၁၆ အောက်တိုဘာ ၂၀၁၆ - ၁၆:၀၂
ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး လမ်းစဉ် ဒေါ်အောင်ဆန်းစုကြည် ချပြ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ

ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုတည် ဆောက်ရေးလမ်းစဉ်ကို နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တစ် နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း နှစ်ပတ် လည်နေ့အထိမ်းအမှတ် အခမ်း အနားတွင် ပြောကြားသည့် မိန့် ခွန်း၌ ချပြခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုတည် ဆောက်ရေးလမ်းစဉ်ကို နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တစ် နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း နှစ်ပတ် လည်နေ့အထိမ်းအမှတ် အခမ်း အနားတွင် ပြောကြားသည့် မိန့် ခွန်း၌ ချပြခဲ့သည်။

ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး
‘‘ပထမအားဖြင့် နိုင်ငံရေး ဆွေးနွေးမှုမူဘောင် ပြန်လည်သုံး သပ်ရမှာဖြစ်ပါတယ်။ ဒုတိယ အားဖြင့် နိုင်ငံရေးဆွေးနွေးမှု မူ ဘောင် ပြန်လည်ပြင်ဆင်ရမှာဖြစ် ပါတယ်။ ဒီလိုသုံးသပ်ပြင်ဆင်တဲ့ နေရာမှာ အားလုံးပါဝင်နိုင်အောင် လို့ ကျွန်မတို့ အတတ်နိုင်ဆုံး စီစဉ် ထားပါတယ်’’ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။

ပြင်ဆင်အတည်ပြုပြီးဖြစ် သော နိုင်ငံရေးဆွေးနွေးမှု မူ ဘောင်နှင့်အညီ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံကျင်းပခြင်းဖြစ်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

‘‘ကျွန်မတို့ အခုဆိုရင် ၂၁ ရာစု ပင်လုံညီလာခံ ရလဒ်များ အား စုစည်းပြီး ပြည်ထောင်စုသ ဘောတူညီချက် (21st Century Panglon Conference Agree-ment) လက်မှတ်ထိုးခြင်းကို ဦးတည်ရပါမယ်။ ပြည်ထောင်စုသဘောတူညီချက်နဲ့အညီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသားခြင်း၊ အတည်ပြုခြင်းကို နောက်တစ်ဆင့်သွားရပါမယ်။ နောက်တစ်ဆင့်ကျတော့ ပြင်ဆင်ရေးသားအတည်ပြုပြီးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ကျင်းပဖို့ဖြစ်ပါတယ်။နောက်ဆုံးအဆင့်ကတော့ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ရလဒ်နဲ့အညီ ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ဖို့ပဲ ဖြစ်ပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံကို ၂၀၁၆ သြဂုတ် ၃၁ ရက်မှ စက် တင်ဘာ ၃ ရက်အထိ ကျင်းပခဲ့ပြီး  ပါဝင် တက်ရောက်သူများ လွတ်လပ်စွာ ဆွေးနွေး တင်ပြနိုင်ခဲ့သည်။ ပြည်ထောင်စုငြိမ်းချမ်း ရေး ညီလာခံ-၂၁ ရာစုပင်လုံ အစည်းအဝေးများကို ခြောက်လ တစ်ကြိမ်ပြုလုပ်ရန် စီစဉ်ထား သည်။

အဖွဲ့အစည်းများ အာဃာတဒေါ သမီးများ ငြိမ်းမှ ပြည်သူများ၏ သောကမီး ငြိမ်းမည်
ငြိမ်းချမ်းရေးရရှိရန် အတွင်း မီးများဖြစ်သည့် ဒေါသ၊ အာဃာ တများငြိမ်းရန် အလွန်အရေးကြီး ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က ကြိမ်ဖန်များစွာ လေးလေးနက် နက် ပြောကြားခဲ့သည်။

‘‘သက်ဆိုင်ရာပုဂ္ဂိုလ် အသီး သီး၊ အဖွဲ့အစည်းအသီးသီးက မိမိတို့အတွင်းက ဒေါသတွေ၊ အာဃာတတွေ ငြိမ်းအောင်လုပ် နိုင်မှ ကျွန်မတို့ စစ်မှန်တဲ့ ငြိမ်း ချမ်းရေးရနိုင်မှာပါ။

ကျွန်မတို့အဖွဲ့အစည်းများ အတွင်းမှာရှိတဲ့ အာဃာတဒေါသ မီးတွေ ငြိမ်းမှ ပြည်သူပြည်သား တွေရဲ့ သောကမီးတွေ ငြိမ်းနိုင် မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မ တို့ဟာ အပစ်အခတ်ရပ်စဲရေး Ceasefire အတွက် လုပ်တယ်ဆို ရာမှာ ကျွန်မတို့ရဲ့ ပြည်သူပြည် သားများကို သောကဖြစ်စေတဲ့ မီး များအားလုံး ငြိမ်းဖို့အတွက် လုပ် ရတာဖြစ်ပါတယ်။ အဲဒီတော့ ဒီ ဟာကို အဓိကထားပြီး ကျွန်မတို့ ရဲ့ အဖွဲ့အစည်းအသီးသီးက ဆင် ခြင်စေချင်ပါတယ်’’ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ကို လက်ခံကြောင်း ကရင်အမျိုးသားအစည်းအရုံး အ ထွေထွေအတွင်းရေးမှူး ဖဒိုစော ကွယ်ထူးဝင်းက ပြောသည်။

‘‘အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပြော ကြားချက်က တပ်မတော်ကိုလည်း ဆိုလိုတယ်။ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတွေကို လည်း ဆိုလိုတယ်’’ဟု ဖဒိုစော ကွယ်ထူးဝင်းက သူ၏ အမြင်ကို ပြောသည်။

ပြည်သူတွေကို လျှော့မတွက်နဲ့
‘‘ဒီလို ကျွန်မတို့ ကြိုးစားနေ တဲ့အခါမှာ တစ်နိုင်ငံလုံးကနေပြီး တော့ စောင့်ကြည့်နေကြပါတယ်။ တစ်နိုင်ငံလုံးက မျှော်လင့်ချက် ကြီးစွာနဲ့ စောင့်မျှော်နေကြပါ တယ်။ ပြီးတော့ ကျွန်မတို့ ပြည် သူတွေက အခုအစိုးရနဲ့တကွ တပ်မတော်၊ တိုင်းရင်းသားအဖွဲ့ များနဲ့ ဘာတွေလုပ်နေလဲဆိုတာ ကြည့်တဲ့အခါမှာ ကျွန်မတို့ရဲ့ ပြည်သူတွေကို လျှော့မတွက်ပါနဲ့ လို့ မေတ္တာရပ်ခံချင်ပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ထည့် သွင်းပြောကြားသည်။

ရေရှည်တွင် အဖြစ်မှန်အ တိုင်း ပြည်သူပြည်သားများက သိ ရှိမည်ဖြစ်ကြောင်း ၎င်းက ပြော သည်။

ပြည်သူကို လျှော့မတွက်ရန် နှင့် ပတ်သက်၍ ၁၉၈၈ ခန့်က အင်းလေးဘက်မှ ဆရာတော် ကြီးတစ်ပါး မိန့်ခဲ့သည့် သြ၀ါဒ စကားကို ဒေါ်အောင်ဆန်းစုကြည် က ပြန်လည်မျှဝေသည်။

မင်းသားကြီး ဦးဖိုးစိန် လောက် ကတတ်သည့်သူ ပရိ သတ်ထဲတွင်မရှိသော်လည်း ခြေ ထိုးကွက်အနည်းငယ်မျှ မှားလျှင် အားလုံးသိကြောင်း၊ စိန်ဗေဒါ လောက်တီးတတ်သူမရှိသော် လည်း တီးလုံးလေးတစ်ကွက်လွဲ သွားလျှင် အားလုံးသိကြောင်း၊ ဆိုလိုသည်မှာ ကိုယ်က ဘယ် လောက်ပဲတော်တော် ကိုယ့်ပရိ သတ်ကို အထင်မသေးရဘူးဆိုတဲ့ သဘောဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောပြသည်။

 ‘‘အဲဒီတော့ ကျွန်မတို့ရဲ့ အစိုးရနဲ့တကွ၊ တပ်မတော်နဲ့ တကွ တိုင်းရင်းသားညီအစ်ကို မောင်နှမများ၊ အဖွဲ့အစည်းများ ဟာ ကျွန်မတို့ ပြည်သူပြည်သား တွေရဲ့ ဆင်ခြင်တုံတရားကိုလျှော့ ပြီးတော့ မတွက်ပါနဲ့။ ကျွန်မတို့ ပြည်သူ ပြည်သားတွေဟာ တစ် ယောက်ချင်း တစ်ယောက်ချင်း အားဖြင့် အစိုးရအလုပ်ကို လုပ် နိုင်တဲ့ အရည်အချင်း ရှိချင်မှရှိ မယ်။ တပ်မတော်ရဲ့ တာဝန်တွေ ကို ထမ်းဆောင်နိုင်တဲ့ အရည်အ ချင်းရှိချင်မှရှိမယ်။ တိုင်းရင်းသား အဖွဲ့အစည်းတွေက ခေါင်း ဆောင်များရဲ့ အရည်အချင်းရှိချင် မှရှိမယ်။ ဒါပေမဲ့ ဒီနိုင်ငံကို ဘာ က အကျိုးပေးတယ်၊ ဘာက အ ကျိုးမပေးဘူးဆိုတာ ရေရှည်မှာ ပြည်သူပြည်သားအားလုံး သိကြ ပါတယ်။ ဒါကြောင့် ကျွန်မတို့နိုင်ငံ သူ နိုင်ငံသားတွေရဲ့ကူညီထောက် ပံ့မှုနဲ့အတူ လိုအပ်တဲ့ ခြေလှမ်းကို လှမ်းစေချင်ပါတယ်’’ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

ပြည်သူများက မျက်စိဒေါက် ထောက်ကြည့်နေသည်
‘‘ဘယ်သူတွေက တကယ် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုချင် သလဲ၊ ဘယ်သူတွေဟာ ငြိမ်းချမ်း ရေးကို တကယ်မလိုလားဘူးဆို တာဟာ ပြည်သူတွေ မကြာခင်မှာ မြင်ရမှာပါ။ ပြည်သူတွေကလည်း ဒါကိုမျက်စိဒေါက်ထောက်ကြည့် နေမှာဖြစ်ပါတယ်’’ဟု ဆက်လက် ပြောကြားသည်။

ပြည်သူများ၏ ထင်မြင် သုံးသပ်ချက်များကို အလေးထား ပြီး လုပ်ဆောင်သွားရမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

‘‘ပြည်သူပြည်သားတွေဟာ အစဉ်အမြဲလုပ်သမျှ မှန်တယ်လို့ မပြောပါဘူး။ အားလုံးဟာ အ တိုင်းအတာ အချိန်တစ်ခုအထိ တစ်ခဏလမ်းလွဲပေါ်မှာ ရောက် ရင်ရောက်သွားမယ်။ ဒါပေမဲ့ ထာဝရအားလုံးဟာ လမ်းလွဲပေါ် မှာ ရောက်မှာမဟုတ်ဘူး။ အ ကြောင်းကြောင်းမို့လို့ ပြည်သူ ပြည်သားတွေ နားမလည်တဲ့ကိစ္စ တွေရှိရင် ရှင်းလင်းဖို့ ကျွန်မတို့မှာ တာဝန်ရှိပါတယ်။ ဒီတာဝန်အရ အများနားလည်အောင်လို့ ရှင်း လင်းသွားမယ်ဆိုရင် ပြည်သူတွေ ဟာ မှန်မှန်ကန်ကန်နဲ့ ငြိမ်းချမ်း ရေးဖြစ်စဉ်ကို ၀န်းရံနိုင်လိမ့်မယ် လို့ ယုံကြည်ပါတယ်’’ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောကြား သည်။

အကောင်းဆုံး အမွေအနှစ် ငြိမ်းချမ်းရေး
‘‘ကျွန်မတို့ရဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများကို ကျွန်မ အထူးပဲ မေတ္တာရပ်ခံချင်ပါတယ်။ နာကြည်းချက်တွေရှိခဲ့တာတွေ ရှိ ကောင်းရှိပါလိမ့်မယ်။

ဒါတွေလည်း ကျွန်မတို့အ များစုဖြစ်တဲ့ ဗမာတိုင်းရင်းသား များအပေါ်မှာလည်း တာဝန်မ ကင်းဘူးဆိုတာလည်း လက်ခံပါ တယ်။ ဒါပေမဲ့လည်း အတိတ်ကို ပြန်ပြီးတော့ ကြည့်မနေပါနဲ့။ အ တိတ်က သင်ခန်းစာတွေကိုပဲ ယူ ပါ။ နောင်ကျရင် ကျွန်မတို့ မျိုး ဆက်တွေခံခဲ့ရတဲ့ ဒုက္ခတွေ၊သော ကတွေကနေ တတ်နိုင်သမျှ နောင် မျိုးဆက်တွေ ကင်းဝေးဖို့အတွက် ကြိုးစားကြပါ။ အကောင်းဆုံးအ မွေအနှစ်ကိုလည်း ဒီနိုင်ငံအတွက် ထားခဲ့ပေးပါ။

အကောင်းဆုံးအမွေအနှစ် ဆိုတာကတော့ ငြိမ်းချမ်းရေးပဲဆို တာ ဘယ်နှခါပဲ ထပ်ပြောပြော လုံလောက်မှာမဟုတ်ဘူးလို့ ထင် တာကြောင့် ဒါနဲ့ပဲ နိဂုံးချုပ်ပါရ စေ။ ကျွန်မတို့ နိုင်ငံရဲ့ နောင်လာ နောက်သားတွေအတွက် အ ကောင်းဆုံး အမွေအနှစ်ဖြစ်တဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် ကိုယ့် အတွင်းမီးတွေကိုလည်း ငြှိမ်းပြီး တော့ ၀ိုင်းဝန်းပြီး ဆောင်ရွက်ကြ ပါလို့ မေတ္တာရပ်ခံချင်ပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားခဲ့သည်။

 ဒေါ်အောင်ဆန်းစုကြည် သည် မိန့်ခွန်းအစောပိုင်းတွင် NCA စာချုပ်ကို ပထမဦးဆုံး လက်မှတ်ရေးထိုးဖြစ်အောင် ၀ိုင်း ၀န်းကူညီခဲ့သည့် ယခင်အစိုးရ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တကွ အားလုံးကို ကျေးဇူးတင် ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။

သို့သော် NCA လက်မှတ် ရေးထိုးပြီး တစ်နှစ်ကြာသော် လည်း မရေးထိုးရသေးသည့်အဖွဲ့ များ တစ်ဖွဲ့မျှထပ်မတိုးသေးသည် မှာ အင်မတန်မှ ၀မ်းနည်းစရာဖြစ် ကြောင်းလည်း ထည့်သွင်းပြော ကြားခဲ့သည်။

===================    
251 / End