှိ ရပ်ကွက်ငါးခုနှင့် ကျေးရွာ တစ်ရွာတွင် နေထိုင်သော အိမ် ထောင်စု ၂၆၈စု(လူဦးရေ ၁,၀၉၆ ဦး)အား ရေလွတ်ရာသို့ ပြောင်း ရွှေ့ပေးခဲ့ကြောင်း စစ်ကိုင်းမြို့ နယ် မီးသတ်ဦးစီးဌာနမှ သိရ သည်။
===================
251 / End
၄ ဩဂုတ် ၂၀၁၆ - ၁၉:၀၁
News ID: 770075
စစ်ကိုင်းမြို့နယ်တွင် ရေ ဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးရန် ကောလင်းမြို့ နယ်လုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက် ရေး ပရဟိတကွန်ရက်အဖွဲ့မှ ပရ ဟိတ အသင်းများကို ဖိတ်ခေါ် ထားကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့နယ်အတွင်း ရေ ဘေးသင့် ပြည်သူများအား ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အဆိုပါကွန်ရက် အဖွဲ့သည် သြဂုတ် ၃ ရက် မွန်းလွဲ တွင် ကောလင်းမြို့မှ စတင်ထွက် ခွာမည်ဖြစ်သည်။