အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လ၀က အက်ဥပဒေ ပုဒ်မ ၅၃ (၂) ဖြင့် ဒဏ်ငွေတစ်သိန်း ပေးဆောင်ရန် ပြစ်ဒဏ်ချခံထားရသည့် တရုတ်နိုင်ငံသားအား အိုးဘိုထောင်သို့ ပို့ဆောင်နေစဉ်
နိုင်ငံသား စိစစ်ရေးကတ်နှင့် နိုင်ငံကူးလက်မှတ် တရားမ၀င် ပြုလုပ်ကိုင်ဆောင်ကာ မန္တလေးမြို့သို့ ၀င်ရောက်လာသော တရုတ်နိုင်ငံသားအား တရားရုံးက အမိန့်ချမှတ်မှုမှာ ပြစ်မှုနှင့်ပြစ်ဒဏ် ညီမျှမှု မရှိသဖြင့် တရားလို လ၀ကဦးစီးမှူးက ပြင်ဆင်ချက် လျှောက်ထားသော်လည်း ဥပဒေအရာရှိမှ လက်ခံခြင်းမရှိ
နိုင်ငံသား စိစစ်ရေးကတ်နှင့် နိုင်ငံကူးလက်မှတ် တရားမ၀င် ပြုလုပ်ကိုင်ဆောင်ကာ မန္တလေးမြို့သို့ ၀င်ရောက်လာသော တရုတ်နိုင်ငံသားအား တရားရုံးက အမိန့်ချမှတ်မှုမှာ ပြစ်မှုပြစ်ဒဏ် ညီမျှမှုမရှိသဖြင့် တရားလို လ၀ကဦးစီးမှူး ဦးခင်မောင်ဆွေက ပြင်ဆင်ချက် လျှောက်ထားခဲ့သော်လည်း တံတားဦးမြို့နယ် ဥပဒေအရာရှိက လက်ခံခဲ့ခြင်း မရှိကြောင်း နိုဝင်ဘာ ၄ ရက်က သိရသည်။
“တိုင်းဦးစီးမှူးရဲ့ လမ်းညွှန်ချက်အရ အောက်တိုဘာ ၃၁ ရက်က ပြင်ဆင်ချက်တင်တယ်။ တံတားဦးမြို့နယ် တရားသူကြီးနဲ့ ဥပဒေအရာရှိဆီကို ပြင်ဆင်ချက်စာ တရားဝင်ပို့တယ်။ တရားရုံးရဲ့ စီရင်ချက်မိတ္တူ၊ တရားလို၊ တရားခံ ထွက်ဆိုချက်တွေပါတာကို ကျန်တဲ့အချက်အလက်တွေ လိုသေးတယ်ဆိုပြီး ဥပဒေအရာရှိက လက်မခံခဲ့ဘူး။ နောက်တစ်ပတ် တနင်္လာနေ့ ပြန်တင်မှာပါ။ တရားရုံး စီရင်ချက်မိတ္တူကို ငွေသွင်းပြီး တရားဝင်ရယူပြီး အမှုတွဲနဲ့အတူ ပြင်ဆင်ချက်တင်တာကို ဥပဒေအရာရှိက လက်မခံဘူး။ ခိုးဝင်တာကို လ၀ကဥပဒေ ၁၃ (၁) နဲ့ ပြစ်ဒဏ်တစ်သိန်း ချတာက ကျွန်တော်တို့လ၀က ဥပဒေအရ ပြစ်ဒဏ်က အရမ်းနည်းတယ်။ တရားရုံးရဲ့ တရုတ်နိုင်ငံသားအပေါ် အမိန့်ချမှတ်မှုဟာ ပေါ့လျော့လွန်းတယ်။ ဖြစ်ကတက်ဆန်းနိုင်လို့ ခုလိုပြင်ဆင်ချက် တင်ရတာပါ” ဟု တံတားဦးမြို့နယ် လ၀ကဦးစီးမှူး ဦးခင်မောင်ဆွေ က ပြောကြားသည်။
ပြစ်မှုတစ်ခုကို စစ်ဆေးနေသော တရားရုံး၏ အမှုစစ်ဆေးပုံ စစ်ဆေးနည်း မှားယွင်းသည့်အခါ၌ သော်လည်းကောင်း၊ အမှုစစ်ဆေးဆဲ၌ပင် ဥပဒေနှင့် ဆန့်ကျင်နေကြောင်းကို တွေ့ရှိသည့်အခါ၌ သော်လည်းကောင်း၊ အမှုကြားနာစစ်ဆေးပြီး သက်သေခံပစ္စည်းများနှင့် စပ်လျဉ်း၍ အမိန့်ချမှတ်ခဲ့သည့် အခါ၌ သော်လည်းကောင်း၊ အပြီးသတ် ပြစ်ဒဏ်စီရင်ချက်ချသည့် အခါ၌သော်လည်းကောင်း ဥပဒေနှင့် ဆန့်ကျင်ကွဲလွဲမှုများ ရှိသည့်အခါတွင် ယင်းအမှုကို စစ်ဆေးသော တရားရုံးထက် အဆင့်မြင့်သည့် တရားရုံးက အမှုစစ်ဆေးသော တရားရုံး၏ အမှုတွဲကိုတောင်း
ခေါ်ကြည့်ရှုပြီး ဥပဒေနှင့်အညီ ပြင်ဆင်ပေးနိုင်ကြောင်း ပြင်ဆင်မှုဥပဒေတွင် ဖော်ပြထားသည်။
အဆိုပါ နိုင်ငံသား စိစစ်ရေးကတ်နှင့် နိုင်ငံကူးလက်မှတ် တရားမ၀င် ကိုင်ဆောင်သူ တရုတ်နိုင်ငံသား Mr.Xiong De Yi(c) Mr.Marit Naw ကို တံတားဦးမြို့နယ် တရားရုံးမှ ရာဇသတ်ကြီးအမှတ် (၆၀၈/၁၆) ဖြင့် လက်ခံစစ်ဆေးခဲ့ကာ အောက်တိုဘာ ၂၅ ရက်တွင် အဆိုပါ တရုတ်နိုင်ငံသားအား လ၀က အက်ဥပဒေ ပုဒ်မ ၅၃ (၂)အရ ဒဏ်ငွေတစ်သိန်း ပေးဆောင်ရန်နှင့် မဆောင်ပါက ထောင်ဒဏ်ခြောက်လ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တရုတ်နိုင်ငံသားက ဒဏ်ငွေပေးဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တရုတ်နိုင်ငံသားသည် နိုင်ငံကူးလက်မှတ် MB-603667 အား တရားမ၀င် ကိုင်ဆောင်ကာ ဇူလိုင် ၂၂ ရက်တွင် ဘန်ကောက်-မန္တလေး ခရီးစဉ် Air Asia (FD-224) ဖြင့် တံတားဦးလေဆိပ်သို့ ရောက်ရှိလာစဉ် ဖမ်းဆီးခဲ့ကြောင်း သိရပြီး လ၀က စစ်ဆေးချက်များအရ ၎င်းသည် ၂၀၁၆ ဧပြီ ၂၁ ရက်တွင် တရုတ်နိုင်ငံ ရွှေလီမြို့မှ မြန်မာနိုင်ငံ မူဆယ်မြို့သို့ တရားမ၀င် လာရောက်ကာ မအေးစန္ဒာ (ခ) အားကျိန်း အကူအညီဖြင့် မြန်မာနိုင်ငံသား စိစစ်ရေးကတ် ရရှိခဲ့ပြီး ဇွန်၂ ရက်တွင် မိုင်းလားမှ ကျိုင်းတုံသို့ ကားဖြင့်ဝင်ရောက်လာကာ ကျိုင်းတုံမှတစ်ဆင့် မန္တလေးသို့ ၀င်ရောက်ခဲ့ပြီး ဇူလိုင် ၂၂ ရက်တွင် ပြည်ပခရီးစဉ်အဖြစ် မန္တလေးမှ ဘန်ကောက်သို့ လေယာဉ်ဖြင့် ထွက်ခဲ့ကြောင်း သိရပြီး သုံးလကျော် မြန်မာနိုင်ငံသား စိစစ်ရေးကတ်နှင့် နိုင်ငံကူးလက်မှတ်ကို တရားမ၀င် ကိုင်ဆောင်ခဲ့ကြောင်း သိရသည်။
===================
251 / End
နိုင်ငံသား စိစစ်ရေးကတ်နှင့် နိုင်ငံကူးလက်မှတ် တရားမ၀င် ပြုလုပ်ကိုင်ဆောင်ကာ မန္တလေးမြို့သို့ ၀င်ရောက်လာသော တရုတ်နိုင်ငံသားအား တရာ
၅ နိုဝင်ဘာ ၂၀၁၆ - ၂၀:၁၅
News ID: 790056
နိုင်ငံသား စိစစ်ရေးကတ်နှင့် နိုင်ငံကူးလက်မှတ် တရားမ၀င် ပြုလုပ်ကိုင်ဆောင်ကာ မန္တလေးမြို့သို့ ၀င်ရောက်လာသော တရုတ်နိုင်ငံသားအား တရားရုံးက အမိန့်ချမှတ်မှုမှာ ပြစ်မှုနှင့်ပြစ်ဒဏ် ညီမျှမှု မရှိသဖြင့် တရားလို လ၀ကဦးစီးမှူးက ပြင်ဆင်ချက် လျှောက်ထားသော်လည်း ဥပဒေအရာရှိမှ လက်ခံခြင်းမရှိ