အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
၅။ ပုတ်ခတ်မှု၏ အဓိကအရင်းအမြစ်
သာဝကကြီးများနှင့် ပတ်သက်သော သက်ဝင်ယုံကြည်မှု၌ အတိုင်းထက် အလွန် ပြစ်မဲ့နီးပါး လက်ခံကြသည်။ ဤကဲ့သို့ ယုံကြည်ခြင်းသည် ကျမ်း တော်မြတ် ကုရ်အာန်နှင့် စွန္နတ်၊ သမိုင်းတို့၏ ဆန့်ကျင်ဘက် ဖြစ်ပေသည်။ ယုတ်စွအဆုံး ဤကဲ့သို့သော ယုံကြည်မှုသည် ပထမရာစု၌ မရှိခဲ့ချေ။ အဘယ် ကြောင့် ပထမရာစုနောက်ပိုင်းမှ အဘယ်သို့သော အထောက်အထား ကြောင့် ဤယုံကြည်မှုသည် ပေါ်ပေါက်လာကြောင်း မလွဲမသွေ လေ့လာရပေမည်။
ဤကဲ့သို့ ယုံကြည်မှုထွက်ပေါ်လာရခြင်းအတွက် သက်အသေအချို့ ရှိကြောင်းကျွန်တော်ယူဆမိပါသည်။
၁။ယူဆမှုအများဆုံးဖြစ်နိုင်ချေကတော့အရင်ဆွေးနွေးတင်ပြထားတဲ့အတိုင်းပါဘဲ။ အချို့ကသာဝကကြီးများမြင့်မြတ်မှုပျက်စီးသွားမည်ဆိုလိုလျှင်ကျွန်ုပ်တို့၏ တမန်တော်မြတ်ကြီး(ဆွ)နှင့်ဆက်နွယ်မှုသည်လည်း ပျက်စီးသွားပေမည်ဟု ယူဆထားပါသည်။ အကြောင်းသည်ကား သာဝကြီးများ ကြောင့်သာလျှင် ကျမ်းတော်မြတ် ကုရ်အာန်နှင့် စွန္နတ်တော်များသည် ကျွန်ုပ်တို့ထံရောက်ရှိလာခဲ့ ပါသည်။
သို့သော် ဤယုံကြည်မှုအတွက် ရှင်းလင်းသော အဖြေရှိပါသည်။ အ ကြောင်းသည်ကား မည်သူမျှ သာဝကကြီးများအားလုံးကို ((မအာဇတ်လ္လာဟ်)) မုသားဆိုသူများ၊ မကောင်းသောသူများဟု မယုံကြည်ကြပေ။ ၎င်းတို့အကြား၌ စစ်မှန်ပြီး၊ ယုံကြည်စိတ်ချ ဖြော့င်မတ်မှန်ကန်သော သာဝကတော်များ ရှိခဲ့သော ကြောင့်ပင်တည်း။ ၎င်းတို့သာလျှင် တမန်တော်မြတ်ကြီး(ဆွ) နှင့် ကျွန်ုပ်တို့ အကြား ဆက်သွယ်ပေးခဲ့သည်။ ၎င်းတို့သည် အဟ်လေ့ဘိုက်(အ.စ)၏ သာဝကတော်ကြီးများကဲသို့ပင် ဖြစ်ပေသည်။
စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ဤပြဿနာသည် ယနေ့အတွက်ပင် မဟုတ် နောင်အတွက်ပါ ဖြစ်ပေမည်။ ကျွန်ုပ်အနေဖြင့် မြောက်များစွာသော အချိတ်အဆက်များဖြင့် တမန်တော်မြတ်ကြီး(ဆွ) ခေတ် ရောက်အောင် ပို့လေ သည်။ သို့သော် အားလုံးသော အချိတ်အဆက်များ (ကြားရှိပုဂ္ဂိုလ်များ) အားလုံးကို မှန်ကန်ဖြောင့်မတ်စိတ်ချရပါသည်ဟု လက်မခံထားသော ကြောင့် ဖြစ်ပါသည်။ အကယ်၍ ဤကဲ့သို့ယုံကြည်လိုက်ပါက ကျွန်ုပ်တို့သာသနာကြီးသည် အမြစ်ပြုတ် သွားပေမည်။
ဤအတွက်ကြောင့် အားလုံးအနေဖြင့် ရီဝါယတ်တော်များကို စိတ်ချ ရသော ဖြောင့်မတ်မှန်ကန်သော၊ ပြစ်မှုမကျူးလွန်သော သူဆီမှ ယူဖို့ ပြောကြား ခြင်းဖြစ်ပေသည်။ ((ရေဂျလ်))စာအုပ်များသည် လည်းဘဲစိတ်ချရသူ နှင့် စိတ်မချ ရသူ သုံးသပ်နိုင်ရန်အတွက် ရေးသားခဲ့ကြ၏။ သာဝကတော်များကို အခြားလူများ ကဲ့သို့ စစ်ဆေးမှုပြုလုပ်ပါက မသင့်တော် မမှန်ကန်ပါ သလော?
၂။ ဒီလို((ဂျရ်ဟ်«جرح»))တည်းဟူသော ယူဆမှု၊ ဆိုလိုသူမှာ အချို့သာဝကတော် ကြီးများအား အပြစ်အနာအဆာ ရှိသူများအဖြစ် သတ်မှတ်ခြင်းဖြင့် တမန်တော် မြတ်ကြီး(ဆွ)၏ ကြီးကျယ်မြင့်မြတ်မှု ယုတ်လျော့စေပါသည်။ သို့ဖြစ်ပါ၍ သာဝက တော်ကြီးများအား အပြစ်အနာအဆာ ရှိသူများအဖြစ် မသတ်မှတ်သင့်ပေ။ ဤယူဆမှုသည် မှန်ကန်မှုရှိပါသလား ?
ဤကဲ့သို့သော သက်သေအထောက်အထားများကို လက်ခံသူများ အား ကျွန်တော်အနေဖြင့် မေးခွန်းတစ်ခုမေးချင်ပါသည်။ ကျမ်းတော်မြတ် ကုရ်အာန် က တမန်တော်မြတ်ကြီး(ဆွ)၏ အနီးအနားရှိ မိုနာဖေက်များအား အလွန်ပြင်းထန် လှသော ဝါကျများဖြင့် မိန့်ကြားတော်မူ မထားပါသလော?
တမန်တော်မြတ်ကြီး(ဆွ)၏ အနီးအနားရှိ မိုနာဖေက် များကြောင့် တမန် တော်မြတ်ကြီး(ဆွ)၏ ကြီးကျယ်မြင့်မြတ်မှု၌ မည်သို့ ယုတ်လျော့သွားပါမည်နည်း? မည်သို့မျှ မဖြစ်နိုင်ချေ။
အကျဉ်းချုပ် ပြောရလျှင် ခေတ်တိုင်းခေတ်တိုင်း၌ နောက်ဆုံးအိုလူး အဇ် တမန်တော်မြတ်ကြီးများ (အ.စ)၏ လက်ထက်၌ပင် ကောင်းမြတ်သောသူများနှင့်၊ မကောင်းသူများရှိခဲ့ပေသည်။ သို့သော်တမန်တော်ကြီးများ (အ.စ)၏ ကြီးကျယ် မြင့်မြတ်မှုမှ တစိုးတစိမျှ ယုတ်လျော့မသွားချေ။
၃။ အကယ်၍ သာဝကတော်ကြီးများအား အပြစ်အနာအဆာရှိသူများ အဖြစ် သတ်မှတ်ခြင်း ကိစ္စသည် တမန်တော်မြတ်ကြီး(ဆွ)၏ ပထမဆုံး ခိုလဖာအား အပြစ်၊ အနာအဆာရှိကြောင်း ပြဆိုရဖြစ်ပေမည်။ သို့ဖြစ်ပါ၍ သာဝကတော်ကြီး များ၏ ကြီးကျယ်မြင့်မြတ်မှု ကိစ္စကို ထိန်းသိမ်းရန် အလို့ငှာ ဥပမာ ဟဇရတ်(သ) အွစ်မန်း လက်ထက်၌ ပြည်သူပိုင် ဘဏ္ဍတော်ငွေကိစ္စနှင့် ပတ်သက်၍
သော်လည်းကောင်း၊ အခြားခိုလဖာနှင့် သာဝကများကျူးလွန်ထားသော ကိစ္စနှင့် ပတ်သက်၍ မည်သည့် (သာဝကကြီးများ)အနေဖြင့် မဆန့်ကျင်ဖို့၊ မပြောဖို့ လိုအပ်ပေသည်။ သို့သော် ဤကဲ့သို့ ပြုလုပ်ခဲ့ကြ ပါသလော!
ထိုနည်းတူစွာ မုအာဝေယာအနေဖြင့် မွတ်စလင်များ ခေါင်းဆောင် အေမာမ် အလီ(အ.စ)၏ ဘိုင်အတ်ကိုဆန့်ကျင်ပြီး စစ်တိုက်ဖို့ အကွက်ဆင်ပေး၍ ထောင်ပေါင်း များစွာသောမွတ်စလင်များ၏ အသက်ကို စတေးခဲ့ခြင်းနှင့်ပတ်သက် ကာ ၎င်း၏လုပ်ရပ်ကို စောဒကတက်သူများ၊ စောဒကတက်လို့ မရအောင် ဖုံးဖိထားရန်အလို့ငှာ (မအ်ဝေယာသည် မောင်လာအလီ(အ.စ)ကို ဆန့်ကျင်ခဲ့ သော်လည်း) လုပ်ရပ်မှန်ပါသည်ဟု အကြောင်းပြ၍ရပါမည်လား?
((အကယ်၍ ရပါသည်ဆိုလျှင် မောင်လာအလီ(အ.စ)နှင့် ပတ်သက်၍ အစ္စလာမ့် ကျမ်းဂန်အစစ်အမှန်များ၌ လာရှိသော တမန်တော်မြတ်ကြီး(ဆွ)၏ မြောက်များစွာသော ဟဒီးစ်တော်များသည် ဘယ်အဆင့်သို့ ရောက် သွားမည်နည်း!))
သို့သော်လည်း ဤကိစ္စနှင့် စပ်လျဉ်း၍ (အစ္စလာမ်ကနဦး ခေတ်ကာလ) အာဏာပိုင်များက စတင်ခဲ့ကြခြင်းဖြစ်ပေသည်။
ထိုနည်းတူစွာ ၎င်းအာဏာပိုင်များသည် «أولوا الأمر» အာယတ် တော်၏ သဖ်စီရ်၌ ခေတ်ကာလတိုင်း အာဏာပိုင်များကို ယုတ်စွအဆုံး မင်းဆိုးမင်းညစ်များ ဖြစ်သော ဘနီအိုမိုင်ယာ၊ ဘနီအဘာစီကိုပါ ထည့်သွင်းသကဲ့သို့ ဖြစ်ပေသည်။ ဤအစီအစဉ်သည် အာဏာပိုင်များ၏ နိုင်ငံရေးကစားကွက် ဖြစ်ပေသည်။ ဤအခြေအနေများကြောင့် ကျွန်ုပ်သည် သာဝကကြီးများအားလုံး အပြစ် ကင်းသည်ဟု ရလဒ် ထွက်အောင်စိတ်ကူး၍ပင် မရဖြစ်နေပါသည်။
၎။ အုပ်စုတစ်ခုသည်လည်း သာဝကတော်များ အပြစ်ကင်းကြောင်း (သို့သော် မအ်စူးမ်မဟုတ်)၊သန့်ရှင်း သန့်ပြန့်ကြောင်း ကျမ်းတော်မြတ်ကုရ်အာန်၏ အာယတ် တော် များနှင့် ရီဝါယတ်တော်များ၌ လာရှိပြီး အမိန့်ပေးထားသည်ဟု ယုံကြည် ကြ၏။
ဤအချက်သည် ရုတ်တရက်ကြည့်လျှင် အလွန်ကောင်းသော အကြောင်း ပြချက် ဖြစ်သော်လည်း၊ အမှန်တကယ် ၎င်းတို့၏ ထောက်အထား၊ အကြောင်းပြချက် ကိုလေ့လာသုံးသပ်ပြီး မေးခွန်းများထုတ်ချိန်၌ ၎င်းတို့ပြောသကဲ့သို့ မဟုတ်ချေ။ ကျမ်းတော်မြတ် ကုရ်အာန် အာယတ်တော်များ နှင့် ရီဝါယတ်တော်များ၌ ၎င်းတို့၏ ယုံကြည်ချက်ကိုမတွေ့ရပေ။
အရေးအကြီးဆုံး ၎င်းတို့အနေဖြင့် သက်သေပြသော အာယတ်တော်မှာ-အောက်ပါအတိုင်းဖြစ်ပါသည်။
وَالسَّابِقُونَ الأوَّلُونَ مِنَ الْمُهَاجِرِينَ وَالأنْصَارِ وَالَّذِينَ اتَّبَعُوهُمْ بِإِحْسَانٍ رَضِيَ اللَّهُ عَنْهُمْ وَرَضُوا عَنْهُ وَأَعَدَّ لَهُمْ جَنَّاتٍ تَجْرِي تَحْتَهَا الأنْهَارُ خَالِدِينَ فِيهَا أَبَدًا ذَلِكَ الْفَوْزُ الْعَظِيمُ .
((ပထမဦးဆုံး ဖြစ်ကြကုန်သော မိုဟာဂျေရီးမ်နှင့် အန်ဆွာ ထိုနောက် ၎င်းတို့၏ ကောင်းမှုပြုရာတွင် မိုဟာဂျေရီးမ်နှင့် အန်ဆွာတို့၏ နောက် လိုက်ခဲ့ သည်။ အလ္လာဟ်ဟိုအရှင်မြတ်သခင်သည် ၎င်းတို့အားလုံးအား ကျေနပ်နှစ် သက် တော်မူ၏။ ထို့အပြင်၎င်းတို့ အနေဖြင့်လည်း အလ္လာဟ် အရှင်မြတ်အား ကျေနပ် နှစ်သက်တော်မူ၏။အလ္လာဟ်ဟိုအရှင်မြတ်သည်၎င်းတို့အဖို့ဂျန္နတ်အမတသုခဘုံ၌ဥယျာဉ်တော်များအသင့်ပြုလုပ်ထားပြီးထို့ဥယျာဉ်တော်များ၏ သစ်ပင်များ အောက်မှ စမ်းချောင်းများစီးထွေလျက်ရှိပြီး၊ ထာဝစဉ်နေထိုင် ရမည်ဖြစ်ပေသည်။ ဤသည်ကားကြီးကျယ်ကြီးမားသော အောင်မြင်မှု တစ်ခုဖြစ်ပေသည်။))
မြောက်များစွာသော အလ်လေစွန္နတ်၏ သဖ်စီရ် ပညာရှင်များက ဤအာယတ်တော်နှင့် စပ်လျဉ်းပြီး (အချို့ သာဝကတော်များက တမန်တော်မြတ် ကြီး(ဆွ)ထံမှဆင့်ပြန်ထားသော)ဟဒီးစ် တော်တစ်ပုဒ်အား တင်ပြသည်မှာ-
«جميع أصحاب رسول الله فى الجنّة محسنهم ومسيئهم »
((တမန်တော်မြတ်ကြီး(ဆွ)၏ ကောင်းသော သာဝကတော်များပင်ဖြစ်စေ၊
မကောင်းသော သာဝကများပင် ဖြစ်စေ ဂျန္နတ်အမတသုခဘုံသို့ ဝင်ရောက် စံမြန်းရမည်။))
ဤဟဒီးစ်တော်၏ မှန်ကန်မှုအတွက် အထက်ဖော်ပြပါ အာယတ်ကို သက်သေ အဖြစ်ပြကြပေသည်။
စိတ်ဝင်စားဖို့ ကောင်းလေစွ၊ အထက်ပါ အာယတ်တော်၌ ကောင်းမှု များကို ဆောင်ရွက်ရာ၌ သာဝတော်များ (မိုဟာဂျေရီးမ်နှင့် အန်ဆွာ)တို့၏နောက် လိုက်သူများသာ အောင်မြင်ကြမည်ဟု ဆိုထားပေသည်။ မကောင်းမှုဟု မဆိုထားချေ။
ဤအဓိပ္ပာယ်၏ ဆိုလိုချက်သည်ကား သာဝကတော်များ အားလုံး အတွက် ဂျန္နတ်သုခဘုံအား၊ အာမခံထားပေးပြီး ဖြစ်ပါသည်။ ဤဆိုလိုချက်ဖြင့် ၎င်းတို့ အားလုံး ဂိုနာပြစ်မှုကျူးလွန်ခွင့် ရှိသည်ဟု ဆိုလိုပါသလော့?
(ဆိုလိုသည်ကား သာဝကတော်များ အပြစ်လုပ်ခဲ့သည်ဖြစ်စေ၊ မလုပ်ခဲ့သည် ဖြစ်စေ ၎င်းတို့အတွက် ဂျန္နတ်သုခဘုံသို့ ဝင်ရောက်စံမြန်းရမည် ဖြစ်သော ကြောင့် ဖြစ်ပေသည်။)
ကမ္ဘာလူသားများအတွက် လမ်းမှန်ညွှန်ကြားပေးရန်၊ မကောင်းမှုများကို ပြုပြင် ပြောင်းလဲပေးရန် ကြွမြန်းလာသော တမန်တော်မြတ်ကြီး(ဆွ)သည် မိမိ၏ သာဝကတော်များကို သီးသန့်၊ ဖယ်ထားပေးနိုင်ပါသလား။
၎င်းတို့ကို ဂိုနာဟ်များ ပြုလုပ်ခွင့် ပေးထားနိုင်ပါသလား။
တကယ်တမ်း ကျမ်းတော်မြတ်ကုရ်အာန်သည် သာဝတော်များထက် ပိုမို၍ နီးကပ်သော၊ ကြင်ယာတော်များနှင့် စပ်လျဉ်း၍ ဂိုနာလုပ်လျှင် နှစ်ဆ အပြစ် ပေးခြင်းခံရမည်ဟု စူရဟ်၃၃၊ စူရဟ်အဟ်ဇပ် အာယတ်တော်၃၀၌ မိန့်တော်မူထား ပေသည်။
ဂရြုပုစရာအချက်သည်ကား သာဝကတော်များနှင့်သက်ဆိုင်သော သံသယဖြစ်စေသော၊ မရှင်းလင်းသော အချက်မှန်သမျှကို စူရဟ်ဖာသ်အာ ယတ်တော် ၂၉ ဖြင့်ဖြေရှင်းထားပေးပါသည်။
ထို့အာယတ်တော်၌ တမန်တော်မြတ်ကြီး(ဆွ)၏ စစ်မှန် မှန်ကန်သော သူတော်စင် သာဝကတော်ကြီးများ၏ အရည်အသွေးများကို အောက်ပါအတိုင်း ဖော်ပြထားပါသည်။
…أَشِدَّاءُ عَلَى الْكُفَّارِ رُحَمَاءُ بَيْنَهُمْ تَرَاهُمْ رُكَّعًا سُجَّدًا يَبْتَغُونَ فَضْلا مِنَ اللَّهِ وَرِضْوَانًا سِيمَاهُمْ فِي وُجُوهِهِمْ مِنْ أَثَرِ السُّجُودِ …
((၎င်း(သာဝကတော်များ)တို့သည် ကာဖေရ်များအတွက် ပြင်းထန် မာကျောသူများဖြစ်ပြီး၊ မိမိတို့၏ အချင်းချင်းအတွက် ပျော့ပျောင်း၊ ကြင်နာသူများ၊ နားလည်ပေး သူများ ဖြစ်ကြပေ၏။ ၎င်းတို့အား စေဂ်ျသာနှင့် ရကူ၏ အခြေအနေ၌ တွေ့ရမည်ဖြစ်သည်။ အမြဲတမ်းအလ္လာဟ်ဟိုအရှင်မြတ်၏ဖွစ်လ်လိုက ရမ်း (ချီးမြှင့် ပေးသနားမှု) နှင့် ကျေနပ်နှစ်မြို့မှုရရှိရန်သာ လိုလားပေသည်။ စဂ်ျသာပြုထားသောအရိပ်လက္ခဏာများသည် ၎င်းတို့၏ မျက်နှာ၌ ထင်ရှား နေပေ သည်။))
ဂျမလ်နှင့်စစ်ဖီး(န)တိုက်ပွဲဖြစ်အောင်စီစဉ်သူများ၊ မိမိခေတ်ကာလ၏ အေမာမ်အားပုန်ကန်သူများ၊ ထောင်ပေါင်းများစွာသော မွတ်စလင်များကို သေတွင်းပို့ခဲ့သူများ၊ အထက်ဖော်ပြ အာယတ်တော်၏ အရည်အသွေး (၇)ပါး၏ ပိုင်ရှင်များဖြစ်နိုင်ပါသလား။
၎င်းတို့သည် မွတ်စလင်များအပေါ် ပျော့ပြောင်း၊ ကြင်နာပေးခဲ့ပါသလား။
၎င်းတို့သည် ကာဖေရ်များအတွက် ပြင်းထန်မာကျောသူများဖြစ် ပါသလား (သို့) မွတ်စလင်များအတွက်။
အလ္လာဟ်ဟိုအရှင်သည် ဤအာယတ်တော်၏ နှင့် ဆက်လက်၍ ဆိုလိုချက်ကို ပိုမို၍ ရှင်းလင်းပြတ်သားရန် မီးမောင်းထိုးပြထားပါသည်။
…وَعَدَ اللَّهُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ مِنْهُمْ مَغْفِرَةً وَأَجْرًا عَظِيمًا .
((အလ္လာဟ်ဟိုအရှင်မြတ်အနေဖြင့်ကြီးမားအကျိုးဆုလာဒ်နှင့်မဂ်ဖေရတ်၎င်းသူများအတွက်ဂတိပေးထားတော်မူ၏။ ၎င်းသူတို့သည်အီမာန်နှင့်တကွ ကောင်းမြတ် သော အလုပ်များကို လုပ်ဆောင်ကြသည်။))
ဤအာယတ်တော်သည် အရေးကြီးမားအကျိုးဆုလာဒ်နှင့်မဂ်ဖေရတ် သည်အီမာန်နှင့်တကွကောင်းမြတ်သောအလုပ်များကိုလုပ်ဆောင်ကြသူများ အတွက်သာဖြစ်၏။
သို့ဖြစ်ပါ၍ဂျမလ်နှင့်စစ်ဖီး(န)တိုက်ပွဲဖြစ်အောင်စီစဉ်ခဲ့သူများ၊ ခလီ ဖာအွစ်မန်းလက်ထက်၌ ပြည်သူပိုင်ငွေကို မိမိတို့ကြိုက်သလို သုံးစွဲခဲ့ သူများ အတွက် ကြီးမားသော အကျိုးဆုလဒ်နှင့် မဂ်ဖေရတ်ဖြစ်ပါသလား? (သို့မဟုတ်) ကောင်းမြတ်သော အလုပ်များလုပ်ဆောင်ခဲ့သူများ အတွက်ဖြစ်ပါသလား။
အံ့သြစရာ ကောင်းလှသည်မှာ-
အလ္လာဟ်ဟိုအရှင်မြတ်သခင်သည် မိမိတမန်တော်ကြီးများ(အ.စ)ကိုပင် ((သေရ်ကေအောင်လာ)) ပြုလုပ်ခဲ့သည့်အတွက် အရေးယူခြင်းခံခဲ့ရသည်။ တမန်တော်အာဒမ်(အ.စ)ကို ((သရ်ကေအောင်လာ)) ((နဘီအတွက် မသင့်တော် သော လုပ်ရပ်(ဂိုနာမဟုတ်ချေ)) ပြုလုပ်ခဲ့သည့် အတွက် ဂျန္နတ်သုခဘုံမှ အပြင် ထုတ်ခဲ့သည်။
တမန်တော်ယူနွစ်(အ.စ)အား ((သရ်ကေအောင်လာ)) ပြုမိခဲ့သည့် အတွက် ရက်ပေါင်း(၄၀)ငါး၏ မှောင်မဲနေသောဝမ်းဗိုက်အတွင်း ခက်ခက်ခဲခဲ နေခဲ့ရပါသည်။
တမန်တော်နူးရ်(အ.စ)သည် မိမိသားမိုက်အတွက် အသနားခံ ပေးခဲ့ သောကြောင့် အရေးယူခြင်းခံခဲ့သည်။
အဓိပ္ပါယ်နှင့်ရုပ်တိကျပါသလား တမန်တော်မြတ်ကြီး(ဆွ)သည် မိမိ၏သာဝကများအတွက် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုဆန့်ကျင်မှု ပြုပြီး၊ သီးသန့်ဖယ်ရှားထားလို့ ရပါသလား?
==============================
251 /End
လက်ရှိ အကျော် အမော် ရှီအာ အာလင်မ် ပညာရှင် အာယာသွလ္လာဟ် မကာရေမ် မို ရှီး ရာဇီး ရေးသားထားသည့် ဆွဟာဗာ အကြောင်း အပိုင်း (၃ )
၈ နိုဝင်ဘာ ၂၀၁၆ - ၂၀:၂၂
News ID: 790715
လက်ရှိ အကျော် အမော် ရှီအာ အာလင်မ် ပညာရှင် အာယာသွလ္လာဟ် မကာရေမ် မို ရှီး ရာဇီး ရေးသားထားသည့် ဆွဟာဗာ အကြောင်း အောက်ပါအတိုင်း လေ့လာ နိုင်ပါတယ်။