၁၀ အောက်တိုဘာ ၂၀၁၆ - ၁၄:၄၁
ထိုင်းဘုရင် ကျန်းမာရေးအခြေအနေ စိုးရိမ်ရဟု သတင်းထုတ်ပြန်

သက်တော် ၈၈ နှစ်အရွယ် ထိုင်းဘုရင်ကြီး ဘူမိဘောရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်ရတယ်လို့ နန်းတော်က အောက်တိုဘာ ၉ ရက် နှောင်းပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ထိုင်းဘုရင်ကြီးဟာ ကမ္ဘာမှာ နန်းသက်အရှည်ဆုံး ဘုရင်တပါး ဖြစ်သလို သူ့ရဲ့ ကျန်းမာရေးကိုလည်း ပြည်သူတွေက စိုးရိမ်တကြီး စောင့်ကြည့်နေကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

သက်တော် ၈၈ နှစ်အရွယ် ထိုင်းဘုရင်ကြီး ဘူမိဘောရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်ရတယ်လို့ နန်းတော်က အောက်တိုဘာ ၉ ရက် နှောင်းပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ထိုင်းဘုရင်ကြီးဟာ ကမ္ဘာမှာ နန်းသက်အရှည်ဆုံး ဘုရင်တပါး ဖြစ်သလို သူ့ရဲ့ ကျန်းမာရေးကိုလည်း ပြည်သူတွေက စိုးရိမ်တကြီး စောင့်ကြည့်နေကြပါတယ်။

ဘုရင်ကြီးဟာ မကျန်းမမာဖြစ်နေတာ နှစ်အတန်ကြာ ရှိခဲ့ပေမယ့် အခုလိုမျိုး စိုးရိမ်ရတဲ့ အခြေအနေ၊ မတည်ငြိမ်တဲ့ အခြေအနေကို နန်းတော်က သတင်းထုတ်ပြန်လေ့ မရှိပါဘူး။

အောက်တိုဘာ ၉ ရက် သတင်းထုတ်ပြန်ချက်ဟာ ဒီလထဲမှာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။

အောက်တိုဘာ ၁ ရက်နေ့တုန်းကလည်း အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်တဲ့အတွက် ကုသမှုခံယူခဲ့ရပြီး သက်သာလာတဲ့အကြောင်း နန်းတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အောက်တိုဘာ ၈ ရက် နှောင်းပိုင်းမှာထုတ်ပြန်တဲ့ သတင်းအရလည်း ဘုရင်ကြီးရဲ့ သွေးထဲမှာ အဆိပ်ဓာတ်နဲ့ ဆားဓာတ်များနေတဲ့အတွက် ပုံမှန်အခြေအနေရောက်အောင် သွေးသန့်စင်ပေးတဲ့ ကုသမှုကို ခံယူနေရတယ်လို့ ဆိုပါတယ်။

ကျန်းမာရေးအခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့လည်း နန်းတော်ရဲ့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

ဘူမိဘောဆိုတာ တိုင်းပြည်ရဲ့အင်အား၊ အနှိုင်းမဲ့စွမ်းအင်လို့ အဓိပ္ပာယ်ရပြီး ၁၉၄၆ ခုနှစ်ကတည်းက နန်းတက်ခဲ့ပါတယ်။

ထိုင်းပြည်သူတွေကြားထဲမှာ ဘူမိဘောဘုရင်ကြီးကို နိုင်ငံရဲ့ဖခင်အဖြစ်၊ တိုင်းပြည်ညီညွတ်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ဦးဆောင်မှုပေးခဲ့တဲ့ မင်းကောင်းမင်းမြတ်အဖြစ် ကြည်ညိုမြတ်နိုးကြပါတယ်။

===================
251 / End