၁၂ အောက်တိုဘာ ၂၀၁၆ - ၁၇:၅၇
မြင်းခြံအကျဉ်းထောင်တွင် လေးနာရီကြာ ဆူပူမှုဖြစ်ပွား

မြင်းခြံအကျဉ်း ထောင်တွင် ထောင်သားများနှင့် ထောင်ပိုင် ပြဿနာဖြစ်ရာမှ အောက်တိုဘာ ၁၁ ရက်နံနက်က စတင်ကာ လေးနာရီကြာ အကျဉ်းထောင်ဆူပူမှုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ထောင် တာဝန်ရှိသူများကို အရေးယူရန် စီစဉ်နေကြောင်း သတင်းရရှိ သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မြင်းခြံအကျဉ်း ထောင်တွင် ထောင်သားများနှင့် ထောင်ပိုင် ပြဿနာဖြစ်ရာမှ အောက်တိုဘာ ၁၁ ရက်နံနက်က  စတင်ကာ လေးနာရီကြာ အကျဉ်းထောင်ဆူပူမှုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ထောင် တာဝန်ရှိသူများကို အရေးယူရန် စီစဉ်နေကြောင်း သတင်းရရှိ သည်။

မြင်းခြံအကျဉ်းထောင်ဆူပူ မှုနှင့်ပတ်သက်၍ အကျဉ်းဦးစီးဌာ န တာဝန်ရှိသူကမူ ‘‘အခြား တော့မဟုတ်ပါဘူး။ လူဦးရေ ကျပ်တော့ အိပ်စရာနေရာလေး တွေ မကျေနပ်ပြီးတော့ ဒါဖြစ် သွားတာပါ။ ဒါကိုအကြောင်းပြု ပြီးတော့ ကွမ်းမစားရ၊ ဆေးလိပ် မသောက်ရ အဲဒီလိုအခြေအနေ လေးတွေ။ ထောင်ထဲမှာ လုပ်လို့ မရတဲ့ဟာတွေကို တချို့ ထောင် ပြောင်း ရောက်လာတဲ့သူတွေ နည်းနည်း အခန့်မသင့်လို့ဖြစ် သွားတဲ့ဟာလေးပါ။ အခန့်မသင့် လို့ပဲဖြစ်သွားတာပါ။ ဘာမှ ကြီး ကြီးကျယ်ကျယ်ပြဿနာမရှိပါ ဘူး’’ဟု ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးကပြောသည်။

အောက်တိုဘာ ၁၁ရက် နံ နက် ၇နာရီခန့်တွင် အကျဉ်းသားအချင်းချင်းစကားများရာမှတစ်ဆင့်ဆူပူမှုဖြစ်ပွားခဲ့ပြီး အကျဉ်းသားအချင်းချင်းရန်ပွဲဖြစ်စေရန် ထောင်ပိုင်က ရန်တိုက်ပေးသည်ဟု အကျဉ်းသားအချို့ကယူဆရာမှ ဆူပူမှုဖြစ်ပွားရခြင်းဖြစ်သည်ဟု မြင်းခြံမြို့ခံနိုင်ကျဉ်းဟောင်းများ၏ သုံးသပ်ပြောကြားချက်အရသိရသည်။

‘‘စုံစမ်းစစ်ဆေးရေးတွေအခု လုပ်နေတယ်။ အခုထိတော့မသိ သေးဘူး။ ဥပဒေအကြံပေးအကုန် လုံးနဲ့ စစ်ဆေးမှုတွေလုပ်ပြီးတက် လာတော့မှ ပေါ်လာရင်ဘယ်သူ ကိုဘာလုပ်သင့်တယ်၊ အရေးယူ သင့်တယ်လာမှာပေါ့။ ထောင်မှူး ကိုတော့ အလောသုံးဆယ်အရေး ယူထုတ်ပစ်ပြောင်းပစ်ဖို့တော့မရှိ သေးပါဘူး’’ဟု အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်း ထွန်းစိုးကပြောသည်။

မြင်းခြံအကျဉ်းထောင်သည် အကျဉ်းသားတစ်ထောင်ခန့်သာ ထားရှိရမည်ဖြစ်သော်လည်း လက်ရှိတွင် အကျဉ်းသားနှစ်ထောင်ခန့်ရှိနေ၍ အကျဉ်းသားများအနေဖြင့် စားသောက်ရေးနှင့် နေထိုင်ရေးခက်ခဲမှုများ ကြုံတွေ့နေရသည်ဟု AAPP အဖွဲ့ဝင်၊ မြင်းခြံမြို့ခံနိုင်ငံရေးအကျဉ်းသားဟောင်း ဦးမျိုးဟန်က ပြောသည်။

‘‘အစားအသောက်နဲ့ နေရေး ထိုင်ရေးက တော်တော်ကျပ် တည်းပြီး အဆင်မပြေကြဘူးလို့ ကြားတယ်။ အစားအသောက်ဆို ရင်လည်း ခွဲတမ်းထက်လျှော့ ကျွေးတယ်။ နေရေးထိုင်ရေးဆို ရင်လည်း ခြောက်ပေပတ်လည်ခုံ ကို လူလေးယောက်ထားတယ် တဲ့။ ကျပ်တည်းလို့မကျေနပ်တာ ကြောင့် ခုလိုဆန္ဒပြကြတာ’’ဟု ဦးမျိုးဟန်ကပြောသည်။

အောက်တိုဘာ ၁၁ရက် နံ နက်က စတင်ဖြစ်ပွားခဲ့သည့် မြင်းခြံအကျဉ်းထောင်ဆူပူမှုသည်  နံနက် ၁၁နာရီခွဲတွင် ညှိနှိုင်းပြေလည်သွားပြီဖြစ်ပြီး အကျဉ်းထောင်အတွင်း ဆန္ဒပြမှုမရှိတော့ဘဲ ပုံမှန်အတိုင်းပြန်ဖြစ်နေပြီဖြစ်ကြောင်းမြင်းခြံအကျဉ်းထောင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အကျဉ်းသားများက မြင်းခြံ ထောင်ပိုင်အား ပြောင်းရွှေ့ပေး ရန်၊ စားဝတ်နေရေး၊ နေထိုင်ရေး နှင့် ကျန်းမာရေးအရ ကျပ်တည်း မှုများကို ဖြေရှင်းပေးရန်ဆိုသည့် အချက်သုံးချက်ကို အဓိကတောင်းဆိုခဲ့ပြီး ထောင်အာဏာပိုင်များ နှင့် ရဲတပ်ဖွဲ့တာဝန်ရှိသူများက တတ်နိုင်သမျှ လိုက်လျောပေး မည်ဆိုသောကြောင့် ညှိနှိုင်းပြေ လည်ခဲ့သည်ဟု မြင်းခြံအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦး အောင်မျိုးလတ်နှင့် မြင်းခြံဒေသခံနိုင်ကျဉ်းဟောင်းများက ပြောသည်။

အဆိုပါဖြစ်စဉ်တွင် အကျဉ်း ဦးစီးဌာနမှ တိုင်းအဆင့်တာဝန်ရှိ သူများ၊ ခရိုင်အဆင့်ရဲတပ်ဖွဲ့တာ ၀န်ရှိသူများနှင့် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များ၊ တရားသူကြီး၊ မြင်းခြံခရိုင် အမျိုးသားလွှတ်တော်ကိုယ်စား လှယ်များလည်းလာရောက်ဖြေ ရှင်းပေးခဲ့ကြသည်ဟုသိရသည်။

===================    
251 / End