၁၀ နိုဝင်ဘာ ၂၀၁၆ - ၂၀:၁၇
လက်ရှိ အကျော် အမော် ရှီအာ အာလင်မ် ပညာရှင်  အာယာသွလ္လာဟ် မကာရေမ် မို ရှီး ရာဇီး ရေးသားထားသည့် ဆွဟာဗာ အကြောင်း အပိုင်း (၆)

လက်ရှိ အကျော် အမော် ရှီအာ အာလင်မ် ပညာရှင် အာယာသွလ္လာဟ် မကာရေမ် မို ရှီး ရာဇီး ရေးသားထားသည့် ဆွဟာဗာ အကြောင်း အောက်ပါအတိုင်း လေ့လာ နိုင်ပါတယ်။

 

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

၇။ တမန်တော်မြတ်ကြီး(ဆွ)၏ သာဝကတော်များ၏ အမျိုးအစားများ
    ကျမ်းတော်မြတ် ကုရ်အာန်အာယတ်တော်များ၏ မီးမောင်းထိုးပြ ချက် အရ- အလ္လာဟ်ဟိုအရှင်မြတ်၏ တမန်တော်မြတ်(ဆွ)ရဲ့ သာဝကတော် များကို အုပ်စု(၅)စုခွဲလို့ ရပေသည်။
ပထမအုပ်စု။
သန့်ရှင်းစင်ကြယ်ပြီး၊ သူတော်စင် သူတော်ကောင်းများ။
    ဤအုပ်စုသည် မိုမင်သူတော်စင်များ၊ အခ်လာစ် ဖြူစင်သော စိတ်ရှိသူများ ဖြစ်ကြပြီး၊ အီမာန်အတွင်း နက်နက်ရှိသူများ ဖြစ်ကြပါသည်။ အလ္လာဟ်ဟိုအရှင်မြတ်၏ လမ်းစဉ်နှင့် အစ္စလာမ်အတွက် မည်ကဲ့သို့မျှ စတေးမှုကို ဖြစ်စေ၊ ပေးရန် အသင့်ရှိသူများ ဖြစ်ကြပေသည်။ ဤအုပ်စုနှင့် ပတ်သက်ပြီး စူရာဟ် သောင်ဗာ အာယတ်တော်အမှတ်(၁၀၀)၌ အလ္လာဟ်ဟိုအရှင်မြတ်က လမ်းညွန်ထားပါသည်။ အလ္လာဟ်ဟိုအရှင်မြတ်သည် ၎င်းတို့အား နှစ်သက် မြတ်နိုး၊ နှစ်မြို့တော်မူပြီး၊ ၎င်းတို့အနေဖြင့်လည်း အလ္လာဟ်ဟို အရှင်မြတ်၏ ကျေးဇူးတော်များ၊ ကြင်နာမှုများကို နှစ်မြို့ သဘောကျတော်မူကြလေ၏။
      عَنْهُمْ وَرَضُوا عَنْهُ رَضِىَ اللهُ
ဒုတိယအုပ်စု။    အပြစ်ရှိသောမိုမင်များ။
    ဤအုပ်စုသည် အီမာန်ရှင်များ၊ ကောင်းမြတ်သော သီလကို ဆောက် တည် သော်လည်း တစ်ခါတစ်ရံ၊ မှားယွင်းသွား တတ်ကြ၏။ ကောင်းမြတ်သော အလုပ်နှင့် မကောင်းသော အလုပ်ကို ရောထွေး ပစ်လိုက်ကြသည်။ မိမိတို့၏ အပြစ်ငရဲများကို ဝန်ခံပြီး ခွင့်လွှတ်ပလပ်ခြင်းခံကြမည်ဟု မျှော်လင့်ချက် ထားသူများဖြစ်ကြပေသည်။ စူရာဟ်သောင်ဗာအာယတ်တော်အမှတ်(၁၀၂)မှမီးမောင်းထိုးပြထားပါသည်။
سَيِّئاً عَسَى اللهُ أَنْ يَتُوبَ عَلَيْهِم وَآخَرُونَ اعْتَرَفُوا بِذُنُوبِهِمْ خَلَطُوا عَمَلا صَالِحاً وَآخَرَ
တတိယအုပ်စု။     ။အပြစ်ရှိသူများ။
    ဤအုပ်စုအားကျမ်းတော်မြတ် ကုရ်အာန်အနေဖြင့် ဖာစစ်က်ဟု အ မည် ပေးထားပြီး၊ ၎င်းသတင်းပေးပို့လာပါက စုံစမ်းလေ့လာမှုမပြုဘဲ၊ လက်မခံဖို့ဆိုထား ပေသည်။ စူရာဟ်ဟိုဂျရသ်အာယတ်တော် အမှတ်(၆)၌ ဖေါ်ပြ ထားပါသည်။
     يَا أَيُّهَا الَّذِينَ آمَنُوا إِنْ جَاءَكُمْ فَاسِقٌ بِنَبَإ فَتَبَيَّنُوا
စွန္နီ ရှီအာ သဖ်စီရ်ပညာရှင်ကြီးများက ဤအာယတ်တော်၌
ဖာစစ်က်သည်မည်သူမည်ဝါဖြစ်ခဲ့ကြောင်း၊ မည်သည့်အတွက်ကြောင့် ကျမ်းတော်မြတ်ကုရ်အာန်၏ ဤအာယတ်တော်ကျရောက်လာရကြောင်းအ ကျယ်တဝင့်ရေးသားထားကြပါသည်။

စတုတ္ထအုပ်စု။    ။အပြင်ပိုင်းအရမွတ်စလင်များ။
    ဤအုပ်စုသည် အစ္စလာမ်သာသနာကို လက်ခံသက်ဝင်ကြောင်း ကြေငြာသော်လည်း၊ နှလုံးသား၌ အီမာန်နက်နက်နဲနဲမရှိကြပေ။ ဤအကြောင်းကိုကျမ်းတော်မြတ်ကုရ်အာန်စူရာဟ်ဟိုဂျရသ်အာယတ်တော်အမှတ်(၁၄)၌ ဖေါ်ပြထားပါသည်။
قَالَتِ الأعْرَابُ آمَنَّا قُلْ لَمْ تُؤْمِنُوا وَلَكِنْ قُولُوا أَسْلَمْنَا وَلَمَّا يَدْخُلِ الإيمَانُ فِي قُلُوبِكُمْ
ပဉ္စမအုပ်စု။    ။မိုနာဖေက်များအရေခြုံများ။
    ဤအုပ်စုသည်မွတ်စလင်အယောင်ဆောင်ထားသော အရေခြုံမိုနာဖေက် များဖြစ်ကြပြီး၊ မွတ်စလင်များအကြား၌ နေထိုင်ကြပါသည်။ အချို့သည် နာမည် ထွက်လာသော်လည်း၊ အချို့သည်ကွယ်ဝှက်လျက်ရှိခဲ့ပေသည်။ ၎င်းတို့သည်အစ္စလာမ်သာသနာအမိန့်တော်များ၊ မွတ်စလင်များ၏တိုးတက်မှု လုပ်ငန်းများအတွက် ကတိတော်များကိုချိုးဖျက်ခဲ့သူများဖြစ်ကြပါသည်။ ဤအကြောင်းကိုကျမ်းတော်မြတ်ကုရ်အာန်စူရာဟ်သောင်ဗာအာယတ် တော်အမှတ်(၁၀၁)၌ လမ်းညွှန်ထားပါသည်။
وَمِمَّنْ حَوْلَكُمْ مِنَ الأعْرَابِ مُنَافِقُونَ وَمِنْ أَهْلِ الْمَدِينَةِ مَرَدُوا عَلَى النِّفَاقِ
ဧကန်မုချ၎င်းတို့အားလုံးသည် တမန်တော်မြတ်ကြီး(ဆွ)အား ဖူးတွေ့ ခဲ့သူများ၊ အတူတူ စကားဝိုင်းထိုင်ခဲ့ကြ၏။ ဘဝတည်ဆောက်ခဲ့ကြသည်။ ၎င်းတို့ အထဲမှတော်တော်များများသည် တမန်တော်မြတ်ကြီး(ဆွ)နှင့်အတူ တိုက်ပွဲများ ဝင်ခဲ့ကြသည်။ သာဝကတော်ကြီးများဟု ဆိုတိုင်း ဤအုပ်စု(၅)စုအနက်မှ တစ်စု ပါဝင်နေပါသည်။ ဤအုပ်စု(၅)စုလုံးအား ဂျန္နတ်သုခဘုံသို့စံ  မြန်းရမည်သူများ ဖြစ်ပါသည်ဟု ဆိုနိုင်ပါသလား?
ကျမ်းတော်မြတ်ကုရ်အာန်၏ အာယတ်တော်များကို လေ့လာ သုံးသပ်ခြင်းဖြင့် ကျွန်ုပ်တို့အနေဖြင့် အလယ်အလတ်လမ်းစဉ် (ပိုမပြော၊ လျှော့မပြော)ကို မရွေးချယ်သင့်ပါသလော?
ကျမ်းတော်မြတ်ကုရ်အာန်က သာဝကတော်ကြီးများ၏အုပ်စုကို (၅)စုခွဲခြား ပြဆိုထားရာ ပထမအုပ်စု၊ သန့်ပြန့်၊သန့်ရှင်းသောသူတော်စင်၊ သူ တော်ကောင်း သာဝကတော်ကြီးများ အလွန့်အလွန်ရိုသေလေးစား၊ဂုဏ်ပေးရ မည်ဖြစ်ပြီး၊ ကျန်(၄)စုအားလည်း၎င်းတို့၏ အဆင့်အတန်းနှင့်အညီ ပြုမူဆက်ဆံရပေမည်။ တိုးခြင်း၊ လျော့ခြင်း၊ အစွန်းရောက်ခြင်း၊ တယူသန်ခြင်းမှရှောင် ကြဉ်ပြီး၊ အလယ်အလတ်လမ်းစဉ်ကိုရွေးချယ်ရပေမည်။

၈။ အတိတ်သမိုင်းသက်သေ
    သာဝကတော်များ အားလုံးတရားမျှတပြီး အပြစ်ကင်းပါသည်ဟု ခံယူ ထားသူများ အတွက်မြောက်များစွာသော အခက်အခဲများနှင့် ရင်ဆိုင်ရပေသည်။ အကြီးမားဆုံး အခက်အခဲသည် အတိတ်သမိုင်း ဖြစ်ပေသည်။
    အကြောင်းသည်ကား ထင်ပေါ်ကျော်ကြားပြီး စိတ်ချရသောသမိုင်း စာအုပ်များ၊ ယုတ်စွအဆုံး စွဟီကျမ်းကြီး(၆)ကျမ်း (ဘိုခါရီ၊မွတ်စလင်…) တို့အတွင်း၌ အချို့သာဝကတော်များ အချင်းချင်း၊ အပြင်းအထန်ပြဿနာများရှိခဲ့ ကြောင်း တွေ့မြင်နေရသောကြောင့်ဖြစ်ပါသည်။ ပြဿနာဖြစ်ခဲ့သော နှစ်ဖက်သော သာဝကတော်များကို နှစ်ဖက်စလုံး၊ နှစ်ယောက်စလုံး တရားမျှတပြီး၊ သူတော်စင်၊ သူတော်ကောင်း မြင့်မြတ်သူများဟုမဆိုနိုင်ချေ။
    အကြောင်းသည်ကား ဆန့်ကျင်ဘက်နှစ်ခုအား ပေါင်းလို့မရသော ကြောင့် ဖြစ်ပေသည်။ မတူသောအရာနှစ်ခုကို တူအောင် ပေါင်းလို့ရသည်ဟု ဆိုခြင်းသည် အသိဉာဏ်နှင့် ဆန့်ကျင်နေသော၊ သဘာဝနိယာမ တစ်ခုဖြစ်ပေသည်။ ဆိုလိုသည်က အကောင်းကိုလည်း အကောင်း၊ အဆိုးကိုလည်း အကောင်းဟုဆိုခြင်းသည် သဘာဝမကျပေ။(logic) ဖတ်ဖူးသူတိုင်း ပိုသိပေသည်။
အတိတ်ကာလ၌ စစ်ပွဲများဂျမလ်၊ စစ်ဖီး(န)သွလ်ဟာဇိုဘိုင်ရ်၊မအ် ဝေယာတို့အနေဖြင့် အေမာမ်မွတ်စလေမီးန် မောင်လာအလီ(အ.စ)အား တိုက်ခိုက်ကြသည်။ အမှားအယွင်းများ၊ နှိပ်စက်ညှဉ်းပန်မှုများ ပါဝင်သော စစ်ပွဲဟု ဝန်ခံ ရပေလိမ့်မည်။ ဥပေက္ခာပြု၍မရချေ။ သမိုင်းအထောက်အထား၊ အများ အပြားရှိသည့်အနက် ဤဖြစ်ရပ်သုံးခုကိုသာ သာဓကအားဖြင့် အကျဉ်းချုပ် ဖေါ်ပြ ပေးပါမည်။
သာဓက(၁)။    ။ဘိုခါရီ၊ကျော်ကြားသော ဟဒီးစ်ပါရဂူအနေဖြင့် မိမိကျမ်း၌ (افك)တမန်တော်မြတ်ကြီး(ဆွ)၏ ကြင်ယာတော်အားစွပ်စွဲ ပုတ်ခတ်ခြင်းနှင့် ပတ်သက်ပြီး အကျယ်ဖွင့်ဆိုရာ၌ ရေးသားထားပါသည်။
    တမန်တော်မြတ်ကြီး(ဆွ)သည် တစ်နေ့ မွတ်စလင်လူထုအားမိန့် ကြားတော်မူသည်မှာ-အိုမွတ်စလင်အပေါင်းတို့! ဤလူ (အဗ်ဒွလ် လ္လာဟ်ဗင် စလူးလ်၊ မိုနာဖေက် ခေါင်းဆောင်များမှ တစ်ယောက်)အား အပြစ် ဒဏ်မည်သူ ပေးမည်နည်း?

 
    ဒီလူဟာ အကျွန်ုပ်၏ ကြင်ယာတော်အား စွပ်စွဲပုတ်ခတ်ခဲ့သူဖြစ် ကြောင်း သတင်းအမှန် ရထားပေသည်။ အမှန်တကယ် ကျွန်ုပ်အနေဖြင့်မိမိ ကြင်ယာ တော်၌ ဤကဲ့သို့သော်မကောင်းသည့် အကျင့်ကို မတွေ့ရပေ …စအ်ဗင်မအာဇ် အန်စာရီ (ကျော်ကြားသောဆာဟဘီ) အနေဖြင့်ထရပ်ပြီး လျှောက်လေ၏။
ကျွန်တော်သူ့ကိုအပြစ်ဒဏ်ပေးမည်။ အကယ်၍ အောင်စ် အမျိုးအနွယ်က ဖြစ်ပါက လည်ပင်းဖြတ်ပစ်မည်။ အကယ်၍ ခါဇ်ရဂ်ျ အမျိုးအနွယ် က ဖြစ်ပါက မိန့်တော်မူသည့်အတိုင်း အပြစ်ဒဏ်ပေးပါမည်။
သူတော်စင်၊ သူတော်ကောင်းတစ်ပါးဖြစ်သော စအ်ဗင်အေဗာသ် (ခါဇ်ရရှ် အမျိုးအနွယ် ခေါင်းဆောင်)အနေဖြင့် လူမျိုးကြီးဝါဒကြောင့် စအ်ဗင်အာဇ်အား ပြောကြား လေ၏။
အလ္လာဟ်ဟို အရှင်မြတ်ကစမ်! အသင်လိမ်ညာ ပြောဆိုခြင်း ဖြစ်ပေ သည်။ ဤကဲ့သို့သောအလုပ် လုပ်ဖို့ အသင်ထံ၌ လုံးဝစွမ်းအားမရှိချေ။ အစီးဒ်ဗင်ဟဇီးရ် (စအ်ဗင်မအာဇ်၏ ညီတစ်ဝမ်းကွဲ) ပြန်ပြောသည်မှာ အလ္လာဟ်ဟိုအရှင်မြတ်၏ ကစမ်!အသင်သာလျှင် လိမ်ညာပြောဆို ခြင်းဖြစ်၏။
သူ(عبدالله بن سلول)သည် မိုနာဖေက်တစ်ယောက် ဖြစ်၏။ ကျွန်ုပ်တို့ ၎င်းကို သတ်မည်။ အောင်စ်အမျိုးအနွယ်နှင့် ခါဇ်ရဂ်ျ အမျိုးအနွယ် အချင်းချင်း ခိုက်ရန် ဖြစ်ပွားဖို့အထိ ရောက်သွားချိန်၌ တမန်တော်မြတ်ကြီး(ဆွ)က ထိန်းသိမ်း လိုက်လေသည်။
ဤစကားများခဲ့ကြသော သာဝကတော်များအားလုံးသည် သူတော် စင်၊ သူတော်ကောင်းများ ဖြစ်ကြပါသလော!
သာဓက(၂)။    ကျော်ကြားသောပညာရှိ(بلاذرى)အနေဖြင့်မိမိ၏ကျမ်း (الأنساب)၌ ရေးသားထားသည်မှာ- စအ်ဗင်အဘီဝါကာဇ်သည် ကူဖာမြို့ဝန်ဖြစ် ရာ၊ အွတ်စ်မန်း(ခလီဖွာ)က ၎င်းအား အလုပ်ဖြုတ်ပြီး ၎င်းနေရာ၌ ဝလီးဗင်အွက်ဗာကို ခန့်လေ၏။ အဗ်ဒွလ္လာဟ်ဗင်မစ်အူးဒ်သည် ထိုအချိန်၌ ပြည်သူပိုင်ဘဏ္ဍာတိုက်၏ ဘဏ္ဍာရေးမှူးဖြစ်၏။ ဝလီးဗင်အွက်ဗာကူဖာသို့ရောက်လာ ချိန်၌အဗ်ဒွလ္လာဟ်ဗင် မတ်စ်အူးဒ်ထံမှ ဘဏ္ဍာတိုက်၏ သော့များတောင်း  လေ၏။ အဗ်ဒွလ္လာဟ်ဗင်မတ်စ်အူးဒ်က သော့များပေးပြီးပြောကြားသည် မှာ-
    ခလီဖွာသည် တမန်တော်မြတ်ကြီး(ဆွ)၏ စွန္နတ်တော်အား ပြောင်းလွဲ လိုက်ချေပြီ။ စအ်ဗင်အဘီဝါကာဇ်လို အရေးပါ အရာရောက်သော သာဝကကြီးကို ဖယ်ပြီး ဝလီးဗင်အွက်ဗာလိုလူမျိုးကို ခန့်ထိုက်ပါသလား?
    ဝလီးဗင်အွက်ဗာက အဗ်ဒွလ္လာဟ်ဗင်မစ်အူးဒ်သည်ခလီဖွာ အားစောဒက တက်နေ ကြောင်းခလီဖွာထံစာရေးပို့လေ၏။
ခလီဖွာသည် အဗ်ဒွလ္လာဟ်ဗင်မတ်စ်အူးဒ်အား အစောင့်တပ်များဖြင့် မဒီနာမြို့ သို့ပို့ရန် ဝလီးဗင်အွက်ဗာကို အမိန့်ပေးလေ၏။ အဗ်ဒွလ္လာဟ်ဗင်မတ်စ် အူးဒ် မဒီနာမြို့ရောက်ချိန်၌ ခလီဖွာ(အွတ်စ်မန်း)သည် မင်ဘဲရ်ပေါ်၌ ရှိနေပြီး ၎င်းအားမြင်သည်နှင့်ပြောလေ၏။
အသင်သည်မကောင်းသောအလုပ်ကိုလုပ်နေ၏။(မသင့်လျော်သ ဖြင့်စကားလုံးအမှန်ကိုမသုံးထားချေ။)
အဗ်ဒွလ္လာဟ်ဗင်မစ်အူးဒ်ပြန်ပြောသည်မှာ-
ကျွန်ုပ်သည်အသင်ပြောသလိုမဟုတ်၊တမန်တော်မြတ်ကြီး(ဆွ)၏သာဝကတော်တစ်ပါးဖြစ်ပြီးဗဒ်ရ်စစ်ပွဲ၌ဆင်နွဲခဲ့သူ၊ဗိုင်အတ်သေရေဇ်ဝမ်းနေ့၌တက်ရောက်ခဲ့သူဖြစ်ပေသည်။
ဟဇရတ်(သ)အာအေရှာအနေဖြင့်အဗ်ဒွလ္လာဟ်ဗင်မစ်အူးဒ်ဘက်မှထရပ်ပြီးပြောလေ၏။သို့သော်ခလီဖွာကျေးကျွန်ရာဟ်မူးမ်ဟဇရတ်(သ) အဗ်ဒွလ္လာဟ်ဗင်မစ်အူးဒ်အားဗလီအပြင်သို့တွန်းထုတ်ပြီးကိုင်ပေါက်လေရာနံရိုးကျိုးသွားလေ၏။
သာဓက(၃)။    ။(بلاذرى)အနေဖြင့်မိမိ၏ကျမ်း(أنساب الأشراف)၌ထပ်၍ရေး သားထားသည်မှာ-မဒီနာရွှေမြို့တော်ရှိပြည်သူ့ဘဏ္ဍာတိုက်သည်အဖိုးတန် ကျောက်သံ၊ပတ္တမြားများဖြင့်ပြည့်ညပ်နေပေသည်။အွစ်မန်းအနေဖြင့်အချို့ကိုမိမိဆွေမျိုးအချို့အားပေးထားလေသည်။ပြည်သူလူထုအနေဖြင့်သိသွားသောအခါခလီဖွာအားပေါ်တင်ဆန့်ကျင်မှုပြုလာကြ၏။ကျော်မကောင်း၊ ကြားမကောင်းသောစကားများဖြင့်ပြင်းပြင်းထန်ထန်၊ခလီဖွာအားဆိုလာကြရာ၊အွစ်မန်အနေဖြင့်ဒေါသထွက်လေ၏။ထို့နောက်မင်ဘဲရ်ပေါ်တက်ပြီးခွသ်ဗာပေးလေ၏။
    ကျွန်ုပ်အနေဖြင့်လိုအပ်သလောက်ပြည်သူ့ဘဏ္ဍာတိုက်မှသုံးစွဲမည် ဖြစ်ပြီး၊အချို့ကိုပင်အရေးယူရလျှင်ယူရပ်စေ။ဤအလုပ်ကိုလုပ်မည်။
ဟဇရတ်(သ)အလီ(အ.စ)အနေဖြင့်ခလီဖွာအားပြောကြားသည်မှာ- မွတ်စလင်လူထုကြီးအနေဖြင့်အသင်ကိုတားဆီးပိတ်ပင်ကြပေလိမ့်မည်။
ဟဇရတ်(သ)အမာရေယာစေရ်အနေဖြင့်ပြောကြားသည်မှာ- ပထမဦးဆုံးအရေးယူခံရမည့်သူသည်ကျွန်ုပ်သာဖြစ်ကြောင်းပြောလေ၏။
(ဆိုလိုသည်ကားစောဒကတက်မှုကိုလက်လွတ်မည်မဟုတ်  ကြောင်းဖြစ်၏။)
အွစ်မန်ဒေါသထောင်းထောင်းထွက်ပြီးပြောလေ၏။မင်းကငါကိုစော်ကားတာပေါ့၊ဆိုပြီးသူကိုဖမ်းဖို့အမိန့်ပေးလေ၏။အမာရေယာစေရ်အားဖမ်းဆီးပြီးအွစ်မန်အိမ်သို့ခေါ်ဆောင်လာပြီးမေ့မျောသွားသည်အထိရိုက်နှက် လေ၏။ပြီးနောက်ဂျနာဗေစလ်မာ(တမန်တော်မြတ်ကြီး၏ကြင်ယာတော်)အိမ်သို့ခေါ်လာလေ၏။ဇဟိုရ်၊အဆွရ်၊မဂဲရ်ရစ်နမာဇ်များပြီးသည့်အချိန်ထိ  မေ့မျောနေရှာ၏။သတိပြန်ရလာသောအခါဝိုဇူပြုလုပ်၍နမာဇ်ဖတ်ပြီးပြော   လေ၏။ဤအလ္လာဟ်လမ်းစဉ်အတွက်နှိပ်စက်ညှဉ်းပန်းခံရမှုသည်ကျွန်ုပ်အတွက်ပထမဦးဆုံးအကြိမ်မဟုတ်ချေ။ (ဂျဟေလီးယေသ်ခေတ်ကာလတွင်ကာဖေရ်များ၏ညှဉ်းပန်း၊နှိပ်စက်မှုဘက်သို့လည်းအရိပ်အယောင်ပြခြင်းဖြစ်ပေသည်။)
ကျွန်တော်အနေဖြင့်ဤကဲ့သို့မနှစ်မြို့၊စိတ်မချမ်းသာစရာအစ္စလာမ်သမိုင်းကိုတင်ပြဖို့အာသီသမရှိချေ။(အသင်စာရှုသူများစိတ်ထိခိုက်မည်ကို စိုးရိမ်၍မတင်ပြခြင်းဖြစ်ပေသည်။တင်ပြမည်ဆိုလျှင်အများကြီးရှိပေသည်။)
သို့သော်လည်းပဲစွန်နီညီနောင်များ၏သာဝကများအားလုံးသည်တရားမျှတပြီး၊သူတော်စင်၊သူတော်ကောင်းများဟုခံယူထားသောအကီသာ ကြောင့်ကျွန်တော်အနေဖြင့်စိတ်ထိခိုက်စေသော၊နှစ်မြို့ဖွယ်မကောင်းသောအစ္စလာမ်သမိုင်းများကိုခြုံငုံ၍ဖေါ်ပြဖို့အခြေအနေသို့ရောက်ခဲ့ခြင်းဖြစ်ပေ သည်။
အခုမေးစရာမေးခွန်းသည်ကား-အလွန်သန့်ပြန့်သောသူတော်စင်၊ သူတော်ကောင်းသာဝကတော်ကြီး(၃)ပါး(စအ်ဗင်မအာဇ်၊အဗ်ဒွလ္လာဟ်ဗင် မစ်အူးဒ်၊အမရ်ရေရာစေရ်)တို့အားဆဲရေးတိုင်းထွာပြီးကိုယ်ခန္ဓာကိုထိခိုက် သည်အထိဒုက္ခပေးခဲ့သောလုပ်ရပ်အတွက်ဗဟာနာအကြောင်းပြချက်ရှိပါ သေးသလော?
သာဝကတော်တစ်ပါးနံရိုးကျိုးသည်အထိလုပ်ရပ်၊နောက်တစ်ပါး အားမေ့လျော့သွားပြီးနမာဇ်များလွတ်သွားရသည့်အထိရိုက်နှက်နှိပ်စက်
ခြင်းသည်မှန်ကန်ပါသလော?
ဤကဲ့သို့နမူနာသမိုင်းအထောက်အထားအမြောက်အများရှိပါ လျက်၊အမှန်တရားကိုဖုံးကွယ်ပြီး၊မျက်ကွယ်ပြု၍သာဝကတော်များအားလုံးသည်လူတော်လူကောင်းများဖြစ်ကြပါသည်။၎င်းတို့လုပ်ရပ်များမှန်ကန်ပါသည်ဟုဆိုနိုင်ပါသလော?
စေပါယာဆွာဟာဗာတပ်ဖွဲ့ပြီးသာဝကများအားလုံး၏လုပ်ရပ်များ အားအကျိုးအကြောင်းမစဉ်းစားဘဲ၊ကာကွယ်ကြမည်လော?(မကောင်း သောသာဝကများကိုမကောင်းပြောဆို၊ရေးသားသူများကိုဒုက္ခပေး၊သတ် ဖြတ်ကြမည်လော?ဦးနှောက်မရှိသူများ၏လုပ်ရပ်ပင်တည်း။)
ဤကဲ့သို့သောလုပ်ရပ်၊အသိဥာဏ်ရှိသူထမင်းစားသူတိုင်းလက်ခံ ကြမည်လော?
ဤနေရာ၌ကျွန်ုပ်အနေဖြင့်အရှေ့ကပြောပြပြီးဖြစ်သောစကားကိုဝါကျတပ်ပြီးကျော့ရပေလိမ့်မည်။တမန်တော်မြတ်ကြီး(ဆွ)၏သာဝကတော် များအနက်မိုမင်၊သူတော်စင်၊သူတော်ကောင်း၊သန့်စင်သန့်ပြန့်သီလသမာဓိရှိသူအမြောက်အများရှိပါသည်။သို့သော်၎င်းတို့၏လုပ်ရပ်များကိုစောဒကတက်စရာ၊စီစစ်လေ့လာစရာအဖြစ်သတ်မှတ်ဖို့၊အသိဥာဏ်၏ချိန်ခွင်ဖြင့်ချိန်ပြီးအဖြေထုတ်ဖို့လိုအပ်သောအချို့သာဝကများလည်းရှိနေပေသည်။

၉။အချို့သာဝကများအားတမန်တော်မြတ်ကြီး(ဆွ)၏လက်ထက်၌(သို့)ပြီး နောက်ရှရီအီအပြစ်ဒဏ်ပေးခြင်းခံရခြင်း။

    အချို့သာဝကများတမန်တော်မြတ်ကြီး(ဆွ)၏လက်ထက်၌(သို့) နောက်ပိုင်းအပြစ်ဂိုနာများကျူးလွန်ခဲ့သဖြင့်ရှရီအီအပြစ်ဒဏ်ပေးခြင်းခံခဲ့ရ ကြောင်းစွန်နီစဟီကျမ်းကြီး(၆)ကျမ်းနှင့်အခြားထင်ပေါ်ကျော်ကြားသော ကျမ်းများ၌လည်းပါရှိပေသည်။
    ဒါလည်းပဲသာဝကတော်များအားလုံးတရားမျှတပါသည်ဟုဆိုအုန်းမည်လော?မည်ကဲ့သို့သော်တရားမျှတမှုပါလိမ့်?
    အကယ်၍ဂိုနာယေကဗီးရာ(ကြီးမားသောဂိုနာ)ကျူးလွန်မှုကြောင့်ရှရီအီအပြစ်ဒဏ်အပေးခံရသည့်အထိသာဝက(တစ်ချို့)ကျူးလွန်ခဲ့သည်ကို ပင်တရားမျှတသည်၊အပြစ်ကင်းသည်ဟုဆိုအုန်းမည်လော?
အောက်၌နမူနာအဖြစ်ဖေါ်ပြပေးပါမည်။
(၁)သာဝကနအီးမန်အနေဖြင့်အရက်သေစာသောက်စားခဲ့သဖြင့်တမန် တော်မြတ်ကြီး(ဆွ)သည်ဖိနပ်ဖြင့်ရိုက်ဖို့အမိန့်ပေးခဲ့လေ၏။
(၂)ဗနီအက်စ်လမ်မျိုးနွယ်မှသူတစ်ဦးသည်ဇေနာယေမိုဟ်ဆေနာ(ယော က်ျားရှိသောမိန်းမနှင့်ဖေါက်ပြန်ခဲ့မှု)ကျူးလွန်ခဲ့သည့်အတွက်တမန်တော် မြတ်ကြီး(ဆွ)အနေဖြင့်ခဲဖြင့်ပေါက်သတ်ရန်အမိန့်ပေးခဲ့လေသည်။
(၃) တမန်တော်မြတ်ကြီး(ဆွ)သည်မိမိ၏ကြင်ယာတော်အားစွပ်စွဲပုတ်ခတ် ခဲ့သဖြင့်အချို့ကိုစွပ်စွဲမှုနှင့်ဆိုင်သောရှရီအီအပြစ်ဒဏ်ပေးခဲ့ပေသည်။
(၄) တမန်တော်မြတ်ကြီး(ဆွ)ခေတ်နောက်ပိုင်းအဗ်ဒွရ်ရဟ်မန်ဗင်အိုမရ်နှင့် အိုက်ဗာဗင်ဟာရေစ်ဗဒ်ရီးတို့အားအီဂျစ်မြို့ဝန်အမ်ရ်ဗင်အာစ်အနေဖြင့်အ ရက်သေစာသောက်စားခဲ့သဖြင့်ရှရီအီအပြစ်ဒဏ်ပေးခဲ့ပေသည်။ထို့နောက်အိုမာရ်အနေဖြင့်မိမိသားအားဒုတိယအကြိမ်ထပ်၍ရှရီအီအပြစ်ဒဏ်ပေးခဲ့ ပေသည်။
(၅)ဝလီဗင်အိုက်ဗာ၏အဖြစ်အပျက်သည်ကျော်ကြားပေ၏။အရက်မူးပြီး နမာဇ်ဇေဆွဘ်ဗာ(၂)ရကသ်အား(၄)ရကသ်ဖတ်ပေးလိုက်ရာမဒီနာရွှေမြို့ တော်သို့ခေါ်ယူခြင်းခံရပြီး၊ရှရီအီအပြစ်ဒဏ်ပေးခြင်းခံခဲ့ရပေသည်။
    နောက်ထပ်ဤကဲ့သို့သောသာဓကများရှိပါသေးသည်။ဤနေရာ၌လုံလောက်ပြီဟုထင်သဖြင့်မဖေါ်ပြတော့ပေ။
    ဤကဲ့သို့အထောက်အထားအမှန်တရားများကိုမြင်နေရပြီးနောက်လည်း၊မျက်စိပိတ်၊နားပိတ်ကာသာဝကများအားလုံးတရားမျှတပါသည်ဟု ဆိုအုန်းမည်လော?

======================================

လက်ရှိ အကျော် အမော် ရှီအာ အာလင်မ် ပညာရှင်  အာယာသွလ္လာဟ် မကာရေမ် မို ရှီး ရာဇီး ရေးသားထားသည့် ဆွဟာဗာ အကြောင်း အပိုင်း (၆)

လက်ရှိ အကျော် အမော် ရှီအာ အာလင်မ် ပညာရှင်  အာယာသွလ္လာဟ် မကာရေမ် မို ရှီး ရာဇီး ရေးသားထားသည့် ဆွဟာဗာ အကြောင်း အောက်ပါအတိုင်း လေ့လာ နိုင်ပါတယ်။


၁၀။ယုတ္တိမရှိသောဖြေရှင်းချက်များ။

    (၁)သာဝကများအားလုံးသည်တရားမျှတပြီး၊အပြစ်ကင်းသည်ဟုအကီသာထားသူများအနေဖြင့်ဤကဲ့သို့သောအဖြစ်အပျက်အမှန်များနှင့်တွေ့ ကြုံရချိန်၌သာဝကတော်များအားလုံးသာမိုဂ်ျသဟစ်များဖြစ်ကြပြီး၊မိုဂ်ျသ ဟစ်များအနေဖြင့်မိမိတို့၏ပညာအရ၊လုပ်ခဲ့ကြခြင်းဖြစ်သည်ဟုထွက်ပေါက်ရှာပြောဆိုကြလေ၏။
    ယုံကြည်စိတ်ချစွာဖြင့်ပြောလို့ရသည့်အချက်မှာဤကဲ့သို့ပြောဆို ခြင်းသည်မိမိ၏အသိဥာဏ်အားလှည့်ဖြားခြင်းဖြစ်ပေသည်။ဤကဲ့သို့သောလုပ်ရပ်ကိုစွန်နီညီနောင်များအနေဖြင့်ဆန့်ကျင်ဘက်အဖြစ်အပျက်များ၊ပြဿနာများနှင့်ရင်ဆိုင်ရချိန်၌သုံးလေသည်။
    စောဒကလေးတက်မိမှုကြောင့်ပြည်သူဘဏ္ဍာတိုက်မဖျက်ဆီးသွားရအောင်တားမြစ်သည်ကိုအကြောင်းမရှိ၊အကြောင်းရှာကာ-နမာဇ်ကဆွာ ဖြစ်သွားရသည်အထိမေ့လျော့သွားအောင်ရိုက်နှက်ခြင်းသည်အဂ်ျသေဟဒ်ပါလော?
ကူဖာမြို့ဝန်အဖြစ်အရက်သမား(ဝလီဒ်)အားခန့်အပ်ခဲ့သည့်အတွက်စောဒကတက်ခဲ့ရာ၎င်းကျော်ကြားသောသာဝကတော်ကြီးအားနံရိုးကျိုး သည့်အထိကိုင်ပေါက်မှုသည်အဂ်ျသေဟဒ်ပါသလော?
    ဒီထက်ပိုဆိုးသည်ကားမွတ်စလင်များသောင်းနှင့်ချီပြီးသေအောင် စစ်မီးရှို့ခဲ့သူများ၊အာဏာထိုင်ခုံမက်ပြီးအစ္စလာမ်မီအချုပ်အခြာအာဏာကို မက်မောကာအလ္လာဟ်ဟိုအရှင်မြတ်ကိုယ်တော်တိုင်ရွေးထားသောအေ မာမ်မေမွတ်စလင်၊ထို့အပြင်မွတ်စလင်များမှရွေးချယ်ထားသောခလီဖွာဟဇရတ်(သ)အလီ(အ.စ)အားတိုက်ခိုက်ချေမှုန်းဖို့ကြိုးစားခဲ့ခြင်းသည်အဂ်ျသေဟဒ်ဖြစ်ပါသလော?
    အကယ်၍ဤကဲ့သို့သောလုပ်ရပ်များကိုအဂ်ျသေဟဒ်ဟုပြောမည်ဆိုလျှင်သမိုင်း၏နှိပ်စက်၊ညှဉ်းပန်းစော်ကားခဲ့မှုအားလုံး အဂ်ျသေဟဒ် ကြောင့်ဖြစ်သည်ဟုအကြောင်းပြလိုရပေသည်။
    ဆက်လက်ရေးသားရမည်ဆိုလျှင် အဂ်ျသေဟဒ် သည်စဟာဘာ များအတွက်သီးသန့်အထူးပညာရပ်မဟုတ်ပေ။
    အနည်းဆုံးအနေဖြင့် အဂ်ျသေဟဒ် သည်အနည်းဆုံးရာစုအချို့ကုန် လွန်ပြီးနောက်မွတ်စလင်လူထုကြီး၏အိုလမာများအနေဖြင့်ကြိုးစားမှု   ကြောင့်ပေါ်ပေါက်လာခြင်းဖြစ်သည်။အချို့သောအဟ်လေစွန္နတ်၏သာသ နာ့ပညာရှင်နှင့်၊ရှီအာအိုလမာများအမြင်၌ယနေ့တိုင်ပင် အဂ်ျသေဟဒ် ၏တံခါးသည်ဖွင့်ထားပေသည်။
    အကယ်၍တစ်ဦးတစ်ယောက်သည်(၎င်းသာဝကများ)ကဲ့သို့ပြစ်မှုကျူးလွန်ခဲ့ပါက၎င်းတို့၏လုပ်ရပ်များကိုအကြောင်းပြဖို့အသင့်ရှိပါသလော?
ယုံကြည်မှုအပြည့်နှင့်ပြောရလျှင်မရှိပေ။
(၂)တစ်ခါတစ်လေ၎င်းတို့(သာဝကများနှင့်)ပက်သက်၍တိတ်တိတ်နေရမည်ဟုဆိုလေ၏။

 كَانُوا يَعْمَلُونَ خَلَتْ لَهَا مَا كَسَبَتْ وَلَكُمْ مَا كَسَبْتُمْ وَلاَ تُسْأَلُونَ عَمَّا تِلْكَ أُمَّةٌ قَدْ

ထိုအွန်မသ်နောက်လိုက်များသည်ပြီးဆုံးသွားခဲ့ချေပြီ။၎င်းတို့၏လုပ်ရပ်တာဝန်များသည်၎င်းတို့ဖြစ်ပြီး၊အသင်တို့၏လုပ်ရပ်တာဝန်များသည်အသင်တို့၏တာဝန်ဖြစ်ပေသည်။အသင်တို့သည်၎င်းလုပ်ရပ်များ၏တာဝန်ခံမဟုတ်ချေ။
ဤအကြောင်းပြချက်နှင့်ပက်သက်ပြီးမေးစရာသည်ကား-၎င်းသာဝ ကများသည်ကျွန်ုပ်တို့ဘဝနှင့်မသက်ဆိုင်လျှင်အထက်ကအကြောင်းပြ ချက်မှန်ပေသည်။အကယ်၍ကျွန်ုပ်တို့အနေဖြင့်ရစူလ်(ဆွ)၏ရီဝါယတ်  တော်များကို၎င်းတို့ထံမှရယူမည်။၎င်းတို့အားစံနမူနာအဖြစ်သတ်မှတ်မည်ဆိုပါကကျွန်ုပ်တို့အနေဖြင့်စိတ်ချရသူနှင့်စိတ်မချရသူ၊တရားမျှတသူဖာ စစ်က်ဖြစ်သူဟူ၍ခွဲခြားနိုင်ခွင့်မရှိပါသလော?
ဤအကြောင်းနှင့်စပ်လျဉ်း၍ကျမ်းတော်မြတ်ကုရ်အာန်တွင်ပေး ထားသည်ကား-
         إِنْ جَاءَكُمْ فَاسِقٌ بِنَبَإ فَتَبَيَّنُوا

    အသင်ထံမည်သည့်ဖာစစ်က်မဆိုသတင်းယူလာပါကစုံစမ်း၊စစ် ဆေးမှုမပြုဘဲ၊အကောင်အထည်မဖေါ်မိပါစေနှင့်။

၁၁။မောင်လာအလီ(အ.စ)၏နှိပ်စက်ခံရမှု။

    မည်သူမဆိုအစ္စလာမ်သမိုင်းကိုလေ့လာမည်ဆိုပါကအလွန်တရာ ဝမ်းနည်းစရာကောင်းသောအမှန်တရားကိုတွေ့ရှိရပေမည်။
    ဟဇရတ်(သ)အလီ(အ.စ)ကဲ့သို့တောင်ကြီးပမာကြီးမားသောပညာရှင်၊သီလ၊သမာဓိရှင်၊တမန်တော်မြတ်ကြီး(ဆွ)၏အနီးစပ်ဆုံးပုဂ္ဂိုလ်၊အကြီးမားဆုံးသောအစ္စလာမ်ဘာသာအားကာကွယ်စောင့်ရှောက်သူ၊စစ်မြေပြင်၌စစ်သူရဲကောင်း၊အားဆဲရေးတိုင်းထွာပြီးမသင့်လျော်သောစကားလုံးများသုံးခဲ့ကြောင်း၊၎င်းအားအချစ်ထားသူများကိုအနိုင်ကျင့်ခြင်း၊မကောင်းတကာ့မ ကောင်းဆုံးဒုက္ခပေးမှု၊(နှိပ်စက်ညှဉ်းပန်းမှု…)များကိုပြုလုပ်ခဲ့ကြောင်းတွေ့ရပေလိမ့်မည်။
ဤကဲ့သို့ပြုခဲ့သူများသည်ရစူလ်(ဆွ)၏သာဝကတော်များဟုအမည်ခံထားသူများဖြစ်ကြောင်းစစ်မှန်သောသမိုင်းကအထောက်အထားပြဆိုနေပေသည်။
နမူနာအားဖြင့်တင်ပြရမည်ဆိုပါက-
(က)အလီဗင်ဂျဟ်မ်ခိုရာဆန်နီအားမိမိဖခင်အပေါ်လအ်နသ်ပို့နေသည်မြင်ရ၍အဘယ်ကြောင့်လအ်နသ်ပို့ရသနည်းဟုလူအချို့ကမေးမြန်း လေ၏။အဖြေပေးသည်မှာ-ငါနာမည်အလီဟုမှည့်ခဲ့သောကြောင့်ဖြစ်၏ဟု ဆို၏။
(ခ)မအ်ဝေယာအနေဖြင့်မြို့ဝန်အားလုံးထံစာပို့ခဲ့သည်မှာ-
မည်သူမဆိုအဘူသိုရာဘ်အလီ(အ.စ)နှင့်၎င်း၏အဟ်လေဘိုက်(အ.စ)တို့နှင့်ပက်သက်ပြီးမြင့်မြတ်မှုတစ်စုံ၊တစ်ရာကိုတင်ပြပါကအကျွန်ုပ်၏ ငြိမ်းချမ်းမှုအောက်မှထွက်သွားခြင်းဖြစ်ပေသည်။(ဆိုလိုသည်မှာ-၎င်းကို သတ်ပြီး၊၎င်း၏ပစ္စည်းကိုသိမ်းသွင်းနိုင်ပေသည်။)
ဤအမိန့်စာထုတ်ပြီးနောက်မြို့တိုင်းရှိမင်ဘဲရ်များပေါ်မှခွသ်ဘာပေးတိုင်းလူကြား၊သူကြားပေါ်တင်ဟဇရတ်အလီ(အ.စ)အားဆဲရေးတိုင်းထွာ ကြလေ၏။ထို့အပြင် ဟဇရတ်အလီ(အ.စ)နှင့်၎င်း၏အနွယ်တော်မွန်များ (အ.စ)ကိုမတရားပုတ်ခတ်စွပ်စွဲကြလေ၏။
(ဂ)ဗနီအွန်မိုင်ယာအနေဖြင့်ကလေးမွေးတိုင်း၎င်းကလေးငယ်၏အမည်အလီဟုကြားပါကချက်ခြင်းသတ်ဖြတ်ကြလေ၏။ဤအကြောင်းနှင့် ပက်သက်ပြီးစလ်မာဗင်ရှဘီးပ်အနေဖြင့်အဘူအဗ်ဒွရ်ရဟ်မန်အဘ်ရီးဆီမှတင်ပြထားပါသည်။
(ဃ)ဇမခ်ရှရီးနှင့်စူယူသီတို့မှတင်ပြထားမှာ-
ဗနီအိုမိုင်ယာအနေဖြင့်မိမိတို့အာဏာပိုင်ကာလအတွင်းမင်ဘဲရ် ပေါင်း(၇)သောင်းကျော်ပေါ်မှဟဇရတ်အလီ(အ.စ)အားဆဲရေးတိုင်းထွာ ခြင်း၊လအ်နသ်ပို့ခြင်းကိုပြုလုပ်ခဲ့ကြ၏။မအ်ဝေယာ၏တည်ထွင်ခဲ့သော     စွန္နတ်ဖြစ်ပေသည်။
(င)အိုမရ်ဗင်အဗ်ဒွလ်အဇီးဇ်အနေဖြင့်ဤမကောင်းသောဗေဒအသ်လုပ်ရပ်အားရပ်တန်းကရပ်ဖို့သောကြာနမာဇ်ခွသ်ဘာများ၌အမီးရွလ်မိုမေ နီးဟဇရတ်(သ)အလီ(အ.စ)အားမဆဲဆိုဖို့၊မကောင်းမပြောဖို့အမိန့်ထုတ် ပြန်ရာ-မက်စ်ဂျစ်ဒ်လာသူများအနေဖြင့်ထရပ်ပြီးဆူပူကြကာ၎င်းအားပြော ကြလေ၏။
  سنّت را ترك كردى، سنّت را ترك كردى ; تركت السنة تركت السنّة

    စွန္နတ်ကိုဖျက်သိမ်းလိုက်တာလား၊စွန္နတ်ကိုဖျက်သိမ်းလိုက်တာ လား?
    အမှန်တကယ်အထက်ပါအကြောင်းအရာများသည်တမန်တော် မြတ်ကြီး(ဆွ)၏စဟီးရီဝါယတ်(စိတ်ချရသောကျမ်းများ၌ရှိပေသည်။)ရှိ လျက်ပင်ဖြစ်ခဲ့ရသည်ဟဒီးစ်တော်သည်ကား-

    من سبّ علياً فقد سبّنى و من سبّنى فقد سبّ الله

မည်သူမဆိုအလီ(အ.စ)အားဆဲရေးတိုင်းထွာပါက၊ကျွန်ုပ်အားဆဲ ရေးတိုင်းထွာခြင်းဖြစ်သည်။ကျွန်ုပ်အားဆဲရေးတိုင်းထွာပါကအလ္လာဟ်ဟိုအ
ရှင်မြတ်အားဆဲရေးတိုင်းထွာခြင်းဖြစ်ချေသည်။

၁၂။စိတ်ဝင်စားဖွယ်အဖြစ်အပျက်တစ်ခု

    ဤနေရာတွင်ကောင်းမွန်စွာအဆုံးသတ်လိုသည့်အနေဖြင့်ကျွန် တော်ကိုယ်တိုင်မက်စ်ဂျစ်ဒ်ဒွလ်ဟရမ်(အလ္လာဟ်အိမ်တော်)၌ဖြစ်ပျက်ခဲ့ သောအဖြစ်အပျက်လေးတစ်ခုကိုချစ်လှစွာသောစာဖတ်ပရိသတ်များအ တွက်တင်ပြလိုပါသည်။
    တစ်နှစ်(အိုမရဟ်)အတွက်မက္ကာဟ်ရွှေမြို့တော်သို့ရောက်ခဲ့လေ၏။ညတစ်ည၌နမာဇ်ဇေမဂ်ရစ်ဘ်နှင့်အေရှာအကြားဟေဂျာဇ်ရှိအိုလမာ(ဆော်ဒီအိုလမာ)အုပ်စုတစ်စုနှင့်သာဝကတော်များအားလုံးတရားမျှတကြောင်း၊အ ပြစ်ကင်းကြောင်းနှင့်ပက်သက်ပြီးဆွေးနွေးဖလှယ်မှုတစ်ခုပြုလုပ်ခဲ့၏။၎င်းတို့၏အကီသာသည်ကားမည်သူမျှသာဝကတော်များနှင့်ပက်သက်ပြီးပြောဆိုဝေဖန်(စောဒကတက်)ခွင့်မရှိချေ။တစ်နည်းဆိုရလျှင်ပန်းပွင့်အတွင်းရှိအမှုန်ငယ်လေးမျှပင်လက်ခံမည်မဟုတ်ချေ။
    ကျွန်တော်အနေဖြင့်၎င်းတို့အထဲမှတစ်ယောက်ကိုပြောကြားသည် မှာ-ခင်ဗျားအနေဖြင့်အခုစစ်ဖီး(န)စစ်ပွဲဖြစ်နေပြီဟုခဏသဘောထားပေး ပါ။ခင်ဗျားဘယ်ဘက်ကဝင်ပြီးတိုက်မှာလဲ?အလီ(အ.စ)ဘက်က(သို့)မအ် ဝေယာ။အဖြေပေးသည်မှာ-ရှင်းရှင်းလေးအလီ(အ.စ)ဘက်ကတိုက်မှာ  ပေါ့။
ကျွန်တော်ထပ်ပြောသည်မှာ-အကယ်၍အလီ(အ.စ)အနေဖြင့်ခင် ဗျားကိုဓားပေးပြီးမအ်ဝေယာကိုသတ်ဖို့အမိန့်ပေးရင်ကော်၊ခင်ဗျားဘာလုပ်မည်နည်း?၎င်းအနေဖြင့်အနည်းငယ်စဉ်းစားပြီးအဖြေပေး၏။မအ်ဝေယာကိုသတ်မယ်။ဒါပေမဲ့မအ်ဝေယာနှင့်ပက်သက်ပြီးအနည်းငယ်များစောဒက တက်မှု၊ဝေဖန်မှုပြုလုပ်မည်မဟုတ်ပါ။


    
မှန်လှပေသည်။(logic )ယုတ္တိဗေဒမကျသောအကီသာကိုစွဲစွဲမြဲမြဲ လက်ကိုင်ထားသူများအနေဖြင့်မိမိအကီသာကိုကာကွယ်ရန်(logic)ယုတ္တိ ဗေဒမကျသောနည်းများကိုသုံးပေလိမ့်မည်ဖြစ်ကြောင်းဟုသောရလဒ်ကိုရရှိခဲ့ပေသည်။လူသားအတွက် စိတ်ရှုပ်ထွေးမှုကိုဖြစ်စေပါသည်။
ဤနေရာတွင်အမှန်တရားကိုတင်ပြရမည်ဆိုလျှင်ကျမ်းတော်မြတ်ကုရ်အာန်၏သက်သေအထောက်အထားနှင့်(စိတ်ချရသော)အစ္စလာမ်သ မိုင်းဖြစ်ပေသည်။
ကျမ်းတော်မြတ်ကုရ်အာန်နှင့် အစ္စလာမ်သမိုင်းအရရစူလ်(ဆွ)၏ သာဝကတော်များ၏အုပ်စုအချို့ရှိခဲ့ပါသည်။ရစူလ်(ဆွ)၏သာဝကတော်အုပ်စုတစ်စုသည်အစမှအဆုံးတိုင်သန့်ရှင်းစင်ကြယ်သူများ၊ဖြောင့်မတ်မှန်ကန်သူများ-သူတော်စင်၊သူတော်ကောင်းများဖြစ်ကြပေသည်။

   عاشوا، سعداء و ماتوا السعداء

အခြားအုပ်စုတစ်စုသည်ကား-တမန်တော်မြတ်ကြီး(ဆွ)၏လက်
ထက်၌သူတော်စင်များ၊သူတော်ကောင်းများဖြစ်ခဲ့ကြသောလည်းဘဲ(တ
မန်တော်မြတ်ကြီး(ဆွ)ဝဖသ်ဖြစ်တော်မူပြီး)နောက်ပိုင်းအာဏာနေရာ၊ရာထူး၊လောကီကိုမက်မောပြီးလမ်းပြောင်းသွားကြသူများဖြစပေသည်။
၎င်းတို့၏လောကုတ္တရာသည်ကောင်းမှုနှင့်အောင်မြင်မှုများဖြင့်ကင်းဝေခဲ့ရ ပေသည်။သာဓကအားဖြင့်ဂျမလ်နှင့်စစ်ဖီး(န)စစ်ပွဲများ(၌မောင်လာအလီ (အ.စ)အားတိုက်ခိုက်ခဲ့သူများဖြစ်ပေသည်။)

တတိယအုပ်စုသည်ကား-ပထမ၌မိုနာဖေက်(အရေးခြုံ)များဖြစ်ကြပြီးလောကီမက်မောသူများဖြစ်ကြပေသည်။မိမိတို့၏အထူးရည်ရွယ်ချက်အတွက်မွတ်စလင်အုပ်စုထဲဝင်လာ ကြသူများဖြစ်ပေသည်။(သာဓကအားဖြင့်အဘူစိုဖီးယန်နှင့်၎င်းကဲ့သို့သူများ ဖြစ်ပေသည်။)

ဤနေရာ၌ပထမအုပ်စု(သာဝကကောင်း၊သာဝကမြတ်များ)နှင့်စပ်လျဉ်းပြီးမီးမှောင်ထိုးပြသောအာယတ်တော်ကိုတင်ပြပါမည်။

 …رَبَّنَا اغْفِرْ لَنَا وَلإخْوَانِنَا الَّذِينَ سَبَقُونَا بِالإيمَانِ وَلا تَجْعَلْ فِي قُلُوبِنَا غِلا لِلَّذِينَ آمَنُوا رَبَّنَا إِنَّكَ رَءُوفٌ رَحِيمٌ  .


==================================

251 / End