၁၇ အောက်တိုဘာ ၂၀၁၆ - ၁၄:၃၇
ရှမ်း၊ ကချင်၊ ကရင်ပြည်နယ် စစ်ပွဲရပ်ရန် ဟားခါးတွင် ဆန္ဒပြ

ရှမ်း၊ ကချင်နဲ့ ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ချက်ချင်းရပ်ဖို့ ချင်းပြည်နယ်မြို့တော် ဟားခါးမြို့မှာ ဒီကနေ့မနက်က လူထုထောင်ချီ ဆန္ဒပြကြပါတယ်။ ဒီဆန္ဒထုတ်ဖော်ပွဲကို ဟားခါးမြို့ရှိ ၀မ္မတူးမောင်ကွင်းကနေ မနက် ၉ နာရီကနေ စတင်ချီတက်ပြီး မြို့သစ်ရှိ ဂျွန်ဘိကွင်းအထိ ချီတက်ဆန္ဒထုတ်ဖော်တာဖြစ်တယ်လို့ ဟားခါးမြို့ခံ ဦးဇာအောင်က ပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရှမ်း၊ ကချင်နဲ့ ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ချက်ချင်းရပ်ဖို့ ချင်းပြည်နယ်မြို့တော် ဟားခါးမြို့မှာ ဒီကနေ့မနက်က လူထုထောင်ချီ ဆန္ဒပြကြပါတယ်။

ဒီဆန္ဒထုတ်ဖော်ပွဲကို ဟားခါးမြို့ရှိ ၀မ္မတူးမောင်ကွင်းကနေ မနက် ၉ နာရီကနေ စတင်ချီတက်ပြီး မြို့သစ်ရှိ ဂျွန်ဘိကွင်းအထိ ချီတက်ဆန္ဒထုတ်ဖော်တာဖြစ်တယ်လို့ ဟားခါးမြို့ခံ ဦးဇာအောင်က ပြောပါတယ်။

“ကျနော်တို့ ဟားခါးမြို့ပေါ်မှာ ချီတက်တယ် တောင်းဆိုတဲ့ဟာက ရှမ်း၊ ကချင်၊ ကရင် တိုက်ပွဲ အမြန်ရပ်ပေးရေး၊ ၂၁ ပင်လုံညီလာခံ အောင်မြင်ရေး၊  တိုင်းရင်းသားအခွင့်အရေး တန်းတူရရှိရေး ဆိုပြီးတော့ ကြွေးကြော်တယ်။”

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကချင်ပြည်နယ်တွင်း စစ်ပွဲတွေရပ်ဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

အခုလပိုင်းအတွင်း ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ မြန်မာအစိုးရတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား နေ့စဉ်လိုလို တိုက်ပွဲတွေ ဖြစ်ပွားနေပြီး လူထုထောင်ချီ စစ်ဘေး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။  

===================    
251 / End