အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မန္တလေး မြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် ၇၆၀ မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်ပကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၅.၇ အဆင့်ရှိ အင်အား အသင့်အတင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
ဒီကနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ မြန်မာစံတော်ချိန် ၁၃ နာရီ ၄၄ မိနစ် ၄၇ စက္ကန့်အချိန်မှာ လှုပ်ခတ်သွားလို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အမေရိကန် ဘူမိဗေဒ လေ့လာရေးဌာနကတော့ ပစိဖိတ်ဒေသက ပါပူအာနယူးဂီနီ ကမ်းရိုးတမ်းမှာ ရစ်တာစကေး ၆ ဒသမ ၉ ရှိ အင်အားပြင်းမြေငလျင် ဒီကနေ့ လှုပ်ခတ်သွားတာ လို့ ထုတ်ပြန်ထား ပါတယ်။
ငလျင်ကြောင့် ဆူနာမိငလျင်ရေလှိုင်းသတိပေးချက်တွေကတော့ ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။
အလားတူ တရုတ်နိုင်ငံ တိဘက်ဒေသမှာလည်း ပြင်းအား ရစ်ခ်ျတာစကေး ၆ ဒသမ ၄ ရှိ မြေငလျင်တခု ဒီကနေ့ လှုပ်ခတ်သွားတယ်လို့ အမေရိကန် ဘူမိဗေဒလေ့လာရေးဌာနက ထုတ်ပြန်ထားပါတယ်။
===================
251 / End
၁၇ အောက်တိုဘာ ၂၀၁၆ - ၁၅:၄၂
News ID: 786086