၉ နိုဝင်ဘာ ၂၀၁၆ - ၁၅:၁၅
မြန်မာပြည်မြောက်ပိုင်းမှ တစ်ကျော့ပြန်စစ်မီးနှင့် မေးခွန်းထုတ်ခံနေရသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

အစိုးရသစ် လက်ထက်တွင် သမိုင်းဝင် ၂၁ ရာစုပင်လုံညီလာခံကို စတင်နိုင်ခဲ့ သော်လည်း ဆက်လက်ဖြစ်ပွားနေဆဲ လက်နက်ကိုင် ပဋိပက္ခများက ငြိမ်းချမ်းရေး လိုလားနေသည့် ပြည်သူများကို စိတ်မသက်မသာ ဖြစ်စေခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အစိုးရသစ် လက်ထက်တွင် သမိုင်းဝင် ၂၁ ရာစုပင်လုံညီလာခံကို စတင်နိုင်ခဲ့ သော်လည်း ဆက်လက်ဖြစ်ပွားနေဆဲ လက်နက်ကိုင် ပဋိပက္ခများက ငြိမ်းချမ်းရေး လိုလားနေသည့် ပြည်သူများကို စိတ်မသက်မသာ ဖြစ်စေခဲ့သည်။

အထူးသဖြင့် မြန်မာ့တပ်မတော်နှင့် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကေအိုင်အိုတို့ကြား ဖြစ်ပွားနေဆဲ ထိတွေ့တိုက်ပွဲများနှင့် တင်းမာမှုအချို့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှောင့်နှေးကြန့်ကြာမည်ကို ပြည်သူများ စိုးရိမ်နေကြခြင်း ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစု (UNFC) ဥက္ကဋ္ဌ တာဝန်ယူထားသည့် ကေအိုင်အိုနှင့် တင်းမာမှုများ လျော့ပါးလာပါက ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုးတက်မှု ပိုမိုအားကောင်း လာမည်ဟုလည်း သုံးသပ်မှုများရှိနေသည်။

စက်တင်ဘာလဆန်းက ရပ်နားခဲ့သည့် ပင်လုံ ပထမအစည်းအဝေးနောက်ပိုင်း နှစ်လကျော်ကာလအတွင်း တပ်မတော်နှင့်ထိတွေ့ တိုက်ပွဲအကြိမ်ရေ ၁၅၀ ခန့် ဖြစ်ပွားခဲ့ကြောင်း ကေအိုင်အိုနှင့် ဒေ သတွင်း အရပ်ဘက်အဖွဲ့အစည်း အချို့က ဆိုသည်။

တိုက်ပွဲအများစုမှာ ကေအိုင် အေ၏ ဂီဒွန်နှင့် အင်ခရန်စခန်းဝန်း ကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးတပ်မတော်မှ လေကြောင်းကိုပါ အသုံးပြုခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြော သည်။

တိုက်ပွဲများဖြစ်ပွားနေရသည့် အကြောင်းရင်းများ

တိုက်ပွဲနှင့်လက်နက်ကိုင်ပဋိ ပက္ခများ ဆက်လက်ဖြစ်ပွားနေ ခြင်းမှာ စစ်ရေးအရ ဖိအားပေး ခြင်းဖြစ်နိုင်ပြီး အစိုးရနှင့်တပ်မ တော်ကြား ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေခြင်းကြောင့်လည်း ဖြစ် နိုင်ကြောင်း စောင့်ကြည့်လေ့လာ  သည့် လူမှုအဖွဲ့အစည်းများက မှတ်ချက်ပြုသည်။

 ‘‘ကျွန်တော့်အမြင်ကတော့ အစိုးရနဲ့ တပ်မတော်ပိုင်းပေါ့။ မချိတ်ဆက်မိဘူးပေါ့။ တစ်ဖက် က ငြိမ်းချမ်းရေးပြောနေချိန်မှာ တစ်ဖက်က တိုင်းရင်းသားဒေသ တွေမှာ ထိုးစစ်ဆင်နေတာကို မဖြစ်သင့်ဘူးပေါ့’’ဟု မြန်မာနိုင်ငံလုံး ဆိုင်ရာ ရှမ်းလူငယ်ကွန်ရက်မှ စိုင်းဆိုင်လျန်းကဆိုသည်။

ကေအိုင်အိုအနေဖြင့် တစ် နိုင်ငံလုံး အပစ်ရပ်သဘောတူညီ ချက်(NCA)ကေအိုင်အိုတွင် ပါဝင် လာပါက ကျန် UNFC အဖွဲ့ဝင်များပါ လက်မှတ်ရေးထိုးမည့်သဘော ရှိ၍ စစ်ရေးအရ ဖိအားပေးခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများ လည်းရှိသည်။ ကေအိုင်အိုဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည့် ညီ ညွတ်သော တိုင်းရင်းသားလူမျိုး များဖက်ဒရယ်ကောင်စီ (UNFC) တွင် အဖွဲ့ဝင်ခုနစ်ဖွဲ့ပါဝင်သည်။ အဖွဲ့ဝင်များမှာ ရှမ်းပြည်တိုးတက် ရေးပါတီ(SSPP/SSA)၊ မွန်ပြည် သစ်ပါတီ၊ ကရင်နီတိုးတက်ရေး ပါတီ(KNPP)၊ လားဟူအဖွဲ့ (LDU)၊ ‘ဝ’အမျိုးသားအဖွဲ့ချုပ် (WNO)နှင့် ရခိုင်အမျိုးသားကောင် စီ(ANC)တို့ဖြစ်သည်။

UNFC အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခွင့်တောင်းထားသည့် တ အာင်း (TNLA)နှင့် ကိုးကန့်အဖွဲ့ (MNDAA)တို့မှာလည်း ကေအိုင် အိုနှင့် မဟာမိတ်ဆက်ဆံရေးရှိခဲ့ သည့်အဖွဲ့များဖြစ်သည်။

ပဋိပက္ခများနှင့် ပတ်သက်၍ ကေအိုင်အို သတင်းနှင့်ပြန်ကြား ရေးတာဝန်ခံ ဒုဗိုလ်မှူးကြီးနော်ဘူ က ယခုကဲ့သို့ မှတ်ချက်ပြုသည်။

‘‘အဓိကက ဘာကြောင့်လဲဆို ရင် ကေအိုင်အိုကို ပင်လုံပြန်တက် အောင်၊ NCA ထိုးအောင်လုပ်တာ ဖြစ်နိုင်ပါတယ်’’ဟု ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

 မြန်မာ့တပ်မတော်ဘက်က အဆိုပါ အကြောင်းအရာများနှင့် စပ်လျဉ်း၍ အသေးစိတ်သတင်း ထုတ်ပြန်ပြောဆိုခြင်းများမရှိသေး ပေ။ တပ်မတော်၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ရဲဝင်းက ‘‘သတင်းထုတ်သင့်တဲ့ အချိန်မှာ တော့ ထုတ်ပေးလိုက်တာပေါ့။ မ ထုတ်သင့်သေးတဲ့အချိန်မှာတော့ မထုတ်ဘူးပေါ့။ အဲဒီလိုတော့ကွာ ပါတယ်’’ဟု 7Day News အား ပြောသည်။

မြောက်ပိုင်းတိုင်း စစ်ဌာန ချုပ်(မပခ)၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)တို့နှင့် နီးစပ်သူများက ကေအိုင်အေဘက်က ယခင် သဘောတူညီချက်များကို ချိုး ဖောက်၍ လူသစ်စုဆောင်းခြင်း၊ နယ်မြေတိုးချဲ့ခြင်း၊ ဆက်ကြေး ကောက်ခံခြင်းများ ပြုလုပ်နေ၍ တပ်မတော်က နယ်မြေရှင်းလင်းခဲ့ ရပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွား ရကြောင်းဆိုသည်။ အစိုးရကိုယ် စားလှယ်အချို့ကမူ တပ်မတော် နှင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် ရေးထိုးထားသည့် အဖွဲ့များကြား တိုက်ပွဲဖြစ်ပွားမှုမှာ NCA လက် မှတ်ရေးထိုးပြီးနောက်ပိုင်းတွင် ၁၂ဆခန့် လျှော့ချနိုင်ခဲ့ကြောင်း ပြော ကြားထားသည်။



ဗန်းမော်-မြစ်ကြီးနား ကားလမ်းပေါ်တွင် လုံခြုံရေး တာဝန်ထမ်းဆောင်နေသော တပ်မတော်သား နှစ်ဦး (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))

 လတ်တလောအချိန်တွင်မူ  လက်နက်ကြီးဖြင့် ပစ်ခတ်မှုအချို့ မှလွဲ၍ နယ်မြေအခြေအနေမှာ အ နည်းငယ်ငြိမ်သက်နေကြောင်း ဒေ သတွင်း သတင်းရင်းမြစ်များက ပြောသည်။

လေ့လာသူများ အပါအဝင် ပြည်သူများကတော့ ကချင်နှင့် ရှမ်းမြောက်အပါအဝင် လက်နက်ကိုင် ပဋိပက္ခအားလုံးချုပ်ငြိမ်း၍ နိုင်ငံ ရေးဆွေးနွေးပွဲများမှ တစ်ဆင့် တွေ့ဆုံအဖြေရှာနိုင်ရန် မျှော်လင့် နေကြသည်။

ပင်လုံပထမ အစည်းအဝေးအလွန် နိုင်ငံရေးဆွေးနွေးပွဲများ

ကျင်းပပြီးစီးခဲ့သည့် ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ ပထမအစည်းအ ဝေးတွင် ကေအိုင်အိုအပါအဝင် NCA တွင် မပါဝင်သည့် တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့များက သဘောထားအမြင် တက်ရောက် တင်ပြခွင့်ရခဲ့သည်။ သို့သော် နိုဝင် ဘာအတွင်း စတင်ပြုလုပ်တော့ မည့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများအပါအဝင် လာမည့်ဆွေးနွေးပွဲများတွင် NCA ရေးထိုး ပြီးမှသာ ပါဝင်ခွင့်ရရှိမည်ဖြစ် ကြောင်း အစိုးရက တရားဝင်ပြော ကြားထားသည်။

သမ္မတရုံးဝန်ကြီးဌာန ပြော ခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ကေအိုင်အိုနှင့် တင်းမာမှုများ လျှော့ချရန် ကြိုးပမ်းနေကြောင်း ယခုကဲ့သို့ ပြောသည်။

‘‘ဆွေးနွေးမှုတွေ ရှိတယ်။ တပ်မတော်နဲ့ ကေအိုင်အေကြား မှာပေါ့။ အခုလည်း ကြားဝင်ပြီး ဆွေးနွေးညှိနှိုင်းမှုတွေ ရှိတယ်လို့ ပြောလို့ရပါတယ်’’ဟု ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆို သည်။

ဦးဇော်ဌေးက အစိုးရ ငြိမ်း ချမ်းရေးကော်မရှင်မှ တစ်ဆင့် ကြားဝင်ဆွေးနွေးညှိနှိုင်းမှုများမှာယခင်ကပင်ရှိကြောင်း 7Day News အား ပြောသည်။

ကေအိုင်အိုဘက်ကမူ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်အတွက် သီး သန့်ဆွေးနွေးမည်မဟုတ်ဘဲ တပ် ပေါင်းစု(UNFC) အနေဖြင့်သာ ဆက်လက်ဆွေးနွေးမည်ဟု ဖွင့်ဟ သည်။

 အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ၏ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (DPN)တို့သည် နိုဝင်ဘာလ ဒုတိ ယပတ်တွင် တွေ့ဆုံရန် စီစဉ်ထား သည်။ လက်ရှိအချိန်အထိ နှစ်ဖက်တွေ့ဆုံရန် တိကျသည့်အချိန် ထွက်ပေါ်ခြင်းမရှိသေးပေ။

တစ်နိုင်ငံလုံး အပစ်ရပ်စာ ချုပ် လက်မှတ်ရေးထိုးနိုင်ရန် UNFC တောင်းဆိုထားသည့် အ ချက်ရှစ်ချက်မှ ကျန်ရှိနေသေး သည့် အချက်လေးချက်ကို ယင်း ဆွေးနွေးပွဲတွင် ဆွေးနွေးမည်ဖြစ် သည်။ ကျန်ရှိနေသေးသည့်အ ချက်များမှာ တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးကို တစ်ပြိုင်နက် တည်းကြေညာရန် အပါအဝင် စစ် ရေးဆိုင်ရာ အချက်သုံးချက်နှင့် နိုင် ငံရေးဆိုင်ရာ အချက်တစ်ချက်တို့ ဖြစ်သည်။

ယင်းအချက်များ ပြေလည်မှု ရရှိပါက ကေအိုင်အိုအပါအဝင် UNFC အဖွဲ့ဝင်များမှာ NCA ရေး ထိုးမည့် သဘောဖြစ်၍ လာမည့် ဆွေးနွေးပွဲများမှာ အရေးတကြီး စောင့်ကြည့်စရာ ဖြစ်နေကြောင်း အကဲခတ်သူများက ဆိုသည်။

ငြိမ်းချမ်းရေးလိုလားနေကြ သည့် ပြည်သူများ၏ဆန္ဒကို လာ မည့် နိုင်ငံရေးဆွေးနွေးပွဲများက ဖြည့်ဆည်းပေးနိုင်ခြင်း ရှိ၊ မရှိကိုမူ  စောင့်ကြည့်ရမည်ဖြစ်သည်။

===================    
251 / End