၂၂ စက်တင်ဘာ ၂၀၁၆ - ၂၀:၂၃
လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်အချို့ကို ထိရောက်စွာ အရေးယူရန် လွှတ်တော်တွင် ဆွေးနွေးမည်

မြန်မာနိုင်ငံအမျိုး သားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်အချို့အား ထိရောက်စွာ အရေးယူပေးရန် အစိုးရသို့ တိုက် တွန်းသည့် အရေးကြီးအဆိုတစ် ရပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်လွှတ်တော်ကိုယ်စားလှယ်က စက်တင်ဘာ ၂၂ ရက်တွင် ကျင်း ပသော ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အရေးကြီးအဆို တင်သွင်းခဲ့သော ဦးပြုံးချို (ဓာတ်ပုံ − MOI)



မြန်မာနိုင်ငံအမျိုး သားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်အချို့အား ထိရောက်စွာ အရေးယူပေးရန် အစိုးရသို့ တိုက် တွန်းသည့် အရေးကြီးအဆိုတစ် ရပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်လွှတ်တော်ကိုယ်စားလှယ်က စက်တင်ဘာ ၂၂ ရက်တွင် ကျင်း ပသော ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့သည်။

အိမ်အကူအမျိုးသမီးငယ် နှစ်ဦးအား ညှဉ်းပန်းနှိပ်စက်သည့် အင်းဝအပ်ချုပ်ဆိုင်ကိစ္စနှင့် ပတ် သက်၍ လူ့အခွင့်အရေးကော်မ ရှင်၏လုပ်ဆောင်ချက်များကို ဝေ ဖန်မှုများ ပြင်းပြင်းထန်ထန်ရှိနေ ချိန်တွင် အရေးကြီးအဆိုကို တင် သွင်းခြင်းဖြစ်သည်။

‘‘နိုင်ငံမှာ၊ သတင်းမီဒီယာ လောကမှာ ဝုန်းဝုန်းထနေတဲ့ ညှဉ်းပန်းနှိပ်စက်ချိုးဖောက်မှုကြီးတစ် ရပ်ဖြစ်ပေါ်နေပါတယ်။ ဒါကြောင့်အရေးကြီးအဆိုကို တင်သွင်းရ ခြင်းဖြစ်ပါတယ်။ ဒီညှဉ်းပန်းနှိပ် စက်ချိုးဖောက်မှုဟာ အထူးသဖြင့်ပြန်ကြည့်လိုက်ရင် မိန်းမသားတွေ ဖြစ်နေသလို ကလေးသူငယ်တွေ လည်း ဖြစ်နေပါတယ်’’ဟု အရေးကြီးအဆိုတင်သွင်းသူ ဒေါပုံမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးပြုံးချိုက ပြောသည်။

အမျိုးသမီးငယ်  နှစ်ဦးကို ညှဉ်းပန်းနှိပ်စက်မှုမှန်းသိပါလျက် နှင့် ဥပဒေကြောင်းအရ နိုင်ငံသား များအား အကာအကွယ်ပေးရန် လူ့အခွင့်အရေး  ကော်မရှင်က မကြိုးစားခဲ့သည့် လုပ်ရပ်အပေါ် ဦးပြုံးချိုက လွှတ်တော်သို့ အဆို တင်သွင်းရာတွင် မေးခွန်းထုတ်ခဲ့ သည်။

မြန်မာနိုင်ငံတွင် ကျွန်ပြုခံရ ခြင်း၊ ကိုယ်အင်္ဂါပျက်ယွင်းအောင် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဝင်ငွေ ခေါင်းပုံဖြတ်ခံရခြင်း စသည့် အ ချက်အလက်များအရ အလုပ် သမားဥပဒေ၊ ကလေးသူငယ်ဥပ ဒေများအရပါ ကျေအေး၍ မရ သည့်ကိစ္စတွင် လူ့အခွင့်အရေး ကော်မရှင်က ကြားဝင်ညှိနှိုင်းပေး ပြီးနောက် ကျေအေးခဲ့ရသည့်အ ချက်ကိုလည်း ဦးပြုံးချိုက ထောက်ပြသည်။

ဦးပြုံးချိုတင်သွင်းသည့် အ ရေးကြီးအဆိုကို လွှတ်တော်တွင် လက်ခံဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်သဘောထားတောင်း ခံရာ အဆိုကို ဆွေးနွေးရန် ကန့် ကွက်သူမရှိ သဘောတူခဲ့သည်။

‘‘လွှတ်တော်ဘက်က နေပြီး တော့ ပြည်သူတွေရဲ့ ကော်မရှင် အပေါ် ထားတဲ့ဆန္ဒကိုပြလိုက်တာ ပါ။ အရေးယူမှုအပိုင်းက အစိုးရက ဆက်လက်  ဆောင်ရွက်သွားမှာပါ’’  ဟု ဦးပြုံးချိုက ဆိုသည်။

အဆိုကို ထောက်ခံသူ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ် သန္တာကလည်း လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် အမှုကျူး လွန်သူများကို စုံစမ်းဖော်ထုတ်ရ မည့် အဖွဲ့အစည်းဖြစ်နေသော် လည်း အမှု ပိတ်သိမ်းအောင် ဆောင်ရွက်ပေးနေသလို ဖြစ်နေ ကြောင်း လွှတ်တော်သို့ တင်ပြ သည်။

‘‘မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေး ကော်မရှင်အနေနဲ့ အမှုနဲ့ကျူးလွန်သူတွေကို ဖော် ထုတ်ရမယ့်အဖွဲ့အစည်းက ကျူး လွန်သူတွေကို အမှု ပိတ်သိမ်း အောင် ဆောင်ရွက်ပေးနေသလို ရှိနေပါတယ်။ ညှိနှိုင်းဆောင်ရွက် ကျေအေးမှုတွေကိုလည်း တရား ရုံးသွင်းဖို့ပဲ သူဟာ အကြံဉာဏ်ပေးသင့်ပါတယ်’’ဟု ဒေါ်သန္တာက ဆိုသည်။

ရန်ကုန်မြို့ ကျောက်တံတား မြို့နယ် လမ်း(၄၀)ရှိ အင်းဝအပ် ချုပ်ဆိုင်တွင် ကော့မှူးမြို့နယ်မှ အလုပ် လာရောက်လုပ်ကိုင်နေ သည့် အိမ်အကူမိန်းကလေးငယ် နှစ်ဦးအား ယင်းဆိုင်ပိုင်ရှင်က ကိုယ်လက်အင်္ဂါ ချို့ယွင်းသည် အထိ ညှဉ်းပန်းနှိပ်စက်ခဲ့မှုကို လူ့အခွင့်အရေးကော်မရှင်တွင် ညှိနှိုင်းဖြေရှင်းရာ၌ နစ်နာကြေးဖြင့် ပြီးဆုံးခဲ့သည်။

ယင်းသို့ ဖြေရှင်းပေးမှုအပေါ်လူ့အခွင့်အရေးကော်မရှင်၏လုပ် ဆောင်ချက်များကို ဝေဖန်မှုများ ပြင်းပြင်းထန်ထန်ရှိခဲ့သော်လည်း ယခုလ ၂၁ ရက်က ကျင်းပသော ကော်မရှင်သတင်းစာရှင်းလင်း ပွဲတွင် ‘‘ညှိနှိုင်းပေးလိုက်တယ်။ ကာယကံရှင် ကလေးတွေရဲ့အ မေ၊ တစ်ယောက်က အဒေါ်၊ သူ တို့က ကျေကျေနပ်နပ်ဖြစ်တဲ့အ တွက် ကောင်းသော လုပ်ဆောင် ချက်ပဲလို့ ယူဆပါတယ်’’ဟု ကော်မရှင်အဖွဲ့ဝင်တစ်ဦးက ပြောကြား ခဲ့ သည်။

သို့သော် စက်တင်ဘာ ၂၂ ရက်က ထုတ်ပြန်သော ၈၈ မျိုး ဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) လူထုဆက်ဆံ ရေးနှင့် လူ့အခွင့်အရေးဌာန၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ညှိနှိုင်းဖြေရှင်းမှု၌ ငွေကြေး၊ လျော်ကြေး တစ်စုံတစ်ရာ ပေးစေရုံမျှဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကွယ်ပျောက် စေခြင်းမျိုး မည်သည့်အခါမျှ ခွင့် မပြုထိုက်ပါဟု ပါရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ် စဉ်တွင် ကျူးလွန်ခဲ့သူများနှင့် တာဝန်ရှိသူများအားလုံးကို ထိရောက်စွာ အမြန်ဆုံး အရေးယူဆောင် ရွက်ပေးရန် ယင်းသဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

လက်ရှိ မြန်မာနိုင်ငံ အမျိုး သားလူ့အခွင့်အရေးကော်မရှင် ကို ယခင်အစိုးရလက်ထက်က ဖွဲ့စည်းပေးထားခြင်းဖြစ်ပြီး ကော် မရှင်၏ဥပဒေအရ အဖွဲ့ဝင်များ ရာထူးသက်တမ်း၊ ရာထူးမှ နုတ် ထွက်ခြင်း၊ တာဝန်မှ ရပ်စဲခြင်းနှင့် လစ်လပ်ရာထူးများ ခန့်အပ်ခြင်း တို့ကို နိုင်ငံတော် သမ္မတသည် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌတို့နှင့် ညှိနှိုင်းပြီး ဆောင်ရွက်နိုင်သည်ဟု လွှတ် တော်ကိုယ်စားလှယ်များထံမှ သိ ရသည်။

ပြည်သူ့လွှတ်တော်က လက် ခံလိုက်သော ဦးပြုံးချိုတင်သွင်း သည့် အရေးကြီးအဆိုကို ဆွေး နွေးလိုသည့် လွှတ်တော်ကိုယ်စား လှယ်များ ယနေ့(စက်တင်ဘာ ၂၃) ရက် နောက်ဆုံးထားပြီး ပြည် သူ့လွှတ်တော်ရုံးသို့ အမည်စာ ရင်းပေးရမည်ဖြစ်ကာ လာမည့် ရက်ပိုင်းအတွင်း ဆွေးနွေးမည် ဖြစ်သည်။