၂ နိုဝင်ဘာ ၂၀၁၆ - ၁၉:၃၈
ဒေါ်အောင်ဆန်းစုကြည် ဂျပန်ခရီးစဉ်နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အလားအလာ

မြန်မာ အစိုးရအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၁ ရက်ကစ၍ ဂျပန် နိုင်ငံသို့ ငါးရက်ကြာ အလည်အ ပတ်ခရီးစဉ် စတင်ခဲ့သည်။ အဆိုပါ ခရီးစဉ်သည် ဒေါ် အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဒီချုပ်)ပါတီ ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို ရလဒ်ဖြင့် အနိုင် ရပြီးနောက်ပိုင်း ဂျပန်သို့ ပထမ ဆုံးအကြိမ် သွားရောက်ခြင်း လည်းဖြစ်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မြန်မာ အစိုးရအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၁ ရက်ကစ၍  ဂျပန် နိုင်ငံသို့ ငါးရက်ကြာ အလည်အ ပတ်ခရီးစဉ် စတင်ခဲ့သည်။

အဆိုပါ ခရီးစဉ်သည် ဒေါ် အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဒီချုပ်)ပါတီ ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို ရလဒ်ဖြင့် အနိုင် ရပြီးနောက်ပိုင်း ဂျပန်သို့ ပထမ ဆုံးအကြိမ် သွားရောက်ခြင်း လည်းဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေး ဝန်ကြီးရာထူးများ ရယူထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်သည် နေပြည်တော်နှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် လိုလားသည့် တိုကျိုအတွက် အခွင့်လမ်းကောင်း တစ်ရပ်လည်းဖြစ်သည်။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ခရီးစဉ်သည် နေပြည်တော်အစိုး ရနှင့် တိုကျိုအစိုးရတို့ကြား ပူး ပေါင်း ဆောင်ရွက်မှုများ မြှင့်တင် နိုင်ရန် အခွင့်အရေး တစ်ခုလည်း ဖြစ်နိုင်သည်ဟု လေ့လာသူများက သုံးသပ်ထားသည်။

 ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံကို တပ်မတော် အစိုးရ အုပ်ချုပ်နေသည့် ကာလ များအတွင်း ဂျပန်အစိုးရ၏ စီးပွား ရေး အကူအညီပေးမှုများကို ဝေ ဖန် ပြစ်တင်ခဲ့ဖူးသည်။

‘‘ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အတိတ်တုန်းက ဂျပန်နဲ့ ပတ်သက်ပြီး စိတ်မသက်မသာ ခံစားချက်မျိုး ရှိကောင်း ရှိခဲ့ပါ လိမ့်မယ်။ ဒါပေမဲ့ လက်ရှိ အနေ အထားကတော့ ဂျပန်နဲ့ မြန်မာ နိုင်ငံတွေကြားမှာ လက်တွေ့ကျ တဲ့ ကောင်းကျိုးတွေ ဖော်ဆောင် ရာမှာ လက်တွဲဆောင်ရွက်ဖို့ အ ကောင်းဆုံး ဖြစ်လာပါပြီ’’ ဟု တို ကျိုရှိ နိုင်ငံရေး လေ့လာမှု အမျိုး သား ပညာရေး ဌာနမှ မြန်မာ့ အရေး လေ့လာသူ ပါမောက္ခ တို ရှီဟီရိုကူဒိုက ပြောကြားခဲ့သည်။

‘‘အရင်တုန်းကဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော် အစိုးရရဲ့ နေအိမ်အကျယ် ချုပ်နဲ့ ထိန်းသိမ်းမှုကို နှစ်ရှည်လ များ ကြုံခဲ့ရတာပါ။ အဲဒီအချိန်တွေ ကတည်းက ဂျပန်နိုင်ငံဟာ မြန် မာ ပြည်သူတွေရဲ့ လူနေမှုဘဝ မြှင့်တင်ရေးနဲ့ နိုင်ငံရဲ့ စီးပွားရေး ကဏ္ဍ မြင့်မားလာရေး အတွက် ကြိုးစားကူညီမှုတွေ ရှိခဲ့ပါတယ်’’ ဟု ၎င်းက ဆိုသည်။

သို့သော် ဒေါ်အောင်ဆန်းစု ကြည်သည် အာဏာရ အစိုးရ အဖွဲ့ကို ဦးဆောင်လာချိန်တွင် လက်တွေ့ကျသော နည်းလမ်း များ ကျင့်သုံးခဲ့ပြီး တပ်မတော် ခေါင်းဆောင်များ၊ ခရိုနီစီးပွားရေး လုပ်ငန်းရှင်များနှင့် တစ်ချိန်က သဘော ထား ကွဲလွဲမှုကို ဘေးဖယ် ထားရန် ဆုံးဖြတ်ခဲ့သည်။ ခရိုနီ များသည် စစ်အစိုးရခေတ်က နိုင်ငံစီးပွားရေးကို လက်ဝါးကြီး အုပ်ကာ ကိုယ်ကျိုးရှာခဲ့သူများ အဖြစ် စွပ်စွဲခံနေရသည်။

ဒေါ်အောင်ဆန်းစုကြည် သည် နေအိမ်အကျယ်ချုပ် ဘဝ ဖြင့် ၁၄ နှစ်ကြာ ထိန်းချုပ်ထားခဲ့ သည့် ယခင်တပ်မတော်အစိုးရ ခေါင်းဆောင်ဟောင်းများနှင့်ပါ ဆက်ဆံရေး ကောင်းမွန်အောင် ထိန်းသိမ်း တည်ဆောက်နေ ကြောင်း သတင်းများလည်း ထွက် ပေါ်နေသည်။ ထို့အပြင် တစ်ချိန် က ခရိုနီများကို ပစ်မှတ်ထား ဝေ ဖန်ခဲ့ခြင်းများကိုလည်း ထိန်းသိမ်း ချုပ်တည်းသွားမည့် အလားအ လာ ရှိနေကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လက်တွေ့ကျသော မူဝါဒ အ ပြောင်းအလဲများက တိုကျိုတွင် မြန်မာနှင့် ဂျပန်ကြား ပိုမိုအား ကောင်းသည့် ပူးပေါင်းဆောင် ရွက်မှုများ ဖော်ဆောင်ရေး ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ဆွေးနွေးရာ၌ ကြီးကြီးမားမား အထောက်အကူ ဖြစ်လာဖွယ်ရှိနေကြောင်းလည်း ကူဒိုက ထောက်ခံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အဓိက ရည်မှန်းချက်မှာ မြန်မာ နိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းရေး ကို အရှိန်မြှင့်တင်ပြီး ပြည်တွင်း တိုင်းရင်းသား လက်နက်ကိုင် အ ဖွဲ့အစည်းများကြား ငြိမ်းချမ်းရေး တည်ဆောက်ပေးရန် ဖြစ်သည်။

၎င်းဦးဆောင်သော အစိုးရ အဖွဲ့ အာဏာရလာသည့်တိုင် မြန်မာနိုင်ငံ၏ အဓိကစီးပွားရေး အရင်းအမြစ်များကို လက်ရှိအ ချိန်ထိ ဩဇာကြီးမားနေဆဲဖြစ် သော တပ်မတော်အသိုင်းအဝိုင်း က ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က လက် တွေ့ကျကျ နားလည်ထားဖွယ်ရှိ သည်။ ၎င်း၏ ရည်မှန်းချက်များ ပြည့်မြောက်အောင် အကောင်အ ထည် ဖော်ရာ၌ စီးပွားရေးကဏ္ဍ တိုးတက်မှုက အရေးကြီးသည့် ညွှန်းကိန်းတစ်ခု ဖြစ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး တိုးတက်မှုကို လိုလား သော ချဉ်းကပ်မှု ပုံစံသစ်အတွက် ထင်ရှားသည့် ဥပမာ တစ်ရပ်အ ဖြစ် အောက်တိုဘာ ၂၂ ရက်တွင် နေပြည်တော်၌ စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့မှုကို ကူဒိုက ထောက်ပြသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဒေါ် အောင်ဆန်းစုကြည်က နိုင်ငံစီး ပွားရေး တိုးတက်မှု နှေးကွေးနေ ခြင်းအပေါ် ပြည်သူများ၏ ဝေဖန် ထောက်ပြမှုများကို အစိုးရက နားလည်သိရှိထားကြောင်း ပြော ကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာအစိုးရ အဖွဲ့သည် နိုင်ငံစီး ပွားရေး တိုးတက်လာမှုကို အလို လားဆုံးဖြစ်ကြောင်း၊ နိုင်ငံစီးပွား ရေး တိုးတက်လာမှသာ ဒီမိုကရေ စီ ဖော်ဆောင်ရေး လုပ်ငန်းစဉ် များအတွက် အထောက်အပံ့ ရနိုင် မည်ဖြစ်ကြောင်းလည်း မှတ်ချက် ပေးခဲ့သည်။

ချီဘာမြို့ရှိ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးရေးဌာနမှ သုတေသီတစ်ဦး ဖြစ်သော နိုရီယူကီ အိုဆာဒါးကမူ ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန် ခရီးစဉ်မှာ မြန်မာနိုင်ငံ၏ သံတမန် ရေးရာ ရပ်တည်မှုကို ပိုမိုဟန် ချက်ညီစေရန် (သို့မဟုတ်) သံရေး တမန်ရေးတွင် ဦးတည်ချက် အ များအပြား ဖြန့်ကြက်သည့် ချဉ်း ကပ်မှုမျိုး ဖော်ဆောင်ရန် ဖြစ်နိုင် ကြောင်း ယူဆနေသည်။

 ဒေါ်အောင်ဆန်းစုကြည် သည် ပြီးခဲ့သည့် လပိုင်းအတွင်း ထိုင်း၊ တရုတ်၊ အိန္ဒိယနှင့် အမေ ရိကန်တို့သို့ နိုင်ငံတော်ခရီးစဉ်များ သွားရောက်ကာ ပြည်တွင်းတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရန် အားထုတ်ဆွေးနွေးခဲ့သည်။ ‘‘ကျွန်တော့်အမြင်အရတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တစ် ချိန်တည်းမှာ တရုတ်ရော၊ ဂျပန်ကို ပါ ဟန်ချက်ညီညီထိန်းသိမ်း ဆက် ဆံဖို့ လုပ်နေတာလို့ ထင်ပါတယ်။အာရှရဲ့ စီးပွားရေး အင်အားကြီး နှစ်နိုင်ငံစလုံးဆီက ရင်းနှီးမြှုပ်နှံမှု နဲ့ စီးပွားရေး အထောက်အပံ့တွေ ရယူနိုင်ဖို့ ကြိုးစားနေပုံရတယ်’’ ဟု အိုဆာဒါး က သုံးသပ်ခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစု ကြည် အလေးအနက် သတိပြု သင့်သည့် တစ်ချက်မှာ ၎င်း၏ လုပ်ပိုင်ခွင့် အာဏာသည် သာမန် ပြည်သူများ၏ ထောက်ခံလေးစား မှုအပေါ် အပြည့်အဝ တည်မှီနေ ခြင်းဖြစ်ကြောင်း အိုဆာဒါးက ပြောကြားခဲ့သည်။

အကယ်၍ ဖွံ့ဖြိုးရေး စီမံ ကိန်းများအတွက် တပ်မတော်နှင့် ဆက်စပ် စီးပွားရေး လုပ်ငန်းကြီး များအပေါ် အခွင့်အရေးများစွာ ပေးခဲ့ရပါက သာမန်ပြည်သူများ၊ အထူးသဖြင့် လူနည်းစု တိုင်းရင်း သားများ၏ အကျိုးစီးပွားကို ထိ ခိုက်သွားနိုင်သည့် အခြေအနေ ရှိနေသည်။ ထိုအချိန်တွင် ဒေါ် အောင်ဆန်းစုကြည် ဦးဆောင် သည့် အစိုးရအတွက် ကြီးမား သော ထိုးနှက်ချက်များ ဖြစ်လာ လိမ့်မည်ဟု အိုဆာဒါးက သတိ ပေးခဲ့သည်။

‘‘အခုအချိန်ထိ မြန်မာပြည် သူတွေက ဒေါ်အောင်ဆန်းစု ကြည်ကို အားတက်သရော ထောက်ခံ ရပ်တည်နေတုန်းပဲ။ ဒီ တော့ လောလောဆယ် ပြဿနာ မရှိဘူး။ ဒါပေမဲ့ အနာဂတ်မှာ ဒီကိစ္စက တကယ့်အရေးတကြီး မေးခွန်းထုတ်စရာ ဖြစ်လာနိုင် တယ်။ နောက်လာမယ့် ငါးနှစ်၊ ဒါမှမဟုတ် ဆယ်နှစ်လောက် အ တွင်းမှာပေါ့’’ ဟု ၎င်းက ပြော ကြားခဲ့သည်။

ကူဒိုကမူ ဒေါ်အေင်ဆန်းစု ကြည်၏ ခရီးစဉ်က မြန်မာနိုင်ငံထဲ တွင် ဂျပန်ကုမ္ပဏီများ ပါဝင် ရင်း နှီးမြှုပ်နှံမှု အရှိန်အဟုန်ကို မြှင့် တင်နိုင်မည့် အခွင့်အလမ်းမျိုး တိုးပွားလာစေရန် မျှော်လင့်နေ သည်။

အမေရိကန် အစိုးရသည် မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ် ဆို့မှုများ ဆယ်စုနှစ်နှစ်ခုနီးပါး မျှ သတ်မှတ်ခဲ့သော်လည်း ၂၀၁၂ မှစ၍ ပိတ်ပင်မှုများကို တဖြည်း ဖြည်း ပြန်လည် လျှော့ချပေးခဲ့ သည်။ အောက်တိုဘာ ၇ ရက် တွင်မူ ဝါရှင်တန်၌ ဒေါ်အောင် ဆန်းစုကြည်ကို လက်ခံကြိုဆို ပြီးနောက် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မြန်မာ နိုင်ငံအပေါ် ပိတ်ဆို့မှုအားလုံး ဖယ်ရှားတော့မည်ဟု အတည်ပြု ကြေညာခဲ့သည်။

ထို့ကြောင့် ယခင်တပ်မတော် အစိုးရနှင့် ဆက်စပ်မှု ရှိခဲ့သော မြန်မာ စီးပွားရေး လုပ်ငန်းများနှင့် လူပုဂ္ဂိုလ်ပေါင်း ၁၀၀ မျှတို့သည် အမေရိကန် စီးပွားရေးလုပ်ငန်း များနှင့် တိုက်ရိုက်လက်တွဲ အ လုပ်လုပ်ခွင့် ရရှိလာမည်ဖြစ် သည်။ ယခင်က ဂျပန်ကုမ္ပဏီ အ များအပြားသည်လည်း အမေရိ ကန်၏ နာမည်ပျက်စာရင်းတွင် ပါဝင်ခဲ့သည့် မြန်မာ့စီးပွားရေး လုပ်ငန်းများကို ရှောင်ဖယ်နေခဲ့ သည်။

မြန်မာသည် လူဦးရေ ၅၁ ဒသမ ၄ သန်းမျှ မှီတင်းနေထိုင်ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့အပါ အဝင် သယံဇာတများ ပေါကြွယ်ဝ လွန်းသည့် နိုင်ငံတစ်ခု ဖြစ်သည်။ တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံများနှင့် နယ်နိမိတ် ထိစပ်နေပြီး အာဆီ ယံ အသိုက်အဝန်းတွင် နောက် ဆုံးလက်ကျန် စီးပွားရေး မျက်နှာ စာသစ် တစ်ခုအဖြစ် ညွှန်းဆိုခံရ သည်။

တပ်မတော် အစိုးရသည် ၂၀၁၁ ၌ နိုင်ငံခြားငွေ ကိုင်ဆောင် မှုနှင့် ပတ်သက်၍ တင်းကျပ် သော စည်းမျဉ်းများကို စတင်ဖယ် ရှားပေးခဲ့ပြီးနောက် ၂၀၁၂ ကစ၍ မြန်မာနိုင်ငံတွင် ဂျပန်၏ ရင်းနှီး မြှုပ်နှံမှုများ ပိုမိုအားကောင်းလာ သည်။

သို့သော် မြန်မာနိုင်ငံတွင် နယ်ပယ်ကဏ္ဍ အသီးသီး၌ အ ခြေခံ အဆောက်အအုံ ခေါင်းပါး လိုအပ်ချက်များ ကြီးမားစွာရှိနေ ဆဲ ဖြစ်သည်။ စိတ်ချယုံကြည်နိုင် သည့် လျှပ်စစ်ဓာတ်အား ထောက် ပံ့မှုစနစ်၊ အဝေးပြေးလမ်းနှင့် လေယာဉ်ကွင်းများ၊ တိကျသည့် တရားဥပဒေစံနှုန်းများ ရှိမနေ သေးခြင်းက မြန်မာနိုင်ငံသို့ စော စောစီးစီး ဝင်ရောက်မြှုပ်နှံမည့် ဂျပန်ကုမ္ပဏီများ၏ တက်ကြွ ထက်သန်မှုကို ဆုတ်ဆိုင်းသွား စေကြောင်း ကူဒိုက ဆိုသည်။

‘‘ဒါက ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခု လေ။ အဲဒီလို နိုင်ငံမှာ စီးပွားရေး အစပြုပြီး သွားလုပ်မယ်ဆိုရင် ပြဿနာတွေ အများကြီးနဲ့ ရင်ဆိုင် ရမှာပဲ။ အဲဒီမှာ ရင်းနှီးမြှုပ်နှံ ထားတဲ့ ဂျပန်ကုမ္ပဏီ အများစုက အမြတ်အစွန်း ကြီးကြီးမားမားမရ သေးဘူး’’ ဟု ကူဒိုက မှတ်ချက် ပြုခဲ့သည်။

သို့သော် အဆိုပါ အခက်အခဲ အတားအဆီးများသည် ဂျပန်စီး ပွားရေး လုပ်ငန်းများအတွက် ရေ ရှည် ပြဿနာများအဖြစ် တည်မြဲ နေဖွယ် မရှိချေ။

‘‘မြန်မာနိုင်ငံဟာ အလား အလာကောင်းတွေ အများကြီး ပိုင်ဆိုင်ထားတယ်။ ဒီတော့ ဒီနိုင်ငံအပေါ် မျှော်လင့်ချက်ထားနေတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေလည်း အများကြီး ရှိမှာပဲ။ တက်ကြွမှု ပိုင်းမှာ အားလျော့သွားတယ် ဆို တာကလည်း လူမှုအခြေခံ အ ဆောက်အအုံတွေနဲ့ ဥပဒေရေးရာ အားနည်းချက်တွေကြောင့်သာ ယာယီ ဖြစ်နေတာပါ’’ ဟု အို ဆာဒါးက သုံးသပ်ပြောကြားသွား သည်။

===================    
251 / End