အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
၂၁ ရာစုပင်လုံညီ လာခံကို ထောက်ခံသည့် လှုပ် ရှားမှုအဖြစ် တောင်ကြီးဒေသခံ စက်ဘီးစီးသမားတစ်ရာကျော် စု စည်းကာ စက်တင်ဘာ ၂၆ရက် တွင် တောင်ကြီးမြို့ ကျောက်တိုင် ကွင်းမှ ပင်လုံမြို့သို့ စက်ဘီးစီး၍ ထွက်ခွာသွားသည်။
စက်ဘီးစီးနင်းသည့် တစ် ရက်တာ လှုပ်ရှားမှုခရီးစဉ်အဖြစ် ပင်လုံမြို့အထိ ၆၄ မိုင်ခရီးကို သွားရောက်ပြီး ပင်လုံမြို့သို့ စက်တင်ဘာ ၂၆ရက် ညတွင် ရောက်ရှိမည်ဖြစ်ကာ စက်တင်ဘာ ၂၇ရက် နံနက်ပိုင်း၌ ပင်လုံမြို့မှ တောင်ကြီးမြို့သို့ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။
‘‘ကျင်းပပြီးစီးသွားတဲ့ ၂၁ရာ စုပင်လုံညီလာခံကိုထောက်ခံတဲ့ အနေနဲ့ မိုင်ပေါင်းများစွာ ဖြတ် သန်းပြီး စက်ဘီးစီးနင်းဂုဏ်ပြုမှာ ပါ။ ကျွန်တော်တို့ ဒီလိုကျင်းပဖို့ လုပ်ဆောင်တာပထမဆုံးအကြိမ် ဖြစ်ပါတယ်’’ဟု ပွဲဖြစ်မြောက်ရေး တာဝန်ခံ Taunggyi Freedom Riders အဖွဲ့မှ ဦးကျော်ကြီးက ပြောသည်။
တောင်ကြီးမြို့မှ ဟိုပုံး၊ မိုင်း ပွန်စသည့်မြို့များတွင် ခရီးတစ် ထောက်ရပ်နားရန်စီစဉ်ထားပြီး ခရီးလမ်းတစ်လျှောက်တွင် ကျန်းမာရေးအကူ ကားများ လိုက်ပါသွားမည်ဖြစ်ကာ စက်ဘီးစီးနင်းကြသူများ လွိုင်လင်မြို့သို့ ရောက်ရှိချိန်တွင် ပင်လုံမြို့မှ ဒေသခံစက်ဘီးစီး သမားများက လာ ရောက်ပူးပေါင်းပါဝင်မည် ဖြစ်သည်ဟု ဦးကျော်ကြီးက ပြော ကြားသည်။
ပင်လုံညီလာခံ ထောက်ခံ သည့်လှုပ်ရှားမှုကို ရှမ်းပြည်နယ် တောင်ပိုင်း၊ အရှေ့ပိုင်းနှင့် အခြား ဒေသများမှ စက်ဘီးသမားများပူး ပေါင်းပါဝင် လုပ်ဆောင်ခြင်းဖြစ်ပြီး ပင်လုံကျောက်တိုင်တွင် စက်ဘီးသမားများက အလေးပြုကြခြင်း၊ ငြိမ်းချမ်းရေးအတွက် ခိုဖြူလွှတ်ခြင်းနှင့် ပင်လုံတက္ကသိုလ် တွင် ချယ်ရီပန်းပင်များ စိုက်ပျိုးခြင်းတို့ ဆောင်ရွက်မည်ဖြစ် သည်။
‘‘တိုင်းရင်းသား ပေါင်းစုံက ငြိမ်းချမ်းရေးအတွက် ဆန္ဒရှိ တယ်။ ပြည်တွင်းငြိမ်းချမ်းရေးအ တွက် ၂၁ရာစုပင်လုံညီလာခံက နေ ဖော်ဆောင်နေတာကိုလည်း ကြိုဆိုတဲ့အနေနဲ့ လုပ်ဆောင်တာ ပါ’’ဟု တောင်ကြီးဒေသခံစက်ဘီး သမား ကိုစိုင်းကျော်သူကပြော ကြားသည်။
တောင်ကြီးမြို့မှ စက်ဘီးစီး နင်းသူများစတင်ထွက်ခွာစဉ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာမျိုး ထွန်း၊ စည်ပင်သာယာရေး ၀န်ကြီး ဦးဆွမ်စိုင်း၊ ဘဏ္ဍာအခွန် ၀န်ကြီး ဦးစိုင်းရှဲန်တစ်လုံနှင့် သဘာဝသယံဇာတနှင့် သစ်တောဝန်ကြီး ဒေါက်တာ ညီညီအောင်တို့ စက် ဘီးစီးနင်းလိုက်ပါ၍ အားပေးခဲ့ ကြသည်။
==================
251/End
၂၇ စက်တင်ဘာ ၂၀၁၆ - ၁၆:၃၄
News ID: 781834
၂၁ ရာစုပင်လုံညီ လာခံကို ထောက်ခံသည့် လှုပ် ရှားမှုအဖြစ် တောင်ကြီးဒေသခံ စက်ဘီးစီးသမားတစ်ရာကျော် စု စည်းကာ စက်တင်ဘာ ၂၆ရက် တွင် တောင်ကြီးမြို့ ကျောက်တိုင် ကွင်းမှ ပင်လုံမြို့သို့ စက်ဘီးစီး၍ ထွက်ခွာသွားသည်။ စက်ဘီးစီးနင်းသည့် တစ် ရက်တာ လှုပ်ရှားမှုခရီးစဉ်အဖြစ် ပင်လုံမြို့အထိ ၆၄ မိုင်ခရီးကို သွားရောက်ပြီး ပင်လုံမြို့သို့ စက်တင်ဘာ ၂၆ရက် ညတွင် ရောက်ရှိမည်ဖြစ်ကာ စက်တင်ဘာ ၂၇ရက် နံနက်ပိုင်း၌ ပင်လုံမြို့မှ တောင်ကြီးမြို့သို့ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။