၁၆ နိုဝင်ဘာ ၂၀၁၆ - ၁၆:၄၄
ပုဒ်မ ၆၆(ဃ) နှင့်ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် လေ့လာနေ

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) နှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာ နှင့်အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင် က စတင်လေ့လာနေပြီဖြစ် ကြောင်း သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) နှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာ နှင့်အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင် က စတင်လေ့လာနေပြီဖြစ် ကြောင်း သတင်းရရှိသည်။

အဆိုပါ ဆက်သွယ်ရေးဥပ ဒေပုဒ်မနှင့်ပတ်သက်၍ လွှတ် တော်တစ်ရပ်ရပ်က အကြံပြုရန် တာဝန်ပေးလာပါက အသေးစိတ် အစီရင်ခံမည်ဖြစ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်လည်း ပူး ပေါင်းအဖြေရှာ ဆောင်ရွက် မည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ ဝင် ဦးစောလှထွန်းက ပြောသည်။

‘‘လေ့လာနေတာဟုတ်ပါ တယ်။ ဒါပေမဲ့ ဘာမှတော့ မလှုပ် ရှားရသေးပါဘူး။ ဘာလို့လဲဆို တော့ ကော်မရှင်ဆိုတာ အကြံ ပေးတဲ့အဖွဲ့။ အကြံဉာဏ်တောင်း မှပေါ့’’ဟု ဦးစောလှထွန်းက ရှင်း ပြသည်။

ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေ မန်းသည် ၎င်း၏တရားဝင်ဖေ့စ် ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် နိုဝင် ဘာ ၁၅ ရက်တွင် ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ) အား ပြင်သင့်/မပြင်သင့်၊ ဖျက်သင့်/ဆက်ထားရှိသင့် စသည့်အချက်များသည် မူဝါဒဆိုင်ရာ ပြဿနာဖြစ်ပြီး မူဝါဒက ဥပဒေဖြစ်လာ၍ ပေါ်လစီချမှတ် သူများနှင့်လွှတ်တော်က အရေး ကြီးကြောင်း ရေးသားထားသည်။

ပုဒ်မ ၆၆(ဃ) ဥပဒေအား ကိုင်တွယ်ကျင့်သုံးသူများက လို တစ်မျိုး၊ မလိုတစ်မျိုးပြုလုပ်နိုင် ခြင်း၊ ပြင်းထန်ခြင်း၊ တစ်ချက် လွှတ်ဖြစ်နေခြင်းတို့အပေါ် ဝေဖန် မှုများရှိနေကြာင်းနှင့် ပြဿနာရှိ နေကြောင်း သူရဦးရွှေမန်း၏သ ဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် သူရဦးရွှေမန်းက အထက်ပါဥပဒေပုဒ်မအပေါ် ပြည်သူများ၏သဘောထားဆန္ဒနှင့် အကြံပြုချက်များ မည်သို့ရှိ ကြောင်း မေးမြန်းထားသည်။

၂၀၁၃ အောက်တိုဘာတွင် ဆက်သွယ်ရေးဥပဒေပြဋ္ဌာန်းခဲ့ပြီး ယင်းဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် ပြည်တွင်းရှိ ဖေ့စ် ဘွတ်ခ်သုံးစွဲသူများအား အစိုးရ တာဝန်ရှိသူများက ဖြစ်စေ၊ ပြည် သူအချင်းချင်းဖြစ်စေ အမှုဖွင့် တရားစွဲဆိုခြင်းများသာမက တတိယအဖွဲ့အစည်းများက ကြားဝင်အမှု ဖွင့်နိုင်ခွင့်ရှိခြင်း၊ အာမခံမရခြင်းတို့အပေါ် ဝေဖန်ခံနေရသည့် ဥပဒေပုဒ်မဖြစ်သည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) တွင် ဆက်သွယ်ရေးကွန် ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ် တစ်ဦးဦးအား ခြောက်လှန့် တောင်းယူခြင်း၊ အနိုင်အထက် ပြုခြင်း၊ မတရားတားဆီးကန့် ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာ သုံးခြင်း(သို့မဟုတ်)ခြိမ်းခြောက် ခြင်းတစ်ရပ်ရပ်ကို ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရ လျှင် ထိုသူကို သုံးနှစ်ထက်မပို သော ထောင်ဒဏ်ဖြစ်စေ၊ ငွေ ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ် စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထား သည်။

ပြီးခဲ့သည့် စက်တင်ဘာက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ကို အမြန်ဆုံးပြင်ဆင်ပေး ရေးလှုပ်ရှားမှုကော်မတီကို စတင် ဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီအဖွဲ့ ဝင်များသည် ရန်ကုန်၊ နေပြည် တော်၊ ပဲခူး စသည့် မြို့များတွင် အဆိုပါဥပဒေ ပြင်ဆင်ပေးရေး လှုပ်ရှားမှုများပြုလုပ်ထားသည်။

===================    
251 / End