၂၈ ဩဂုတ် ၂၀၁၆ - ၁၇:၄၇
၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်ရေး ကြိုဆိုထောက်ခံပွဲ မုံရွာတွင်ကျင်းပ

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံညီလာ ခံ) အောင်မြင်ရေးအတွက် နိုင်ငံ ရေးအဖွဲ့အစည်းများ၊ တိုင်းရင်း သား လူမျိုးစုများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် လူမှုကူညီ ရေးအသင်းများ ပူးပေါင်း၍ အင် အား ၃၀၀ ကျော်ဖြင့် ဩဂုတ် ၂၇ ရက် နံနက် ၈ နာရီက မုံရွာမြို့ပေါ် လမ်းမကြီးများ၌ စီတန်းလှည့် လည်ကာ ကြိုဆိုထောက်ခံ ခဲ့ သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံညီလာ ခံ) အောင်မြင်ရေးအတွက် နိုင်ငံ ရေးအဖွဲ့အစည်းများ၊ တိုင်းရင်း သား လူမျိုးစုများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် လူမှုကူညီ ရေးအသင်းများ ပူးပေါင်း၍ အင် အား ၃၀၀ ကျော်ဖြင့် ဩဂုတ် ၂၇ ရက် နံနက် ၈ နာရီက မုံရွာမြို့ပေါ် လမ်းမကြီးများ၌ စီတန်းလှည့် လည်ကာ ကြိုဆိုထောက်ခံ ခဲ့ သည်။

‘‘ငြိမ်းချမ်းရေးလိုလားတဲ့ ပြည်သူတွေအားလုံးက ၂၁ ရာစု ပင်လုံညီလာခံအောင်မြင်စေချင် ပါတယ်။ တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေးကို ထောက်ခံပါ တယ်’’ဟု မုံရွာမြို့ဒေသခံ အရပ်ဘက်လူမှုအဖွဲ့စည်းမှ ကိုအောင်နေမျိုးက ပြောကြားသည်။

မိုးသည်းထန်စွာ ရွာသွန်းနေသော်လည်း ငြိမ်းချမ်းရေးလိုလား သော ပြည်သူများသည် ပြည်သူ့ အားကစားကွင်းရှေ့တွင် စုရပ်အဖြစ် ဆောင်ရွက်ပြီး ဗိုလ်ချုပ် လမ်း၊ ကျောက္ကာလမ်း၊ ပေ ၈၀ လမ်း၊ သာစည်လမ်း၊ ဗိုလ်ချုပ်လမ်းအတိုင်း ပြည်သူ့အားကစား ကွင်းအရှေ့မုခ်အထိ စီတန်းလှည့် လည်ခဲ့သည်။

‘‘ခေါင်းဆောင်တွေအားလုံး ကလည်း အသက်ကြီးကုန်ပါပြီ။ အာဏာရှင်အောက်ကနေ ဒီမို ကရေစီဝါဒကို ပြည်သူလူထုက ထောက်ခံလို့ တစ်ပါတီတည်း အစိုးရအဖွဲ့ဖွဲ့နိုင်တဲ့ အနေအ ထားကလည်း အကြိမ်ကြိမ်မျှော် လင့်လို့မရပါဘူး။ အခုလို နိုင်ငံ ရေးပါဝါ ရေချိန်မြင့်နေတဲ့အချိန် မှာ အရေးကြီးတဲ့လုပ်ငန်းတွေ ကို လုပ်ဆောင်နေတာ ဖြစ်တဲ့အ တွက် ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အားလုံးဝိုင်းဝန်းကြပါလို့ တိုက် တွန်းချင်ပါတယ်’’ဟု မုံရွာမြို့ခံ ဦးညီပုက ပြောသည်။

==================
251/End