အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရခိုင်ပြည်နယ်အ တွင်း ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အချိန်နှင့် တစ်ပြေးညီ သတင်း ထုတ်ပြန်ခြင်းများ ဆောင်ရွက်နိုင် ရန် အတိုင်ပင်ခံရုံး ဒုဝန်ကြီးဦး ဆောင်သော ‘နိုင်ငံတော်အတိုင် ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ’ကို နိုဝင်ဘာ ၁၆ ရက် က ဖွဲ့စည်းခဲ့သည်။
HRW-Human Rights Watch က ထုတ်ပြန်ထားသည့် ဂြိုဟ်တု သတင်းဓာတ်ပုံများကို အခြေခံ၍ သတင်းရေးသားထား သော ဘန်ကောက်ပို့စ်သတင်းစာ တွင် မောင်တောနယ်မြေအတွင်း လူနေအဆောက်အအုံများမီးရှို့ ဖျက်ဆီးခံရသည့်သတင်း နိုဝင် ဘာ ၁၄ ရက်တွင် ပါရှိပြီးနောက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
‘‘ကျွန်တော်တို့ သတင်းထုတ် ပြန်ရေးအဖွဲ့သည် အဖြစ်မှန်တွေ ကို ဖုံးကွယ်ထားဖို့မဟုတ်ဘူး။ မဟုတ်မမှန်စွပ်စွဲချက်တွေကို ပြန်ချေပဖို့ ဖြစ်ပါတယ်’’ဟု ကော်မတီအတွင်းရေးမှူး ဦးဇော်ဌေးကပြော ကြားသည်။
သတင်းထုတ်ပြန်ရေးကော် မတီတွင် နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦး ခင်မောင်တင်က ဥက္ကဋ္ဌဖြစ်ပြီး ဒုတိယဥက္ကဋ္ဌသည် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်စိုး နိုင်ဦးဖြစ်သည်။ နိုင်ငံတော်သမ္မတ ရုံးဒုတိယညွှန်ကြားရေးမှူးချုပ် ဦး ဇော်ဌေးက အတွင်းရေးမှူးဖြစ် ကာ အဖွဲ့ဝင်လေးဦးပါဝင်သည်။
သတင်းနှင့်စာနယ်ဇင်းလုပ် ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုး၊ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုး၊ ရဲမှူးကြီး မျိုးသူ စိုးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်း အောင်တို့က အဖွဲ့ဝင်အဖြစ် တာ ဝန်ယူသည်။
ကော်မတီ၏ပထမဆုံးသ တင်းထုတ်ပြန်ချက်အဖြစ် HRW- Human Rights Watch က ဂြိုဟ် တုသတင်းဓာတ်ပုံများကို အခြေ ခံသော ထုတ်ပြန်ချက်တွင် အချက်အလက်များ မှားယွင်းနေကြောင်း နိုဝင်ဘာ ၁၆ ရက်၌ ထုတ်ပြန်သည်။
နိုဝင်ဘာ ၁၄ ရက်ထုတ် ဘန်ကောက်ပို့စ် သတင်းစာပါ မောင်တောနယ်မြေအတွင်း လူ နေအဆောက်အအုံများမီးရှို့ဖျက် ဆီးခံရသည့် သတင်းနှင့်ပတ်သက် ၍ တပ်မတော်သတင်းမှန်ပြန် ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်ကို နိုဝင်ဘာ ၁၅ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် သတင်းထုတ်ပြန်ခဲ့သည်။
ယင်းသတင်းနှင့်ပတ်သက် ၍ တိကျစွာထုတ်ပြန်နိုင်ရန် တပ်မ တော်က ရဟတ်ယာဉ်ဖြင့် ဝါးပိတ်၊ ကြက်ရိုးပြင်၊ ဒါးကြီးဇားနှင့် ပတ်ဝန်းကျင်နယ်မြေများကို လှည့် လည်၍ ဓာတ်ပုံရိုက်ခြင်း၊ မျက်မြင် စစ်ဆေးခြင်းတို့ နိုဝင်ဘာ ၁၅ ရက် ညနေ၌ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဆောင်ရွက်ချက်အရ ဝါး ပိတ်ကျေးရွာ၌ အဆောက်အအုံ ၁၀၅ လုံးခန့်၊ ကြက်ရိုးပြင်ကျေးရွာ၌ အဆောက်အအုံ ၃၀ ခန့်၊ ဒါး ကြီးဇားကျေးရွာ၌ အဆောက်အ အုံ ၃၀ လုံးခန့်၊ ပြောင်ပိုက်ကျေး ရွာ၌ အဆောက်အအုံ ၂၀ လုံးခန့် မီးလောင်ပျက်စီးခဲ့ကြောင်း စစ် ဆေးတွေ့ရှိရသည်။
ဘန်ကောက်ပို့စ်သတင်းစာ ၌ HRW-Human Rights Watch က ထုတ်ပြန်ထားသည့် ဂြိုဟ်တု သတင်းဓာတ်ပုံများကို အခြေခံ ၍ သတင်းရေးသားထားသဖြင့် နို ဝင်ဘာ ၁၃ ရက် မတိုင်မီကတည်း ကပင် ဝါးပိတ်ကျေးရွာ၌ အ ဆောက်အအုံ ၁၀၀ ခန့် မီးရှို့ခံရ သည်ဟု စွပ်စွဲဖော်ပြထားကြောင်း တွေ့ရသည်။
စွပ်စွဲမှုများတွင် အိမ်ခြေ ၁၀၀ခန့် မီးလောင်ကြောင်း ဖော်ပြခဲ့ သော်လည်း စစ်ဆေးတွေ့ရှိချက်များအရ ဝါးပိတ်ကျေးရွာတွင် မူ လရှိရင်း အဆောက်အအုံ ၂၆၁ လုံး၊မီးလောင်ပျက်စီးမှု အဆောက်အအုံ ၁၀၅ လုံးရှိကြောင်း တွေ့ရသည်ဟု ဦးဇော်ဌေးက ပြောသည်။
‘‘တပ်မတော်ရော၊ အစိုးရ ရော အဖြစ်မှန်ကို ကွယ်ဝှက်မ ထားဘူးဆိုတာ ဝါးပိတ်အခြေအ နေက သက်သေပြပါတယ်’’ ဟု ဦးဇော်ဌေးက ပြောသည်။
ဘန်ကောက်ပို့စ်၌ ကြက်ရိုး ပြင်ကျေးရွာတွင် အဆောက်အအုံ ၂၄၅ လုံးမီးရှို့ဖျက်ဆီးခံရကြောင်း ဖော်ပြသော်လည်း စစ်ဆေးချက် များအရ ယင်းကျေးရွာ၌ မူလရှိရင်း အဆောက်အအုံ ၃၆၂ လုံးရှိပြီး ၃၀ ခန့်သာ မီးလောင်ပျက်စီး ကြောင်း ထုတ်ပြန်သည်။ အလား တူ နေအိမ် ၇၀၀ မီးရှို့ဖျက်ဆီးခံရကြောင်း စွပ်စွဲဖော်ပြခဲ့သော ဒါးကြီးဇားကျေးရွာ၌ မူလရှိရင်းအ ဆောက်အအုံ ၃၃၀ သာရှိခဲ့ပြီး စစ်ဆေးချက်များအရ အဆောက် အအုံ ၃၀ ခန့်သာ မီးလောင်ပျက်စီး ကြောင်း မြေပြင်၌ တွေ့ရသည် ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ HRW ၌ ပြောင်ပိုက်ကျေးရွာတွင် အဆောက်အအုံ ၈၅ လုံး မီးလောင် ကြောင်း ဖော်ပြထားသော်လည်း စစ်ဆေးချက်များအရ ၂၀ လုံး သာ မီးလောင်ပျက်စီးမှုရှိကြောင်း တွေ့ရသည်။ ယင်းမီးလောင်ပျက် စီးမှုမှာလည်း အကြမ်းဖက်သမား များ၏ ရှို့မီးကြောင့်သာ ဖြစ် ကြောင်း သတင်းထုတ်ပြန်သည်။
မောင်တောနယ်မြေအတွင်း အကြမ်းဖက် လှုပ်ရှားနေသော ဘင်္ဂါလီအကြမ်းဖက်သမားများ သည် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့များအပေါ် အထင်အမြင် လွဲမှားစေရန်၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်းနှင့် ထိုသို့ဆောင်ရွက်ပြီးပါက သတင်းမီဒီယာအချို့နှင့်ချိတ်ဆက်၍ လိမ်လည်သတင်းဖြန့်ချိခြင်း၊ နိုင်ငံတကာမှ အထောက်အပံ့များရရှိအောင် လုပ်ကြံဖန်တီးခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရကြောင်းထုတ်ပြန်ချက်၌ ပါရှိသည်။
===================
251 / End
၁၇ နိုဝင်ဘာ ၂၀၁၆ - ၁၉:၂၆
News ID: 792615
ရခိုင်ပြည်နယ်အ တွင်း ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အချိန်နှင့် တစ်ပြေးညီ သတင်း ထုတ်ပြန်ခြင်းများ ဆောင်ရွက်နိုင် ရန် အတိုင်ပင်ခံရုံး ဒုဝန်ကြီးဦး ဆောင်သော ‘နိုင်ငံတော်အတိုင် ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ’ကို နိုဝင်ဘာ ၁၆ ရက် က ဖွဲ့စည်းခဲ့သည်။