၂၀ စက်တင်ဘာ ၂၀၁၆ - ၁၈:၁၀
တရုတ်သို့ ကျွဲ ၊နွားများ တရားမ၀င်တင်သွင်းမှု ဟန့်တားရေး ရှမ်းပြည်နယ်လွှတ်တော်တွင် ဆွေးနွေး

တရားမ၀င် လမ်း ကြောင်းများဖြင့် ရှမ်းပြည်နယ်မှ တရုတ်နိုင်ငံသို့ ကျွဲ၊နွားတိရစ္ဆာန် များတင်သွင်းနေမှုနှင့်ပတ်သက် ၍ စက်တင်ဘာ ၁၉ ရက်တွင်ပြု လုပ်သည့် ရှမ်းပြည်နယ် လွှတ် တော်အစည်းအဝေး၌ မိုင်းကိုင် မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်က မေးခွန်းမေးမြန်းခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

တရားမ၀င် လမ်း ကြောင်းများဖြင့် ရှမ်းပြည်နယ်မှ တရုတ်နိုင်ငံသို့ ကျွဲ၊နွားတိရစ္ဆာန် များတင်သွင်းနေမှုနှင့်ပတ်သက် ၍ စက်တင်ဘာ ၁၉ ရက်တွင်ပြု လုပ်သည့် ရှမ်းပြည်နယ် လွှတ် တော်အစည်းအဝေး၌ မိုင်းကိုင် မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်က မေးခွန်းမေးမြန်းခဲ့သည်။

မိုင်းကိုင်မြို့ကို ဖြတ်သန်းခဲ့ ပြီး ကျွဲ၊နွားတိရစ္ဆာန်ကောင်ရေ ၁၀၀ မှ ၂၀၀ ကျော်အထိ တင် ဆောင်လာသည့် ကုန်တင်ကား ကြီးများသည် တောလမ်းများကို အသုံးပြု၍  တရုတ်ပြည်ထဲသို့ ဥပဒေမဲ့ တရားမ၀င် ရောင်းဝယ် ဖောက်ကားနေခြင်းကို ဟန့်တား ပေးနိုင်ရန် ရှမ်းပြည်နယ် အစိုးရ အဖွဲ့ကို တွန်းအားပေးသည့်အနေ ဖြင့် ကြယ်ပွင့်ပြမေးခွန်း မေးမြန်း ခဲ့ခြင်းဖြစ်သည်ဟု ဦးစိုင်းပန်က ပြောသည်။

 ‘‘လူနည်းစုအတွက်ပဲ အ ကျိုးဖြစ်ထွန်းတာပါ။ ခရီးလမ်း တစ်လျှောက်မှာလည်း မူးယစ် ဆေးဝါးပြဿနာတွေ၊ နိုင်ငံ့ဝန် ထမ်းတွေရဲ့ အကျင့်ပျက်ခြစားမှု တွေပါ ဖြစ်ပေါ်နေပါတယ်။ လူ တစ်စုရဲ့ အကျိုးစီးပွားဖြစ်ထွန်းပြီး ပြည်သူ့ဘဏ္ဍာတွေ ဆုံးရှုံးမှုဖြစ် ပေါ်နေတာကို ပြည်နယ်အစိုးရသိ ရှိစေဖို့ ကြယ်ပွင့်ပြမေးခွန်းအနေ နဲ့ မေးမြန်းခဲ့တာဖြစ်ပါတယ်’’ဟု ဦးစိုင်းပန်က ပြောသည်။

ယင်းသို့ တရားမ၀င် ကျွဲ၊နွား တိရစ္ဆာန်များကို တောလမ်းမှတစ် ဆင့် တင်ဆောင်ရောင်းချနေခြင်း သည် ဒေသခံများ လုပ်ဆောင်နေ ခြင်းမဟုတ်ဘဲ လူတစ်စု၊ စီးပွား ရေးသမားအချို့က ဆောင်ရွက် နေကြခြင်းဖြစ်ပြီး ၂၀၁၀ ကတည်း က လုပ်ဆောင်နေခြင်းဖြစ်သည် ဟု ဦးစိုင်းပန်က ဆိုသည်။

ဦးစိုင်းပန်၏ မေးခွန်းနှင့်ပတ် သက်၍ တရားမ၀င် တိရစ္ဆာန် သယ်ယူပို့ဆောင်ရေးကို တားဆီး နိုင်ရန် ရှမ်းပြည်နယ်အတွင်း ပြည် နယ်အစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် ကော်မတီဖွဲ့စည်းထားပြီး လုပ် ငန်းများ စတင်ဆောင်ရွက်ပေးနေ ကြောင်း ရှမ်းပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ပြန်လည်ဖြေကြားသည်။

 ဒုတိယအကြိမ် ရှမ်းပြည် နယ်လွှတ်တော် တတိယပုံမှန်အ စည်းအဝေးကို စက်တင်ဘာ ၁၉ ရက်မှ ၂၂ ရက်အထိ လေးရက် တိုင် ကျင်းပမည်ဖြစ်သည်။

 ဒုတိယအကြိမ် ရှမ်းပြည် နယ် လွှတ်တော်တတိယပုံမှန်အ စည်းအဝေး ပထမနေ့ဖြစ်သည့် စက်တင်ဘာ ၁၉ ရက်တွင် လွှတ် တော်ကိုယ်စားလှယ် ၁၃၆ ဦးရှိ သည့်အနက် ၁၂၈ ဦးတက်ရောက် ခဲ့ပြီး လွှတ်တော်တက်ရောက် သည့် ကိုယ်စားလှယ်ဦးရေ ၉၄ ဒသမ ၁၂ ရာခိုင်နှုန်းရှိသည်။     

==================
251/End