၁၁ အောက်တိုဘာ ၂၀၁၆ - ၁၉:၁၄

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်နဲ့ အနီးဝန်းကျင်မှာ လူတစုက အကြမ်းဖက် ဗုံးဖောက်ခွဲဖို့ ကြံစည်နေကြောင်း သတင်းရထားတဲ့အတွက် ရဲတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်နဲ့ မသင်္ကာသူတွေကို ၀င်ရောက်စစ်ဆေး ဖမ်းဆီးခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်နဲ့ အနီးဝန်းကျင်မှာ လူတစုက အကြမ်းဖက် ဗုံးဖောက်ခွဲဖို့ ကြံစည်နေကြောင်း သတင်းရထားတဲ့အတွက် ရဲတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်နဲ့ မသင်္ကာသူတွေကို ၀င်ရောက်စစ်ဆေး ဖမ်းဆီးခဲ့ပါတယ်။

မြို့တော်လုံခြုံရေးရဲတပ်ဖွဲ့၊ ၁၉၁ အထူးရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့၊ ရဲကွန်မန်ဒိုတပ်ဖွဲ့ စတဲ့ ပူးပေါင်းရဲတပ်ဖွဲ့ဝင်အင်အား ၁၀၀ ကျော်ဟာ အောက်တိုဘာ ၁၁ ရက်နေ့ မနက်က ဘန်ကောက်မြို့ ရမ်ခမ်းဟမ် ၅၃ လမ်းပေါ်က အငှားတိုက်ခန်းတွေကို ၀င်ရောက်စစ်ဆေးပြီး  မသင်္ကာသူ ၁၀ ဦးကို ဖမ်းဆီးခဲ့တယ်လို့  မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၂၅ မှ ၃၀ ရက်နေ့အတွင်း ဘန်ကောက်နဲ့တကွ အနီးနား နယ်မြေ ၃ ခုလောက်မှာ မသမာသူတစုက ဗုံးဖောက်ခွဲဖို့ စီစဉ်နေကြောင်း သတင်းရဲတပ်ဖွဲ့က အကြောင်းကြားထားလို့ မသင်္ကာဘွယ် နေရာတွေကို စစ်ဆေးနေတယ်လို့ ကွန်မန်ဒိုရဲတပ်ဖွဲ့နဲ့ ၁၉၁ အထူးရဲတပ်ဖွဲ့ ယာယီတပ်ဖွဲ့မှူး ရဲမှူးချုပ် ဆူရချေ့တ် ဟတ်ဖန်းက သတင်းထောက်တွေကို ပြောပါတယ်။

အထူးသဖြင့် ဘန်ကောက် ထောင်းလန်မြို့နယ် ရမ်ခမ်းဟမ် ၅၃ လမ်းပေါ်က ၅ ထပ်တိုက်တခုကို စီးနင်းရှာဖွေပြီး မသင်္ကာဘွယ် လူ ၁၀ ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရဲမှူးချုပ်က ပြောပါတယ်။

ဒါ့အပြင် လက်ရှိ ဘန်ကောက်မှာ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပတဲ့ အာရှ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး Asia Cooperation Dialogue – ACD Summit  ကျင်းပချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် လုံခြုံရေးတိုးမြှင့် ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

===================    
251 / End