အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မောင်တောမြို့နယ် ငါးခူရဘင်္ဂါလီကျေးရွာတွင် ဈေး ဆိုင်ခန်း ခြောက်ခန်း မီးလောင် ကျွမ်းမှု အောက်တိုဘာ ၃၀ ရက်ည ၈ နာရီကျော်က ဖြစ်ပွားကြောင်း သတင်းရရှိသည်။
ငါးခူရဘင်္ဂါလီကျေးရွာမှ အ သက် (၄၀) အရွယ် နူရူဒိန် ပိုင် ဆိုင်သော ဈေးဆိုင်ခန်းမှ စတင် လောင်ကျွမ်းခဲ့ပြီး မီးလောင်ကျွမ်း ရာနေရာသို့ ငါးခူရ နယ်ခြားစောင့် ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွား ရောက်ငြှိမ်းသတ်ခဲ့သဖြင့် ည ၉ နာရီခန့်တွင် မီးငြိမ်းခဲ့ကြောင်း ငါးခူရ နယ်ခြားစောင့် ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
‘‘စုစုပေါင်း ဈေးဆိုင်ခန်း ခြောက်ခန်း ဖြစ်ပါတယ်။ မီး လောင်ကျွမ်းမှုဖြစ်ပွားခဲ့တဲ့ ဈေး ဆိုင်ပိုင်ရှင်ကတော့ ထွက်ပြေး တိမ်းရှောင်နေပါတယ်။ ကျွန် တော်တို့တော့ ဖမ်းဆီးရမိဖို့ စုံ စမ်းနေပါတယ်’’ဟု အထက်ပါ ရဲ အရာရှိက ဆိုသည်။
မီးလောင်ဆုံးရှုံးသွားသည့် ဈေးဆိုင်ခန်းများသည် ဓနိမိုး၊ ၀ါး ထရံကာ မြေစိုက်ဆိုင်ခန်းများဖြစ် ကြောင်း သိရသည်။
မောင်တောနယ်စပ်ဒေသ တွင် အကြမ်းဖက်မှု ဖြစ်ပွားပြီး နောက် လုံခြုံရေးစိုးရိမ်နေချိန် မီး လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းမှာ ဒေသခံ တိုင်းရင်းသားများ၏ စိုး ရိမ်စိတ်ကို ပိုမိုလွန်ကဲစေကြောင်း ငါးခူရကျေးရွာမှ ရပ်မိရပ်ဖ ဦးဘ တင်က ပြောသည်။
‘‘ဘင်္ဂါလီတွေက တိုင်းရင်း သားတွေ ကြောက်လန့်ထွက်ပြေး အောင် နည်းမျိုးစုံနဲ့ ဆောင်ရွက် မှာဖြစ်ပါတယ်။ အဲဒါကို တိုင်း ရင်းသားတွေက သတိရှိဖို့ လိုပါ တယ်။ သက်ဆိုင်ရာကတော့ ထိ ရောက်တဲ့ အရေးယူမှုတွေ ဆောင် ရွက်ပေးသင့်ပါတယ်’’ဟု ဦးဘ တင်က ဆိုသည်။
အဆိုပါ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ ငါးခူရနယ်ခြားစောင့် ရဲစခန်းက ပြစ်မှုပုဒ်မ ၄၃၆ အရ အမှုဖွင့်ထားပြီး မီးစတင်လောင် ကျွမ်းမှုဖြစ်ပွားသည့် ဈေးဆိုင်ခန်း ပိုင်ရှင် နူရူဒိန်ကို ဖမ်းဆီးရမိနိုင် ရေး ဆောင်ရွက်နေကြောင်း သ တင်းရရှိသည်။
===================
251 / End
၁ နိုဝင်ဘာ ၂၀၁၆ - ၁၈:၄၉
News ID: 789231
မောင်တောမြို့နယ် ငါးခူရဘင်္ဂါလီကျေးရွာတွင် ဈေး ဆိုင်ခန်း ခြောက်ခန်း မီးလောင် ကျွမ်းမှု အောက်တိုဘာ ၃၀ ရက်ည ၈ နာရီကျော်က ဖြစ်ပွားကြောင်း သတင်းရရှိသည်။