အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံခြားမှ ၀င်ရောက် လာမည့် ရင်းနှီးမြှုပ်နှံမှုများသည် စာရင်းစာရွက်ပေါ်တွင်သာ အရေ အတွက်ဖော်ပြမှုမျိုး မဟုတ်ဘဲ အမှန်တကယ် ရင်းနှီးမြှုပ်နှံမှု လာ ရောက်လုပ်ကိုင်မည့် လုပ်ငန်းမျိုး ကိုလိုချင်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းကပြောကြားသည်။
စာရွက်ပေါ်တွင်သာ ရင်းနှီး မြှုပ်နှံမှုအရေအတွက်ပမာဏများ ပြီး နိုင်ငံအတွင်း၌ ကုန်ထုတ်လုပ် မှုမရှိသော ရင်းနှီးမြှုပ်နှံမှုမျိုးနှင့် ပတ်သက်၍ ၀န်ကြီးချုပ်က မေး ခွန်းထုတ်ကြောင်း အောက်တိုဘာ ၃၀ ရက်က ကျင်းပသည့်ကုန်သည် စက်မှုအသင်းချုပ်၏ နှစ်ပတ် လည်ပွဲတွင် ၀န်ကြီးချုပ်ကပြော သည်။‘‘ကျွန်တော်တို့ဆီကို နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုတွေလာမယ်ဆို ရင် တကယ်အလုပ်လုပ်မယ့်ရင်း နှီးမြှုပ်နှံမှုမျိုးကို ကျွန်တော်တို့လို ချင်ပါတယ်။ ကျွန်တော်တို့ရဲ့စာ ရင်းအင်းအပေါ်မှာ အရေအ တွက်များနေပြီး ကျွန်တော်တို့ နိုင်ငံအတွင်း ကုန်ထုတ်လုပ်မှု ဘာမှမရှိဘူးဆိုရင် ဒီကိုလာပြီး ရင်းနှီးမြှုပ်နှံတဲ့ပမာဏကို မေးခွန်း ထုတ်စရာရှိပါတယ်’’ဟု ၀န်ကြီး ချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။
အစိုးရသစ် လက်ထက် ခြောက်လအတွင်း နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု ၀င်ရောက်လာသည့် ပမာဏသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံခန့်ရှိသည်။ သို့သော် အဆိုပါ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အစိုးရသစ် လက် ထက်တွင် အသစ်ထပ်မံ ၀င် ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှု ငွေကြေးများပါဝင်သကဲ့သို့ ယခင် ခွင့်ပြုပြီးသား ရင်းနှီးမြှုပ်နှံမှုများ ၌ ထပ်မံတိုးချဲ့ ရင်းနှီးမြှုပ်နှံသည့် ငွေကြေးများပါဝင်ကြောင်းမြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် တာဝန်ရှိသူတစ်ဦးက ပြောသည်။
အမှန်တကယ် ရင်းနှီးမြှုပ်နှံ မှုများကိုသာ လိုချင်သည်ဟု ၀န် ကြီးချုပ်၏ ပြောကြားချက်သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မ ရှင်က ခွင့်ပြုချက်ရရှိပြီး လုပ်ငန်း မစတင်နိုင်သေးသည့် လုပ်ငန်း များ၊ သတ်မှတ်အချိန်အတွင်း မ ပြီးသည့် လုပ်ငန်းများရှိနေခြင်း ကြောင့်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စွာ ၀င်ရောက်ရင်းနှီးမြှုပ်နှံပြီး ပို့ ကုန်မြှင့်တင်နိုင်ရန် အစိုးရအနေ ဖြင့် နှုတ်အားဖြင့် အားပေးမှုမျိုး မဟုတ်ဘဲ လက်တွေ့ပါဝင် ဆောင်ရွက်ပေးမည်ဟု ၀န်ကြီး ချုပ်က ပြောသည်။ အစိုးရအနေ ဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ပို့ ကုန်တိုးမြှင့်မှုတို့တွင် စီးပွားရေး နှင့် သက်ဆိုင်သည့်ကဏ္ဍပေါင်းစုံ ၌ ၀င်ရောက်ကူညီပေးမည်ဖြစ်ပြီး ကုန်စည် စီးဆင်းမှု စရိတ်သက် သာမှု၊ အစိုးရ၏ စက်ယန္တရား များတွင် ကြိုးနီစနစ်များ လျှော့ချ နိုင်ရန် ဆောင်ရွက်ပေးမည်ဟု ၀န်ကြီးချုပ်ကဆိုသည်။
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ သည် ငွေကြေးပမာဏများစွာ ပါ ၀င်နေခြင်းကြောင့် နိုင်ငံတကာ လုပ်ငန်းရှင်များက နိုင်ငံရေး၊ တရားဥပဒေစိုးမိုးရေး စသည်တို့ ကို စနစ်တကျ လေ့လာခြင်း ကြောင့် အချိန်ကာလတစ်ခုယူ၍ လေ့လာပြီးမှသာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လေ့ရှိကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဒုတိ ယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင် လေးကပြောသည်။
===================
251 / End
အမှန်တကယ် လုပ်ငန်းလုပ်ကိုင်နိုင်မည့် ပြည်ပရင်းနှီးမြှုပ်နှံမှုသာ လိုချင်ကြောင်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းပြောကြား
၃၁ အောက်တိုဘာ ၂၀၁၆ - ၁၈:၃၃
News ID: 789002
နိုင်ငံခြားမှ ၀င်ရောက် လာမည့် ရင်းနှီးမြှုပ်နှံမှုများသည် စာရင်းစာရွက်ပေါ်တွင်သာ အရေ အတွက်ဖော်ပြမှုမျိုး မဟုတ်ဘဲ အမှန်တကယ် ရင်းနှီးမြှုပ်နှံမှု လာ ရောက်လုပ်ကိုင်မည့် လုပ်ငန်းမျိုး ကိုလိုချင်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းကပြောကြားသည်။