အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန်မြစ်ကြောင်းတစ် လျှောက် ကုန်တင်သင်္ဘောများ ဝင်ရောက်ရာတွင် ရေလမ်းကြောင်း ကောင်းမွန်စေရေး သောင်တူးရန် စီစဉ်နေကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သတင်းရရှိသည်။
ရန်ကုန်မြစ်အတွင်းသို့ ရေ အနက် ၉ မီတာ၊ တန်ချိန်တစ် သောင်းခွဲနှင့် သီလဝါဆိပ်ကမ်း တွင် ၉ မီတာ၊ တန်ချိန်နှစ်သောင်းကုန်တင်သင်္ဘောများ ခွင့်ပြုထား ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်မှ အကြီးတန်းအရာရှိတစ်ဦး က ပြောသည်။
‘‘သောင်တူး သင်္ဘောတွေ ငှားပြီး တူးခဲ့တာ ၂ နှစ်ရှိပြီ။ ဒါ ကြောင့် နောက်ပိုင်းမှာ အခက်အ ခဲမဖြစ်အောင် ကြိုတင်စီစဉ်ခြင်း ဖြစ်တယ်။ ပြည်တွင်း၊ ပြည်ပကုမ္ပ ဏီတွေကို ငါးနှစ်လုပ်ကိုင်ဖို့ တင် ဒါခေါ်ထားတယ်။ ရန်ကုန်မြစ် ကြောင်းကို အဓိက လုပ်ဆောင် သွားမယ်’’ဟု ၎င်းက ပြောသည်။
ရန်ကုန်မြစ် ရေလမ်း ကြောင်း အတွင်း သင်္ဘောများ ဖြတ်သန်း သွားလာမှုအဟန့်အတားဖြစ်စေ မည့် ရေတိမ်သောင်ထွန်းမှုများ ပေါ်ပေါက်လာပါက ပြန်လည်တူး ဖော်ထိန်းသိမ်းရန်၊ ရေအနက်နှင့် ရေလမ်းကြောင်းအကျယ်ကို တိုင်းတာစစ်ဆေးရန် ညှိနှိုင်းလုပ်ဆောင် မည်ဖြစ်ကြောင်း သိရသည်။
မြစ်ကြမ်းပြင် မြင့်တက်လာ ခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်း များကြောင့် ရေတိမ်သောင်ထွန်း မှုများဖြစ်ပေါ်သည်ဟု ဆိုသည်။ ထို့ကြောင့် တန်ချိန်များသည့် သ င်္ဘောများ ဝင်ရောက်နိုင်စေရန် ရေအနက် ပိုမိုများပြားအောင် မြစ်ရေလမ်းကြောင်း ကောင်းမွန်ရေး ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း အကြီးတန်းအရာရှိက ပြောသည်။
ရန်ကုန်မြစ်သည် မြစ်ဝမှ ဆူးလေ ဆိပ်ကမ်းအထိ ၃၂ ကီလိုမီတာ (ပေတစ်သိန်း)ကျော် ရှည်လျားပြီး ရေလမ်းကြောင်း တစ်လျှောက် ရေတိမ်သည့်နေရာနှစ်ခုရှိသည်ဟုဆိုသည်။ ရန်ကုန်မြစ်သို့ စတင်ဝင်ရောက်သော ရန်ကုန်မြစ်ဝဝန်းကျင်နှင့် သန်လျက်စွန်း စသောနေရာများသည် ရေတိမ်ပိုင်းဖြစ်ကြောင်းသိရသည်။
==================
251/End
၂၅ စက်တင်ဘာ ၂၀၁၆ - ၁၉:၃၆
News ID: 781417
ရန်ကုန်မြစ်ကြောင်းတစ် လျှောက် ကုန်တင်သင်္ဘောများ ဝင်ရောက်ရာတွင် ရေလမ်းကြောင်း ကောင်းမွန်စေရေး သောင်တူးရန် စီစဉ်နေကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သတင်းရရှိသည်။ ရန်ကုန်မြစ်အတွင်းသို့ ရေ အနက် ၉ မီတာ၊ တန်ချိန်တစ် သောင်းခွဲနှင့် သီလဝါဆိပ်ကမ်း တွင် ၉ မီတာ၊ တန်ချိန်နှစ်သောင်းကုန်တင်သင်္ဘောများ ခွင့်ပြုထား ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်မှ အကြီးတန်းအရာရှိတစ်ဦး က ပြောသည်။