၉ အောက်တိုဘာ ၂၀၁၆ - ၁၉:၂၈
မြေစာရင်းဌာနမှ အကျင့်ပျက်ဝန်ထမ်းများကိုဖော်ထုတ်အရေးယူပေးရန် တောင်သူလေးရာခန့် ဆန္ဒပြ

တိုင်း၊ ခရိုင်နှင့်မြို့နယ် မြေစာရင်းဌာနတို့မှ အကျင့်ပျက် ဝန်ထမ်းများကို ဖော်ထုတ် အရေးယူပေးရန် ဧရာဝတီတိုင်းရှိ မြို့နယ်ငါးမြို့နယ်မှ တောင်သူလေးရာခန့်က အောက်တိုဘာ ၇ ရက်တွင် ပုသိမ်မြို့၌ စုပေါင်း ဆန္ဒပြခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

တိုင်း၊ ခရိုင်နှင့်မြို့နယ် မြေစာရင်းဌာနတို့မှ အကျင့်ပျက် ဝန်ထမ်းများကို ဖော်ထုတ် အရေးယူပေးရန် ဧရာဝတီတိုင်းရှိ မြို့နယ်ငါးမြို့နယ်မှ တောင်သူလေးရာခန့်က အောက်တိုဘာ ၇ ရက်တွင် ပုသိမ်မြို့၌ စုပေါင်း ဆန္ဒပြခဲ့သည်။

ပုသိမ်၊ ကန်ကြီးထောင့်၊ ငပု တော၊ သာပေါင်းနှင့် မြောင်းမြ မြို့နယ်တို့မှ တောင်သူများသည် သိမ်းဆည်းခံထားရသည့် မြေယာများအရေး ဖြေရှင်းပေးရန် နည်းမျိုးစုံဖြင့် အကြိမ်များစွာ တောင်းဆိုခဲ့သည်။ သို့သော် မြေ ယာသိမ်းဆည်းထားသူများကို သာ တစ်ဖက်သတ် မြေယာချ ထားပေးမှုများ ရှိနေသဖြင့် ယင်း ကဲ့သို့ ဆန္ဒပြရခြင်းဖြစ်ကြောင်း ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးအောင်မြတ်သူက ပြောသည်။

‘‘၂၀၀၂ ကစပြီး မတရားခံခဲ့ ရတာပါ။ မြို့နယ်မြေစာရင်း ကျေးရွာအုပ်စုဥက္ကဋ္ဌနဲ့ ကျေးရွာ က ရာအိမ်မှူးပါတယ်။ သူတို့က ဒေသခံတွေကို အသိမပေးဘဲ ပြေစာတွေထုတ်ပြီး ရောင်းစားခဲ့ တယ်။ လုပ်ပိုင်ခွင့်တွေ ပြန်လျှောက် တယ်။ လိုချင်တဲ့အဖြေမရဘူး။ ပိုင်ဆိုင်ခွင့် ပြန်လျှောက်လည်း လိုချင်တဲ့အဖြေမရဘူး’’ဟု မြေ နှစ်ဧက  သိမ်းဆည်းခံခဲ့ရသူ ဦးကြည်မင်းက ပြောသည်။

ဆန္ဒပြသူများသည် နေ့လယ် ၁ နာရီတွင် ပုသိမ်မြို့ ပြည်ထောင်စုကွင်းရှိ ဗိုလ်ချုပ် အောင်ဆန်းရုပ်တုရှေ့မှ စတင် ကာ မဟာဗန္ဓုလလမ်းမကြီး အတိုင်း ပုသိမ်မြို့တွင်းရှိ လမ်း များသို့လှည့်လည်ကာ ၎င်းတို့ လိုလားချက်များအား တောင်းဆို ခဲ့ကြသည်။

‘‘ဖိုချောင်းနဲ့သဲဖြူ နှစ်ရွာ ကြားမှာ ပထမအုပ်ချုပ်ရေးမှူး ဟောင်း ဦးမန်းဂျော်နီက မြေယာ ဧကတစ်ထောင်ကျော်ကို မြေခွန် ပြေစာ ၃၈ စောင်နဲ့ အုပ်စိုးပြီး တော့ ဒေသခံတွေရဲ့ မြေယာတွေ၊ အိမ်ရာတွေ၊ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းမြေယာတွေကို လုပ်ပိုင်ခွင့်မပေးဘဲ အကုန်သိမ်း ထားတယ်။ မြောက်ဘက်ခြမ်းမှာ လည်း တိုင်းဦးစီး ဦးကျော်ထင်ရဲ့ တူဖြစ်တဲ့ ဦးဖြိုးဇင်က ဧကတစ် ထောင်ကျော်ကို သိမ်းထားတော့ ကျွန်မတို့ လုပ်ကိုင်စားသောက်လို့ မရဖြစ်နေပါတယ်။ အဲဒါကြောင့် မို့ ဒီမြေယာတွေနဲ့ပတ်သက်ပြီး ဆောင်ရွက်ပေးဖို့ အခုလို ဆန္ဒ ဖော်ထုတ်ရတာပါ’’ဟု သာပေါင်း မြို့နယ် ဖိုချောင်းကျေးရွာနေ ဒေါ်ညိုစမ်းက ပြောသည်။

===================    
251 / End