အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တပ်မတော်က ဆက် သွယ်ရေးပုဒ်မ ၆၆(ဃ) ဖြင့် အမှု ဖွင့်တရားစွဲဆိုထားသော အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသု တေသနလမ်းညွှန်အဖွဲ့ အတွင်း ရေးမှူး ဦးမျိုးရန်နောင်သိမ်း၏အ မှုကို အကျိုးဆောင်ပေးရန် တရား လွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက တရားရုံးသို့ ရှေ့နေပါဝါ တင်သွင်းရာ တရားသူကြီးကပယ်ချခဲ့သည်။
အောက်တိုဘာ ၉ ရက်က ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) ဖြင့် ဖမ်းဆီးခံရသော ဦးမျိုးရန်နောင် သိမ်းကို လှိုင်တရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ်ရမန်ယူရာ ဦးမျိုး ရန်နောင်သိမ်း၏ရှေ့နေ ဦးကျော် ဟိုးက ပါဝါတင်သွင်းခဲ့ခြင်းဖြစ် ပြီး တရားရုံးက ရမန်ကာလအ တွင်း ရှေ့နေပါဝါလျှောက်ထား ခွင့်မရှိဟု အကြောင်းပြကာ ပယ် ချခဲ့ကြောင်း သိရသည်။
‘‘ဒီအမှုဟာ တရားစွဲမယ်၊ မစွဲမယ် မသေချာသေးတဲ့အတွက် ကြောင့် ကျွန်တော့်ရဲ့ရှေ့နေကိုယ် စားလှယ်လွှဲစာကို လက်မခံဘူး ပေါ့။ ရမန်ကာလအတွင်းမှာ လက်မခံဘူးပေါ့။ အဲဒီလိုမျိုးပယ်ချလို့ မရဘူး။ ရမန်ယူရင် ကျွန်တော်တို့ က စွဲခံရသူအနေနဲ့ အဲဒီမှာ ရမန်ကို ကန့်ကွက်လို့ရတယ်။ ရမန်အ တွင်းမှာ အာမခံလျှောက်ခွင့် လည်းရှိတယ်။ တရားခံရဲ့အခွင့် အရေးတွေကို မရသလို ဖြစ်နေ တယ်။ ဒါက ဥပဒေမှာ ပါပြီးသား။ သူက လက်မခံဘူးဆိုတော့ စွပ်စွဲ ခံရသူကို ဥပဒေအရ အခွင့်အရေး ကို ငြင်းပယ်တဲ့သဘော သက် ရောက်နေတယ်’’ဟု ဦးကျော်ဟိုး က ပြောသည်။
ထို့အပြင် ဦးမျိုးရန်နောင် သိမ်းက အာမခံရရှိရန် တရားသူ ကြီးထံ တောင်းဆိုရာ တရားသူ ကြီးက အာမခံမပေးနိုင်ကြာင်း ပြန်လည်ပြောကြားခဲ့သည်။
‘‘အာမခံမပေးဘူးဆိုတာက ထူးဆန်းတယ်။ နောက်တစ်ခုက ပုဒ်မက တရားလိုဘက်က အမြဲ တမ်းအသာစီးရနေတဲ့ ပုံစံမျိုးဖြစ် နေတယ်။ တရားခံလို့ စွပ်စွဲခံရတဲ့ သူဘက်က ခုခံချေပလို့ မရဘူး ဖြစ်နေတယ်။ ဖမ်းဆီးခံရတဲ့ဖုန်း ထဲမှာ ကိုယ်ရေးကိုယ်တာအချက် အလက်တွေပါမယ်။ ဒါတွေကို ဘယ်လို အာမခံပေးမလဲ၊ ကျွန် တော်ဆို အိမ်ထောင်ရှိတယ်။ ကျွန်တော်တို့ လင်မယားနှစ် ယောက်ပဲ သိနိုင်တဲ့၊ မြင်နိုင်တဲ့ပုံ တွေရှိတယ်။ စဖမ်းကတည်းက ဒါတွေ အာမခံပေးလို့မရဘူး’’ဟု ဦးမျိုးရန်နောင်သိမ်းက ပြောကြားသည်။ ဦးမျိုးရန်နောင်သိမ်းကို လာ မည့် နိုဝင်ဘာ ၁၇ ရက်တွင် ရုံးချိန်းထပ်မံချိန်းဆိုထားသည်။
ဦးမျိုးရန်နောင်သိမ်းသည် အောက်တိုဘာ ၁၄ ရက်တွင် ရခိုင်အရေးနှင့်ပတ်သက်၍ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ကို အသရေပျက်စေသော စာသား ဖေ့စ်ဘွတ်ခ်တွင် ရေးသားခဲ့သည် ဆိုသောစွဲချက်ဖြင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက တရားလိုပြုလုပ်၍ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
ဗေဒါအင်စတီကျု့ဒ်တည် ထောင်သူဖြစ်ပြီး ဒီချုပ်ဗဟို အောင်နိုင်ရေးအဖွဲ့ဝင်လည်းဖြစ် သည့် ဦးမျိုးရန်နောင်သိမ်းကို နိုဝင်ဘာ ၃ ရက်က ယုဇနဟိုတယ်တွင် လှိုင်မြို့နယ်ရဲတပ်ဖွဲ့က လာ ရောက်ဖမ်းဆီးခဲ့သည်။
===================
251 / End
၁၀ နိုဝင်ဘာ ၂၀၁၆ - ၁၇:၂၆
News ID: 791120
တပ်မတော်က ဆက် သွယ်ရေးပုဒ်မ ၆၆(ဃ) ဖြင့် အမှု ဖွင့်တရားစွဲဆိုထားသော အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသု တေသနလမ်းညွှန်အဖွဲ့ အတွင်း ရေးမှူး ဦးမျိုးရန်နောင်သိမ်း၏အ မှုကို အကျိုးဆောင်ပေးရန် တရား လွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက တရားရုံးသို့ ရှေ့နေပါဝါ တင်သွင်းရာ တရားသူကြီးကပယ်ချခဲ့သည်။