အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစိုးရသစ်လက်ထက် ခြောက်လအတွင်း ဘုရင့်နောင် ပွဲရုံများ၏ အရောင်းအ၀ယ် သည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့် ကျဆင်းနေကြောင်း သတင်းရရှိ သည်။
‘‘အရောင်းအ၀ယ်က ပါး တယ်။ ဘုရင့်နောင်ဝင်းထဲမှာ လူ ရှင်းတာ ဘောလုံးကန်လို့ရတယ်’’ ဟု ကြက်သွန်နီကုန်သည်တစ်ဦး က ပြောသည်။
ပြီးခဲ့သည့် သြဂုတ်က တစ် ရက်လျှင် ပျမ်းမျှ မန်ကျည်းသီး ပိဿာချိန် ၅၀၀ ရောင်းရသော် လည်း လက်ရှိတွင် တစ်ရက်ပျမ်း မျှပိဿာချိန် ၂၀၀ ကျော်သာ အ ရောင်းအ၀ယ်ဖြစ်တော့ကြောင်း ကြက်သွန်ဖြူ၊ ချင်း၊ မန်ကျည်း သီးရောင်းဝယ်ရေး ရွှေအိုးပွဲရုံမှ ဦးတင်စိုးက ပြောသည်။
‘‘ဆိုင်တွေကလည်း များလာ တယ်။ ၀ယ်မယ့်သူတွေကလည်း အရင်လိုစုပြုံးပြီး မ၀ယ်တော့ဘူး။ အရင်က ၀ယ်နေကျ ကုန်ချိန်ထက်လျှော့ဝယ်လာကြတယ်။ လိုမှ ၀ယ်တဲ့သဘောပဲ’’ ဟု ဦးတင်စိုးက ပြောသည်။ပြည်ပမှ ကုန်အ၀ယ်များမှာ လည်း ယခင်နှစ် ပမာဏထက် ထက်ဝက်ခန့်ကျဆင်းနေကြောင်း ဘုရင့်နောင်ဈေးရှိ ပွဲရုံများမှ သ တင်းရရှိသည်။
‘‘အရည်အသွေး ညံ့လာ တော့ မ၀ယ်တော့တာလည်း ပါ တယ်။ ကြက်သွန်နီက ၀ါတဲ့အ ရောင်က နည်းသွားပြီ ညိုတဲ့အ ရောင်ဖြစ်လာပြီ။ ဒါတွေကြောင့် လည်း ကုန်အ၀ယ်ကနည်းသွား တယ်’’ဟု ကြက်သွန်နီကုန်သည် ကိုအောင်အောင်က ပြောသည်။
၎င်းက ဆက်လက်၍ ‘‘မြန် မာနိုင်ငံရဲ့ ဈေးကွက်စီးပွားရေးက လည်း ဟက်ဟက်ပက်ပက်မှ သိပ်မရှိတာ။ စပ်ကူးမပ်ကူးကာလဆို တော့ စီးပွားရေးက ဒီလိုပါပဲ။ တစ်ပြန်လောက်ရောင်းအားကျသွား တယ်။ တစ်ရက်ကို အိတ် ၅၀၀၊ ၆၀၀ ဆိုရင် ၂၀၀၊ ၃၀၀ လောက်ပဲ အခုက ရောင်းရတယ်’’ဟု ဆို သည်။ ယခင်က မြ၀တီကုန်သွယ် ရေးစခန်းသို့ တစ်ပတ်လျှင် ကုန် ချိန် ၁၀,၀၀၀ ခန့် တင်ပို့မှုရှိခဲ့ သော်လည်း လက်ရှိတွင် တစ်ပတ်လျှင် ကုန်ချိန်အနည်းဆုံး ၁,၅၀၀ မှ ၃,၀၀၀ ခန့်အထိသာ တင်ပို့နိုင် ကြောင်း ဘုရင့်နောင်ဈေးရှိ ပွဲရုံ များမှ သတင်းရရှိသည်။
ဘုရင့်နောင်ဈေးတွင် ယခု ရက်ပိုင်းအတွင်း အခြေခံ စား သောက်ကုန်များဖြစ်သည့် ကြက် သွန်နီတစ်ပိဿာလျှင် အနိမ့်ဆုံး ကျပ် ၂၀၀ ကျော်မှ ကျပ် ၆၀၀ အထိ၊ ကြက်သွန်ဖြူတစ်ပိဿာ လျှင် ကျပ် ၃,၄၀၀ ကျော်မှ ကျပ် ၃,၀၀၀ ခန့်၊ မန်ကျည်းသီးတစ် ပိဿာလျှင် ကျပ် ၂,၈၀၀ ကျော်မှ ၂,၉၀၀ အထိနှင့် အာလူးတစ်ပိ ဿာလျှင် အနိမ့်ဆုံးကျပ် ၂၅၀ မှ ကျပ် ၆၅၀ အထိ ပေါက်ဈေးရှိသည်။
===================
251 / End