အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဂျနာဗေ စကူနီ အနေဖြင့်တင်ပြပါတယ်။ တစ်နေ့ ကျနော် အေမာမ် ဂျအ်ဖရ်ဆွာဒစ် (အ.စ) သခင် ထံ ရောက်ရှိခဲ့ပါတယ်။ ထိုအချိန် ကျနော် ဝမ်းနည်းနေတဲ့အချိန် ဖြစ်ပါတယ်။
အေမာမ် (အ.စ) ကျနော်ကိုမေးမြန်းပါတယ်။
အို စကူးနီ အသင်ဘာကြောင့် ဝမ်းနည်းနေရပါသနည်း ?
ကျနော်ပြန်ဖြေပါတယ်။ အလ္လာဟ် အရှင်မြတ်သခင် ကျနော်ကို သမီး တစ်ယောက် ချီးမြှင့်ထားပါတယ်။
အေမာမ်ဂျအ်ဖရ်ဆွာဒစ် (အ.စ) မိန့်ကြားတော်မူ၏။
အို စကူးနီ သမီးငယ်၏ ကိုယ်ခန္ဓာ အလေးချိန် ကို မြေကြီးမှ ၊မှထပါတယ်။ သမီးငယ် ၏ စားဖို့ ရိက္ခာ တာဝန် သူသက်တမ်း တစ်လျှောက် လုံး အတွက် အလ္လာဟ် တာဝန် ယူထားတယ်။
ပြီးနောက်ဆက်၍ မိန့်တော်မူ ၏ ။သမီးငယ် ၏အမည်ကို ဘာပေးထား၊မှည့်ထား ပါသနည်း ?
ကျနော် လျှောက်ထားပါတယ်။ ဖွာတွေမာ
အေမာမ်ဂျအ်ဖရ်ဆွာဒစ် (အ.စ) မိန့်ကြားတော်မူ၏။
အာဟ် … အာဟ် … အာဟ် … (အလွန်တရာ ဝမ်းနည်း ကြေကွဲ၍ ထွက်သည့် အသံ )
မိမိ၏လက်တော်ကို နဖူးပေါ်တင်ပြီး ဆက်၍မိန့်လေ၏။
اِذا سَمَّيْتَها فاطِمَةَ فَلا تَسُبَّها وَ لاتَلْعَنْها وَلا تَضْرِبْها‘‘
ကျမ်းကိုး - ဝစအေလိုရှ်ရှီအာ ကျမ်း အတွဲ ၁၅ စာမျက်နှာ ၂၀၀
အဓိပ္ပာယ် ။ ။ အကယ်၍ သူမ (သမီးငယ်) အမည်ကို ဖွာတွေမာ လို့ မှည့်ထားလျှင် သူမကို မကောင်းမပြောလေနှင့် ၊သူမ အပေါ် လအ်နသ် မပို့သ ပါလေနှင့် ၊ သူမ ကို မရိုက်ပါနှင့်။
==========================
251/ End