အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကျောင်းသားအားကစားပွဲတော်ကို နိုင်ငံတော်အဆင့် ပြန်လည်ကျင်းပ ပြုလုပ်ပေးသွားမယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ပြောပါတယ်။
စက်တင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့တဲ့ အမျိုးသားလွှတ်တော်မှာ ကျောင်းသားလူငယ် အားကစားပွဲများကို နိုင်ငံတော်က ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ ကိုယ်စားလှယ် ၂ ဦးရဲ့ မေးမြန်းချက်ကို ဖြေကြားရင်း သူက ပြောခဲ့တာ ဖြစ်ပါတယ်။
“ကျောင်းသားလူငယ်အားကစားပွဲတော်အား ပြန်လည်ကျင်းပနိုင်ရေးအတွက် ယခု ပညာသင်နှစ်တွင် သက်တမ်းအလိုက် ဘောလုံးပြိုင်ပွဲများကို ပုံစံအမျိုးမျိုးနဲ့ ကျင်းပပေးလျက်ရှိပြီး အားကစားပြိုင်ပွဲအမျိုးအစားတိုးချဲ့၍ ပညာရေးဝန်ကြီးဌာနအနေဖြင့် စီမံချက်ရေးဆွဲပြုစုလို့ ခွင့်ပြုရန်ပုံငွေဖြင့် အစဉ်အလာ စွမ်းရည်ကောင်းသော အားကစားပြိုင်ပွဲများအတွက် ပညာရေး ၀န်ကြီးဌာန၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၊ သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များနှင့် ပူးပေါင်းစီစဉ် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း။”
၂၀၁၈ ခုနှစ်မှာလုပ်မယ့် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲများကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်တယ်လို့လည်း ၀န်ကြီးက လွှတ်တော်ထဲ ပြောခဲ့ပါတယ်။
ကျောင်းသားအားကစားပွဲတော်များကို ၁၉၉၁ ခုနှစ်ကနေ ၁၉၉၈ အထိ ၈ ကြိမ်တိုင် ပြည်နယ်တိုင်းများမှာ အလှည့်ကျ ပြုလုပ်ပေးခဲ့ဖူးပါတယ်။
၂၀၁၁ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ နေပြည်တော်မှာ နှစ်ကြိမ် ပြုလုပ်ခဲ့ဖူးပြီး အဲဒီ အားကစားပွဲတော်တွေကနေ ထူးချွန်တဲ့ အားကစားသမား ပေါ်ထွက်မှုကတော့ နည်းပါးပါတယ်။
==================
251/End
၂၈ စက်တင်ဘာ ၂၀၁၆ - ၁၉:၁၉
News ID: 782095
ကျာင်းသားအားကစားပွဲတော်ကို နိုင်ငံတော်အဆင့် ပြန်လည်ကျင်းပ ပြုလုပ်ပေးသွားမယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ပြောပါတယ်။ စက်တင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့တဲ့ အမျိုးသားလွှတ်တော်မှာ ကျောင်းသားလူငယ် အားကစားပွဲများကို နိုင်ငံတော်က ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ ကိုယ်စားလှယ် ၂ ဦးရဲ့ မေးမြန်းချက်ကို ဖြေကြားရင်း သူက ပြောခဲ့တာ ဖြစ်ပါတယ်။